Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

5/5/2025 0 Comments

အရင်းခံဖိုဝါဒကြောင့်သာ

‌ရေးသားသူ- Liliane

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။


ခင်ဗျားတို့ စစ်အာဏာရှင်ကို မုန်းရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
လူမျိုးကြီးဝါဒကို မုန်းရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
ခွဲခြားဆက်ဆံမှုကို မုန်းရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
တန်းတူညီမျှမှုကို တမ်းတနေရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
ဖက်ဒရယ်ကို ရေးချယ်ချင်တယ်ဆိုရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
တော်လှန်ရေးအလံကို စိုက်ထူချင်ရင်
ဖိုဝါဒကို အမြစ်ပြတ် ဖြိုချရမယ်။
ဖိုဝါဒဟာ ကျား၊ မအခြေပြု ခွဲခြားဆက်ဆံ
 နိုင်ထက်စီးနင်းလုပ်မှုလောက်လို့သာမမြင်ကြနဲ့
လူမျိုးတစ်ခုနဲ့ နောက်တစ်ခုကြား
ကြီးစိုးအမြတ်ထုတ်အနိုင်ကျင့် ချုပ်ကိုင်ချင်တာဟာ
ဖိုဝါဒကလာတယ်။
စစ်တပ်က စစ်တန်းလျားထက်
အစိုးရယန္တရားတစ်ခုလုံးကို ချုပ်ကိုင်အနိုင်ကျင့်ချင်တာ
ဖိုဝါဒကလာတယ်။
အင်အားအခြေပြုပြီး အားကြီးသူ နိုင်စတမ်းလုပ်တာ
ဖိုဝါဒက လာတယ်။
လူ့အခွင့်အရေးကို ဘေးထုတ်စဉ်းစားချက်တွေက
ဖိုဝါဒက လာတယ်။
ဖိုဝါဒဆိုတာ
လူတစ်ယောက်ချင်းအတွက်၊ လူ့အသိုင်းအဝိုင်းအတွက်
ကူးစက်လွယ်ပြီး ယဉ်ပါးလွယ်တဲ့
ကြောက်စရာ ရောဂါဆိုးကြီးဘဲ။
လူသားတိုင်းတိုက်ဖျက်ဖို့ လိုသလို
ကိုယ်တိုင်ကလည်း ရောဂါမဖြန့်တဲ့သူဖြစ်ဖို့လိုပါတယ်။
ဖိုဝါဒက ကိုယ့်မှာရှိရင် တိုက်ထုတ်ကြ
ဖိုဝါဒက ကိုယ့်ဝန်းကျင်မှာရှိရင် တိုက်ထုတ်ကြ
ဖိုဝါဒက ကိုယ့်နိုင်ငံအုတ်မြစ်မှာရှိရင် အမြစ်လှန်ကြ။
ဖိုဝါဒရှိတဲ့ လူ့ဘောင်မှာ
ဒီမိုကရေစီလည်းမရှိဘူး။
ဖက်ဒရယ်လည်းမရှိဘူး။
တန်းတူညီမျှမှုလည်း မရှိဘူး။
ငြိမ်းချမ်းမှုလည်းမရှိဘူး။
ဖိုဝါဒဆိုတာ ခွဲခြားဆက်ဆံဖိနှိပ်မှုအားလုံးရဲ့ ဇစ်မြစ်ဘဲ။  


​"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
Picture
0 Comments

5/4/2025 0 Comments

“လိပ်ပြာသန့်ပါစေ”

ရေးသားသူ- နွေဦးပိုင် (Ma Naw)

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။


တွေးခေါ်တာချင်းမတူရင်
 ပြေးတဲ့လမ်းလည်းမတူသလို
ရလဒ်လည်းကွာသွားမှာပဲ ...သူငယ်ချင်း။
ဒီကာလမှာ အာဏာရှင်စနစ်ဆိုးကြောင့်
ပြည်သူအချို့ အလူးအလဲခံနေရချိန်
ဖြစ်စဉ်တခုရဲ့ နစ်နာသူဖက်နေ
အမှန်တရားတခု ပြန်ရဖို့အတွက်
(share & click) လုပ်မပေးနိုင်ပဲ
ကျော်သွားသူက ကြားနေသူများပါပဲ...။
အသံတိတ်ပေးနေခြင်းဟာ စနစ်ဆိုးနှစ်ရှည်ဖို့
ကူပေးနေတဲ့ ထောက်တိုင်တွေက သာသာယာယာ။
ဘယ်သူလွှမ်းမိုးနေပါစေ
ငါ့မိသားစုမငတ်သေးရင်နေလို့ရသေးတယ်ဆိုတာ
 ကျွန်းဆိုးတွေရဲ့ခံယူချက်
စနစ်ဆိုးအောက်မှာ
ကျွန်ရနံ့သင်းသင်းနဲ့ပျော်ပျော်ကြီးငုံ့ခံနေတာ
 ဦးနှောက်မဲ့နေသူတွေအတွက်
ကိုယ့်အိမ်တံခါး လာမခေါက်သေးတဲ့ရင်
ထာဝရနှုတ်ဆိတ်နေဆဲပါပဲ...။
တာဝန်သိစိတ်နဲ့
ကိုယ့်နိုင်ငံ ဒီစနစ်ဆိုးက
လွတ်မြောက်နိုင်ဖို့ အသက်ပေးပြီး
အများကောင်းကျိုး ပြောင်းလဲသွားနိုင်ဖို့ တိုက်ထုတ်နေချိန်
ကူရမလား လှူရမလား။
အသိမဲ့ ဝေခွဲမရ ကြားချ ဘေး‌ရပ်
သာကူးတစုက အနေမြူးဆဲ။
တချို့က လမ်းဖောက်မပါ
အိမ်ဆောက်မပါ-ရေတွင်းတူးလည်းမပါ
ဘယ်နေရာမှ မပါတဲ့လူတွေဟာ
လမ်းကောင်းကိုရှာ အရိပ်အမိုးအောက်မှာ
ပြေးနေချင်ကြတယ်။
ရေကြည်သောက်ရဖို့ ရှေ့ကပြေးကာရပ်
အခွင့်အရေးတန်းတူမရရင်
ထိပ်ဆုံးက Human Rights ထအော်မှာက
ကျွန်တစ်စုအဖွဲ့။
သန္ဓေမတူတဲ့အတွက် တွေးခေါ်တာချင်းမတူသလို
ရွေးချယ်ပေးဆပ်မှုအပေါ်
 ကိုယ့်ရဲ့ တန်ပြန်အကျိုးရလဒ်
ကွာသွားမှာပါပဲ...သူငယ်ချင်း...။
တန်ပြန်မှုကိုလက်ခံတတ်ဖို့နဲ့
ကိုယ်ရပ်တဲ့နေရာ ကိုယ့်ပြေးလမ်း လိပ်ပြာသန့်ပါစေ...


"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/2/2025 0 Comments

နှင်းဆီနီ

ရေးသားသူ- ဆိုဖီယာ

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၂) မှ ကောက်နုတ်ဖော်ပြသည်။
​

ရဲရဲတောက် ပွင့်နေတဲ့
အနီပန်းဟာ
အချင်းချင်းသွေးလိမ့်နေတဲ့ကြားက
သူပုန်ထနေကြတယ်။
မတရားသဖြင့် စိုးမိုးနေတဲ့ ဤမြေကမ္ဘာကို
လက်ဖဝါးနုနုနဲ့ ကာမိုးပေးချင်သူတွေဖြစ်တယ်။
အာဏာရှင်ကို မုန်းလို့
သားငယ်လက်ကိုဆွဲ ထမီစွန်တောင်ခတ်
တပ်ဦးအလံကို မြေမခအောင်
တင်းတင်းစွဲကိုင်ထားသူတွေ ဖြစ်တယ်။
အချင်းတို့ ……….
မြင်ကြလော့… ရှုကြလော့
အနီပန်းတို့
ကတ္တရာလမ်းမထက်မှာ
ရဲရဲနီ လှသွေးဆင်နေကြပြီ..။
 
နေအမြင့်မှာ
အရောင်တောက်နေကြပြီ။
ခေတ်အဆက်ဆက် ဝန်ကိုထမ်းပြီး
ခေတ်အလှအတွက် အသက်စွန့်နေကြပြီ။
နေအဝင်အထိ အိမ်ထဲမဝင်ဘဲ
ကမ္ဘာအတွက် ဥဒါန်းကြူးရင့်နေကြပြီ ဖြစ်တယ်။
လောကလူသားတို့ …….
အနီပန်းအတွက်
လမ်းခင်းပေးကြလော့…။
အနီပန်းအတွက်
ဩဘာပေးကြလော့…။
အနီပန်းအတွက်
ရောင်နီကို ကြိုနှင့်ကြလော့…။
ပေတရာလမ်းပေါ်က  နှင်းဆီနီတွေ သွေးတွေ ရဲရဲတောက်နေကြပြီ..။
 
"အမျိုးသမီးအသံ အမျိုးသမီးအားမာန်" စာစဉ် (၂) ကို အောက်ပါ Link မှာ Download ဆွဲပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 
https://drive.google.com/file/d/1i6Euc_oBjzLGxrneM4EXGO0GvhF-IRGT/view?usp=drive_link



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
 

Picture
Picture
0 Comments

5/1/2025 0 Comments

စစ်အာဏာရှင်ကို အသံတိတ်တော်လှန်နေသူတစ်ဦး၏ ဖွင့်ဟချက်အပိုင်းအစများ

Picture
ရေးသားသူ- ​Nge Lay


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 

​                                                                                                    
"မိန်းကလေးနဲ့ နိုင်ငံရေး၊ ဝန်ထမ်းနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူး။ မိန်းကလေးက မိန်းကလေးလိုနေ၊ ဝန်ထမ်းက ဝန်ထမ်းအလုပ်လုပ်တဲ့”။ ခုလိုတွေပြောလာတဲ့အခါ ကျွန်မလည်း ငြိမ်မခံတတ်တော့ “အမျိူးသမီး လည်း လူပဲ။ မတရားမှုကို ခေါင်းငုံ့မခံဘဲ တွန်းလှန်သင့်တယ်။ ဝန်ထမ်းဆိုရင်လည်း အမှန်တရားကို မြတ်နိုးရ မယ်”


ကျွန်မအကြောင်းလေး ပြောပြချင်ပါတယ်။၂၀၁၉ မှာ ဆရာမ ဖြစ်ခဲ့ပါတယ်။ ဆရာမ စဖြစ်တော့ မြို့နယ်အတွင်း တာဝန်ကျပေမဲ့ အိမ်နဲ့အလှမ်းဝေးတဲ့ အရပ်မှာ တာဝန်ကျပါတယ်။ တာဝန်ကျတဲ့နှစ်မှာပဲ ကိုဗစ်တွေ စဖြစ်ပါတယ်။ ကျောင်းတွေပိတ်ထားကြရတယ်။ နောက်နှစ်မှာတော့ ဆက်တိုက်ပဲ။ Covid ပြီး တော့ စစ်တပ်က အာဏာလုယူသွားပါတယ်။ အဲ့အချိန်ကစပြီးကျောင်းဆက်မတက်ဘဲ ဆန္ဒတွေပြခဲ့ပါတယ်။ လမ်းပေါ်ထွက်ပြီး နေ့တိုင်းဆန္ဒပြပါတယ်။ မတရားမှုကို တွန်းလှန်ရမယ်။ အာဏာရှင်ပြုတ်ကျရမယ်ဆိုတဲ့ စိတ်နဲ့ ဆန္ဒတွေ ပြခဲ့ကြပါတယ်။ဆန္ဒပြစဥ်ကတေ့ာ လူတွေကြပ်ကြပ်တိုးပါပဲ။

အမှန်တကယ် CDM လုပ်ခြင်း မလုပ်ခြင်းအပေါ် လက်မှတ်ထိုးကြတော့ လူနည်းစုပဲ ကျန်ခဲ့ပါတယ်။ တချိူ့သူတွေကတေ့ာ Non CDM လုပ်ပြီး ကျောင်းတွေမှာ စာဆက်သင်နေကြတယ်။ ကျွန်မတို့လို CDM တွေက တော့ ကျောင်းတွေဆက်မတက်ဘဲ အိမ်အလုပ်ဝိုင်းကူတဲ့သူကကူ စျေးရောင်းတဲ့သူကရောင်းနဲ့။ ကျွန်မကတော့ တောင်သူအလုပ်လုပ်ပြီး ဆက်လက်တွန်းလှန်ခဲ့တယ်။ အဲ့လိုဆန္ဒပြတွန်းလှန်မှုတွေကြားမှာ စစ်တပ်က ကိုယ်ထိလက်ရောက်ပြုမူပြီး အကြမ်းဖက်တာတွေပြုလုပ်ကြလို့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ ရပ်နားသွားခဲ့ ပါတယ်။ မိသားစုကလည်း ကြာလာတော့ ပြောလာကြတယ်။ CDM လုပ်တာကို ဆက်မလုပ်တော့ဖို့ တိုက်တွန်း ကြတယ်။ ပတ်ဝန်းကျင်နဲ့အမျိူးတွေကလည်း ဖိအားပေးကြတယ်။  

"မိန်းကလေး နဲ့ နိုင်ငံရေး ဝန်ထမ်းနဲ့နိုင်ငံရေး ဘာမှမဆိုင်ဘူး မိန်းကလေးက မိန်းကလေးလိုနေ ဝန်ထမ်းက ဝန်ထမ်းအလုပ်လုပ်" တဲ့။ ခုလိုတွေ ပြောလာကြတော့ ကျွန်တော်လည်း ငြိမ်မခံတတ်တော့ အမျိူးသမီးလည်း လူပဲ။ ဘယ်လိုလူမဆို မတရားမှုကို ခေါင်းငုံ့မခံဘဲ တွန်းလှန်သင့်တယ် ဝန်ထမ်းဆိုရင်လည်း အမှန်တရားကို မြတ်နိုးရမယ်ဆိုတဲ့ စကားတွေနဲ့ပြောခဲ့ပေမယ့် ကျွန်မ စကားတွေကိုနားမထောင်ပေးကြ တော့ဘူး။ မိသားစုကိုတော့ သေချာရှင်းပြပြီး အမှန်တရားနဲ့ တရားမျှတမှုဘက်မှာပဲ ဆက်ပြီးရပ်တည်ကြဖို့ အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့တယ်။

အဲ့ဒီနောက်ပိုင်း စစ်တပ်က ပိုပိုဆိုးလာတယ်။ သတင်းအမှောင်ချတယ်။ လိုင်းတွေ ဖြတ်တယ်။ CDM တွေကို ဖမ်းဆီးတယ်။ ကျွန်မတို့လည်း အသံကြားရင်ပြေးရ၊ ပြန်ငြိမ်ရင် အိမ်ပြန်လာလိုက်နဲ့ မိဘတွေ စိုးရိမ်ပူပန်နေခဲ့ကြရတယ်။ အိမ်ကမိဘတွေက စိတ်ပူကြတဲ့အတွက် ရပ်ကွက်က ဒလန်ပေါလွန်းလို့ အမျိူးအိမ် ပြောင်းပြီး နေခဲ့ရတယ်။ ဝင်ငွေမရှိတဲ့အတွက် မိသားစုကိုလည်း မကူနိုင်၊ ကိုယ်တိုင်အတွက်လည်း အခက်အခဲ တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက် အသိCDM သူငယ်ချင်းက Online School မှာ စာသင်ဖို့ လာပြောတော့ စိတ်လည်း တည်ငြိမ်ပြီး ဟိုတွေးဒီတွေးလည်း မတွေးမိအောင်ဆိုပြီး လုပ်ခဲ့ပါတယ်။

ကံဆိုးချင်တော့ လုပ်ပြီး နှစ်ပတ်လောက်အကြာ ကျောင်းက Security အပြင်ပေါက်ကြားလို့ဆိုပြီး အားလုံးပြေးကြရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မက ဘယ်ပြေးရမှန်းမသိနဲ့ တော်တော် စိတ်ဒုက္ခ ရောက်ခဲ့ရ ပါတယ်။ အသိ CDM သူငယ်ချင်း အကူအညီနဲ့ သူ့အိမ်မှာ နှစ်လလောက် တည်းခဲ့ပါတယ်။ အဲ့လို နှစ်လကြာ သူငယ်ချင်းအိမ်မှာ တည်းခိုပြီးတဲ့နောက် အိမ်ပြန်ခဲ့တယ်။ အိမ်ရောက်တေ့ာ အိမ်အလုပ်ဝိုင်းကူလုပ်ပြီး နေခဲ့ ပါတယ်။      အဲ့ဒီနောက်မှာတော့ ကျွန်မ Online School ကို ထပ်မံ လုပ်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ Online School မှာ data ဖိုးလေးလည်းရ၊ CDM ကလေးတွေအတွက်လည်း လုပ်အားပေးရတယ်ဆိုပြီး လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ကျွန်မကံပဲဆိုးနေလားနဲ့ တွေးမိတော့တယ်။ ရွာမှာ တိုက်ပွဲတွေ ဖြစ်တယ်။ တရွာလုံး ပြေးကြရတယ်။ ရွာက စခန်းနဲ့နီးတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တောထဲမှာ စစ်ရှောင်နေကြခဲ့တယ်။ လိုင်းမရတော့ ကျွန်မ Online ကျောင်းအတွက်က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါ့ကြောင့် ကျွန်မ မြို့မှာ အဆောင်ငှားနေပြီး Online မှာ ဆက်လက်လုပ်ပါတယ်။ အဆင်တော့မပြေပါဘူး။ အဆောင်လခနဲ့ ကုန်စျေး နှုန်းနဲ့ ဘာမှတော့မကျန်ဘူး။ မိသားစုကိုလည်း ထောက်ပံ့မပေးနိုင်ဘူး။ မိသားစုကလည်း အဆင်ပြေအောင် နေဖို့ပဲ အမြဲပြောကြတယ်။ ကျန်းမာရေးမကောင်းတတ်သူမို့ ခဏခဏ နေမကောင်းဖြစ်တယ်။ နေမကောင်း ဖြစ်တဲ့ အချိန်တွေဆို အိမ်လွမ်းတဲ့စိတ်တွေ သတိရစိတ်တွေပိုပြီး ဖြစ်လာပါတယ်။ မိသားစုကတော့ တောထဲမှာ ဒီနေ့အထိပဲ စစ်ဘေးရှောင်နေကြရပါတယ်။ အခက်ခဲကနေ့စဥ်တော့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့်လည်း ကြိုးစားရှေ့ဆက်ပြီး အားတင်းထားရပါတယ်။



အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/1/2025 0 Comments

လောင်းကြေး

Picture
ရေးသားသူ- Rosy
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


အရင်းအနှီးကြီးတဲ့
ဒီကစားပွဲမှာ…..
ငါဟာ ပေးဆပ်ရုံသက်သက်သာ။
ရလိုမှုကင်း၊ ပေးဆပ်ခြင်းနဲ့
ရင်းလို့ထားခဲ့တယ်။
ငါ့အသက်ထက်ပို
တန်ဖိုးထားခြင်းတွေကို
ချလို့ရင်းထားခဲ့။
ဒါတွေဘယ်သူ မြင်သိမှာတဲ့လဲ။
မမြတ်ရင်နေ၊ ရှုံးလည်း ရတယ်ဆိုတဲ့
ဂရုမစိုက်တတ်ခြင်းတွေက
ခံနိုင်ရည်အပြည့်ပေါ့။
သို့ပေသိ
အနာဂတ်နဲ့အတူ၊ ဘဝများစွာပေး
အိပ်မက်တွေလောင်းကြေးထပ်ထားလို့
နိုင်ကိုနိုင်မှ ဖြစ်မယ်။
အနာဂတ်အိပ်မက်များစွာအတွက်
စတေးကြစတမ်းဆို
ငါကပဲစတေးခံလို့ လောင်းကြေးထပ်ပါရစေ။
 


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/1/2025 0 Comments

“ဒုတိယလိင်တွေမရှိတော့မယ့် ကမ္ဘာ”

Picture
ရေးသားသူ- လွန်း


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


“ငါ့ရဲ့ မနက်ကို “ မ....ဘယ်သူတော့ပါသွားပြီ”ဆိုတဲ့
 သတင်းစကားနဲ့နိုးထရတယ် ...........။
စာအုပ်တွေ မဖတ်ဖြစ်တော့ဘူး
ကဗျာတွေမရေးနိုင်တော့ဘူး
ရယ်သံတွေ မထွက်လာတော့တဲ့
သတ္တုစိုင်နှလုံးသားကို
ဘယ်သူကဘယ်အချိန်တုန်းက စိုက်ထူခဲ့တာလဲ........။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကလား
လွန်ခဲ့တဲ့ နှစ် ၇၀ ကလား.....။
လေယာဥ်ပျံကြီးတွေ့ရင်
လက်ပြနှုတ်ဆက်တတ်တဲ့ မျိုးဆက်ကနေ
လေယာဥ်သံကြားရင် မျက်ရည်စက်လက်ကျရတဲ့မျိုးဆက်ကို
ဘယ်သူတွေကများ အမွေပေးခဲ့တာလဲ......။
ပန်းကလေးတွေနဲ့အတူ
နေခြည်မှာရွှေရည်လောင်းရမယ့် စာသင်ကျောင်းအစား
မှောင်ရိပ်ရိပ်ကျနေတဲ့ အေးစက်စက်ဂူရဲ့
စာသင်ခန်းတွေထဲက အဖြူအစိမ်းမဝတ်တဲ့
နှလုံးလှတဲ့ဆရာမလေးတွေထက်
ဘယ် Crown ပိုင်ရှင်ကရော ပိုလှနိုင်မှာတဲ့လဲ.... ။
တခြားကမ္ဘာမှာ AI တွေနဲ့တည်ဆောက်ထားပြီး
ငါတို့နေတဲ့ကမ္ဘာကိုတော့ ကျည်ဆန်တွေနဲ့တည်ဆောက်ထားတယ်......။
ဇာတ်ကားတစ်ကားလုံးမှာပြေးလွှားပြီး
လူဆိုးတွေကိုနိုင်တော့မှ
နောက်ဆုံးမှာအိပ်မက်မက်နေတဲ့ ဇာတ်ဝင်ခန်းလို
အပြင်မှာငါတို့ချစ်တဲ့သူတွေ
အကောင်းပကတိဖြစ်နေသေးတဲ့
အိပ်မက်ကိုပဲမက်ချင်မိတယ်။
လူဆိုးတွေကတော့ အိပ်မက်ထဲရော
ပြင်ပကမ္ဘာမှာပါ အဆုံးမရှိ သေဆုံးပါစေပေါ့။
နှင်းဆီဟာဆူးတွေပါရင် သန်မာကြောင်း
အထပ်ထပ် သက်သေပြရသလို
က္ကထိယလိင်ဖြစ်တဲ့ ငါတို့တွေဟာလည်း
စစ်ပွဲထဲမှာ အကြိမ်ကြိမ် ရဲရင့်နေကြရတယ်။
စစ်ပွဲကြီးပြီးရင် ချစ်တဲ့သူတွေနဲ့
မခွဲရတဲ့ ဒိုင်ယာရီကို ရေးချင်တယ်။
စစ်ပွဲကြီးပြီးရင် ငါတို့နာမ်ကို တံဆိပ်မကပ်မယ့်
တိုင်းပြည်သစ်ကို ဆောက်ချင်တယ်။
စစ်ပွဲကြီးပြီးရင် ပန်းရောင်ကမ္ဘာကနေ
ရောင်စုံကို ကြည့်ခွင့်ရှိတဲ့ မျက်ဝန်းတစ်စုံကိုရချင်တယ်။
စစ်ပွဲကြီးပြီးရင် 
ငါတို့အမေတွေ၊ ငါတို့အဘွားတွေ၊ ငါတို့အမတွေ၊
ငါတို့အဒေါ်တွေ၊ ငါတို့ညီမလေးတွေ၊ ငါတို့သမီးလေးတွေရဲ့
အငို ...တိတ်အောင်လုပ်ပေးချင်တယ်။
စစ်ပွဲကြီးပြီးတဲ့အခါ
ဒုတိယလိင်အဖြစ် မသတ်မှတ်တော့မယ့်
ကမ္ဘာသစ်ကို ရောက်ချင်တယ်။

 

အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/1/2025 0 Comments

“ငါတို့အသံ ဘယ်မှာလဲ”

Picture
ရေးသားသူ- ဖွေး


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 

​
ပူပြင်းလှတဲ့နွေရာသီ
ဆွေးအော်သံလေးရဲ့ကြား
မီးခိုးငွေ့တွေ...။
တဝုန်းဝုန်း တဒိန်းဒိန်း
မိုးပေါက်နဲ့အပြိုင်
လက်နက်သံတွေ....။
တဖြောက်ဖြောက်နှင်းစက်
အေးခဲမှုကြား ပူလောင်ဆွေးတဲ့
မျက်ရည်စက်တွေ...။
တဝူးဝူးတိုက်ခတ်
လေရူးနဲ့အပြိုင် အာဏာရူးရဲ့
ရက်စက်ခြင်းတွေ...။
အမျိုးသမီးများ ဘဝ
အထင်သေးခြင်းတွေကြား
ရဲရင့်ခြင်းတွေ....။
အမျိုးသမီးဖြစ်လို့
သွေးအေးနေတာမဟုတ်ဘူး
တဟုန်းဟုန်း ဆူနေတဲ့
မီးတောက်တွေလို
တောက်လောင်နေတဲ့ စိတ်ဓာတ်တွေ.....။
ရဲရဲနီတဲ့သွေးတွေ
ဆူပွက်လို့နေပြီ
အမျိုးသားတို့နဲ့ ရင်‌ဘောင်တန်း
အမျိုးသမီးဟေ့လို့
ဟစ်အော်ကြွေးကြော်နေမည်မဟုတ်
တာဝန်ကိုယ်စီ လက်စွမ်းပြရင်း
ထက်မြက်တဲ့ အမျိုးသမီးတွေ....။
 
 
အမျိုးသမီးဖြစ်လို့
နိုင်ငံရေးနဲ့ မဆိုင်တာလား....
အမျိုးသမီးဖြစ်လို့
တော်လှန်ရေးမှာ ပါဝင်ခွင့်မရှိတာလား...
ခေါင်းဆောင်တစ်ဦးအဖြစ်
ဘုရင်တင်မကစေရ
ဘုရင်မလည်း ဦးဆောင်ပိုင်ခွင့်ရှိရမယ်....။
ဒီနိုင်ငံမှာ ထက်မြက်တဲ့အမျိုးသမီး
ရှိကိုရှိကြတယ်....
ထက်မြက်ကြောင်း သက်သေပြရင်
ချိုးနှိမ်ခံကြရတယ်....
တော်မှန်းသိ တတ်မှန်းသိရင်
ဆရာကြီးလို့ ပြောခံကြရတယ်....
အောင်မြင်ဖို့ လက်တစ်ညိုးစာ
လိုအပ်နေချိန်မှာ                                                                     
အားဖြည့်ဖို့နေနေသာ
ကျန်တဲ့လက်ညိုးတွေကိုပါ
ဝိုင်းဖြတ်ချင်ကြတယ်....။
ငါတို့မြန်မာပြည်မှာ
အာဏာရူးတွေထက်သာတဲ့
အမျိုးသမီးတွေမှ အမြောက်အမြား။
သို့ပေမယ့်
လုပ်နိုင်စွမ်းကိုထုတ်ပြခွင့်
တွန့်ဆုတ်နေကြရတယ်....
သိပါလျက် တတ်ပါလျက်နဲ့
နှုတ်ပိတ်နေကြရတယ်....
အောင်မြင်ဖို့ကြိုးစားမှုတွေ
လက်လျှော့နေကြရတယ်....။
လိုအပ်တဲ့ တောင်းဆိုမှုတွေ
လျစ်လျူရှု့ခံနေကြရတယ်
နိုးထလိုက်မိရင်
အသက်တချောင်းကို
အလဟဿ စွန့်ရတော့မယ်....။
ဒါက တရားမျှတမှုလား
ငါတို့သွေးမအေးသရွေ့
တော်လှန်မီးက တောက်လောင်နေအုံးမှာပဲ...။
တဟုန်းဟုန်းတောက်လောင်သံအား
လောကတခွင်လုံး ကြားသိကြရင်ဖြင့်
“ငါတို့အသံ ဘယ်မှာလဲ”‌ဟေ့....။



အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
​

Picture
0 Comments

5/1/2025 0 Comments

“သူမ”

Picture
ရေးသားသူ- Firelily (KPG) 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
​

နူးညံ့ယဥ်ကျေး၊ မေတ္တာပေး၍
နှစ်ဖြာစိတ်လည်း အေးစေသူ။
သနားစိတ်မှာ၊ ကရုဏာဖြင့်
ဘယာဘေးလည်း ဝေးစေသူ။
မိခင်စိတ်ဓာတ်၊ ကြင်နာဖက်၍
သည်းချာကဲ့သို့ နွေးစေသူ။
အိမ်မှုကိစ္စဟူသမျှလည်း
ကြံဆဖြည့်ကာ ပြည့်စေသူ..။
အကြင်သူမ၊ နူးညံ့လှကာ
သူရသတ္တိ၊ ကောင်းကောင်းရှိ၍
ကျသည့်တာဝန်၊ သူကျေပွန်မှ
သာမွန်သည်ပ၊ ဤမြေလှမည်
စိတ်မှာတည်ကာ၊ ကျည်ကိုမကြောက်
ဒူးမထောက်ဘဲ၊ နောက်ပြန်မလှည့်
အားအင်ထည့်၍၊ မှန်းသည့်ပန်းတိုင်
မြဲစွာကိုင်လျက်၊ မယိုင်မလဲ
သူဆင်နွှဲရာ၊ မခွဲဂျန်ဒါ
ခံယူကာဖြင့်၊ ရွှေပြည်သာအေး
မြန်မာ့ရေးကို၊ဉာဏ်ဖြင့်တွေး၍
မပြတ်ဆွေးနွေးဖြည့်နေသူ။


​
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/1/2025 0 Comments

နွေဦးနှင်းဆီများ၏ ဒိုင်ယာရီ

Picture
​
ရေးသားသူ- လွန်းအိမ် 


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 
​

အမျိုးသမီးများသည် ဖိနှိပ်မှုမျိုးစုံကို စက္ကန့်နှင့်အမျှ တော်လှန်နေကြရသည်။ အမျိုးသမီးများမပါဘဲ နွေဦးတော်လှန်ရေး မဖြစ်လာနိုင်ပေ
 

နိဒါန်း
-----


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ အမည်းရောင်နေ့စွဲများ အဖြစ် သမိုင်းတင်နေမည့် နေ့ရက်တရက်ပင်။ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် “နွေဦးတော်လှန်ရေး” တွင် မြန်မာနိုင်ငံရှိအမျိုးသမီးများသည် ရှေ့တန်းမှပါဝင်ခဲ့ကြပြီး နွေဦးတော်လှန်ရေး အောင်မြင်ရေးနေ့စွဲများကို အဓိကရေးသားနေသူများဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး များ၏ ပါဝင်မှုပုံစံများ၊ ၎င်းတို့၏ အခန်းကဏ္ဍများ၊ အထင်ကရဖြစ်သော ဖြစ်ရပ်များနှင့် အမျိုးသမီးများ၏ တော်လှန်ရေးနေ့စွဲများကို အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း မည်သို့သော စွန့်စားမှုများ၊ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် ရဲစွမ်းသတ္တိရှိရှိ ပါဝင်ခဲ့ကြကြောင်း လေးနှစ်တာကာလကို ပြန်ပြောင်းကြည့်ကာ ထုတ်နုတ်တင်ပြလိုပါသည်။

မြန်မာ့သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများသည် လွတ်လပ်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတော်ပုံ၊ သမိုင်းလှုပ်ရှားမှုများတွင် အစဉ်အဆက်ပါဝင်ခဲ့ကြပြီး သမိုင်းကို ပြောင်းလဲခဲ့ ကြသည်။ အမျိုးသမီးများ၏ တော်လှန်ရေးနေ့စွဲတိုင်းသည် လူ့အဖွဲ့အစည်းကို ပုံဖော်ကြသည့် ရက်စွဲများပင် ဖြစ်သည်။
 

တော်လှန်နေ့စွဲအစစာမျက်နှာတွင် အမျိုးသမီးများ ပါဝင်မှု
---------------------------------------------


စစ်အာဏာသိမ်းမှု၏ အမှောင်သန်းခေါင်ယံကို ပထမဆုံး ထိုးခွင်းခဲ့သည့် အလင်းရောင်များသည် အမျိုးသမီးများပင် ဖြစ်သည်။ နွေဦးတော်လှန်ရေး၏ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ကြသည့် အမျိုးသမီးများကဲ့သို့ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ရန်ကုန်၏ အစောဆုံး လူထုသပိတ်တွင် ပါဝင်သော အလုပ်သမအမျိုးသမီးထု၏ ပုံရိပ်များသည် လူထုကို တပ်လှန့်လိုက်သည်။ ထိုနေ့တွင်ပင် သပိတ်တိုက်ပွဲတပ်ဦးမှာ ပါဝင်ခဲ့သည့် အမျိုးသမီးနှစ်ဦးဖြစ်သည့် ကချင်တိုင်းရင်းသူ အက်စတာဇေနော (Esther Ze Naw) နှင့် ရှမ်းနီတိုင်းရင်းသူ အိသဉ္ဇာမောင်တို့သည် နွေဦးဒိုင်ယာရီကို နိဒါန်းချီခဲ့ကြသည့် အမျိုးသမီးများ ဖြစ်သည်။

မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးလှိုင်းကို ပြည်သူလူထုရဲ့နိုင်ငံရေချိန်နဲ့ ချိန်သားကိုက် လှုံ့ဆော်နိုင်ခဲ့ခြင်း ကြောင့်ဟုဆိုကာ ထိုအမျိုးသမီးနှစ်ဦးကိုကမ္ဘာကျော် TIME မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာကို လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ တွင်ထည့်သွင်းရွေးချယ်ခဲ့သည်။ ထိုဂုဏ်ပြုမှုသည် တော်လှန်ရေးတွင် တပ်ဦးမှ ပါဝင်ခဲ့သော အမျိုးသမီးအားလုံး၏ သတ္တိအပေါ် အသိအမှတ်ပြုမှု၊ ဂုဏ်ယူစရာမှတ်တိုင်တခု ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုသည် ထက်ဝက်ကျော် ရှိခဲ့ကြကြောင်းခန့်မှန်းကြသည်။


ထဘီအလံနေ့စွဲများနှင့် အမျိုးသမီးဦးဆောင်သောသပိတ်များ
------------------------------------------------


မြန်မာ့သမိုင်းတွင်ပထမဦးဆုံးသော အမျိုးသမီးဝတ်ထဘီများကို တပ်ဦးအလံအဖြစ် အသုံးပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်မှုသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၈) ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့တွင် အစပြုခဲ့သည်။ အမျိုးသားများကပါ ထဘီအလံများကိုင်ဆောင်ခြင်း၊ ထဘီခေါင်းပေါင်းခြင်းဖြင့် သပိတ် စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းမှုကို ဆန္ဒပြသပိတ်မှောက်ရာမှ အတွေးအခေါ်တော်လှန်ရေးအဖြစ် စတင်ပြောင်းလဲလိုက်သော မြင်ကွင်းပင်။

အဆိုပါတော်လှန်ရေးသည် စစ်တပ်၏အကြောက်တရားကိုအကြောက်တရားဖြင့်ပြန်တိုက်ခဲ့ခြင်းဖြစ်ပြီး  နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့ သည့် အမျိုးသမီးဝတ်ထဘီ၊ စကတ်များ၊ အတွင်းခံအဝတ်အစားများသည် နိမ့်ကျသည်၊ အမျိုးသားများထက် အမျိုးသမီးများသည် ဘုန်းနိမ့်သည် စသည့်အယူအဆများကိုပါတွန်းလှန်ခဲ့သည်။

ထဘီအလံသပိတ်များသည် အမျိုးသမီးများဦးဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာဖို့ လှေကားထစ်ထိုးပေးခဲ့သည်။ “အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲက မအောင်နိုင်ပါဘူး” ဆိုသည့်ကြွေးကြော်သံများဖြင့် အမျိုးသမီးထုသပိတ်စစ်ကြောင်းဟာ ဇူလိုင်လ (၁၀) ရက်နေ့က မန္တလေးမြို့တွင်ပထမဆုံးထွက်ပေါ်ခဲ့သည်။

၂၁ရာစုရဲ့  ပန်ထွာဘုရင်မ သပိတ်စစ်ကြောင်း အမည်ဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ရန်ကုန်မြို့လယ်တွင် ထွက်ပေါ်ခဲ့သည်။ ထိုမှတဆင့် တော်လှန်ရေး အားကောင်းသည့် အညာဒေသ၊ တနသ်ာရီတိုင်းစသည့်ဒေသများတွင် အမျိုးသမီးထုဦးဆောင်သည့် သပိတ်စစ်ကြောင်းများ တစတစပျံ့နှံ့ခဲ့သည်။ထိုသပိတ်စစ်ကြောင်းများတွင် စစ်အာဏာရှင်နှင့်အတူ အမျိုးသမီးများအ‌ပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရန် အသိပေးစာသား၊ ကြွေးကြော်သံများပါဝင်ခဲ့သည်။

ထို့အပြင် တော်လှန်ရေးလှုပ်ရှားမှု လုပ်ငန်းများကို ဖော်ဆောင်နေသည့်  အမျိုးသမီးအစုအဖွဲ့အင်အားစုများလည်း ပေါ်ထွက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် မြေပြင်သပိတ်အင်အားစုအသီးသီးတွင် ပါဝင်လှုပ်ရှားနေကြသော လူငယ်အမျိုးသမီး များဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တိုက်ထုတ်၍ အမျိုးသမီးများ၏ဦးဆောင် ပါဝင်မှုနှင့်အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းလာစေရန် ရည်ရွယ်လျက် အမျိုးသမီးမဟာမိတ်အင်အားစု ကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး 'နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု' မှာ ပါဝင်နေကြသည့် အမျိုးသမီးများ ဦးဆောင်ပြီး 'နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)' ကို မတ် ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။ Sisters to Sisters သည် ၂၀၂၁ ခုနှစ်ဧပြီလမှစတင်၍ လွတ်လပ်တက်ကြွသည့် ဖီမီနစ်များက စုစည်းတည်ထောင်ခဲ့သည့် ကမ်ပိန်းလှုပ်ရှားမှုအစုအဖွဲ့ ဖြစ်သည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ပြီး တန်းတူ အခွင့်အရေးများရရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။


နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်မှု
-----------------------------


စစ်တပ်မှ အာဏာသိမ်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ် (၂၉၈) ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တတိယအကြိမ် လွှတ်တော်၏ ပထမဆုံး အရေးပေါ် လွှတ်တော် အစည်းအဝေး ကို ဗီဒီယို ကွန့်ဖရင့်မှ တဆင့် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ” ကို စတင် ဖွဲ့စည်းခဲ့သည်။

CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ) တွင် အမျိုးသမီး ၃၀% ခန့် ပါဝင်ပါသည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်‌နှင့် ပြန်လည် ရွေးကောက်ခံ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော် ပါဝင်သည့် အမျိုးသမီးလွှတ်‌‌‌တော်ကိုယ်စားလှယ်များ ကွန်ရက်ကို ၂၀၂၂ နိုဝင်ဘာလ ၂ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။

ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ဦး၊ ဒုတိယဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ခေတ်အဆက်ဆက် အစိုးရအဖွဲ့များတွင် အမျိုးသမီးပါဝင်မှုနှုန်း အများဆုံးဖြစ်သည့် အစိုးရအဖွဲ့တစ်ခုဖြစ်သည်။
 
 
လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်မှု
----------------------------


ငြိမ်းချမ်းစွာဆန္ဒပြနေကြသော ပြည်သူများ၏ အသံကို နားမထောင်ရုံသာမက သေနတ်ထောက် ပစ်သတ်ခဲ့သည့် စစ်တပ်၏ ယုတ်မာမှုကို အဆုံးတိုက် တော်လှန်ရန်မှာ လက်နက်ကိုင်တော်လှန်ရုံမှလွဲ၍ အခွင့်မသာတော့ပေ။ လက်နက်ကိုင်တွန်းလှန်ရေးပုံစံသို့ တမုတ်ချင်းရောက်ရှိလာချိန်တွင်လည်း အမျိုးသမီး များ ရဲရင့်စွာ ပါဝင်လာခဲ့ကြသည်။ ဒေသတွင်းပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်သူ့ကာကွယ်ရေးတပ်များ၊ အမျိုးသားညီညွှတ်‌ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များအသီးသီးတွင် အမျိုးသမီးများလည်းပါဝင်လာခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) တွင် အမျိုးသမီးများပါဝင်မှု ၃၀% ခန့် ပါဝင်နေကြောင်း ခန့်မှန်းရသည်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အမျိုးသမီးစစ်သည်ပါဝင်မှုသည် ၁၅-၂၅% အကြား ပါဝင်နေကြောင်း ခန့်မှန်းရသည်။ အများဆုံးပါဝင်မှုကို ဆက်သွယ်ရေး၊ ထောက်လှမ်းရေးနှင့် ဆေးဘက်ဆိုင်ရာယူနစ်များတွင် တွေ့ရပြီး ၆၀% ကျော်မှာ အမျိုးသမီးများဖြစ်ကြသည်။

            နွေဦးတော်လှန်ရေး၏ ထူးခြားမှုမှာ အမျိုးသမီးသီးသန့်တပ်များ ပေါ်ပေါ်က်လာခြင်းပင်။ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း၏ အမျိုးသမီးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့သည်။ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အမျိုးသမီးတပ်ဖွဲ့ ပထမဆုံး ဖွဲ့စည်းသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ချင်းပြည်နယ်ဟာ စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့သည့် ဒေသဖြစ်ခဲ့ပြီး ချင်းပြည်နယ်က အမျိုးသမီးများသည် စစ်ကောင်စီကိုတွန်းလှန်ဖို့ လက်နက်ကိုင်ကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ပါဝင်ခဲ့ကြသည်။

            CDM ဆရာမများ၊ ကျောင်းသူများ၊ အိမ်ထောင်ရှင်မများ ပါဝင်သည့် အမျိုးသမီးသီးသန့် ပြည်သူ့ကာကွယ်ရေးတပ် မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ တွင် ဖွဲ့စည်းခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွက်လာရေး၊ ကျား၊မ တန်းတူအခွင့်အရေးရရှိရေးကို ဖော်ဆောင်သွားရန် ကတိပြုထားကာ အမျိုးသမီးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ရှေ့တန်းတာဝန်တွေကို ထမ်းဆောင်နေသလို အမျိုးသမီးရဲဘော်များကိုယ်တိုင် မိုင်းထုတ်၊ မိုင်းဆွဲတိုက်ခိုက်သည့် လုပ်ငန်းများတွင် ပါဝင်နေကြပါသည်။

ထို့ပြင် အမျိုးသမီးများဦးဆောင်သည့် မြောင်မြို့နယ်၊T.G.R Women Drone Force သည် တော်လှန်ရေးကာလတွင်ပေါ်ပေါက်လာတဲ့ ပထမဆုံး‌သောအမျိုးသမီးဒရုန်းအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့၏ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများသည် ကျော်ကြားသည်။ အဖွဲ့ကိုဦးဆောင်နေသူသည် ကျားခင်စိန်ဆိုသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

Force for Federal Democracy (FFD) ရှိ ဒရုန်းတပ်ဖွဲ့များတွင် အမျိုးသမီးရဲ‌ဘော်များ အဓိကပါ ဝင်နေကြသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃) ၊ ဂဠုန်စစ်ကြောင်း၏ Spring UAV Force G3 ဟုခေါ်သည့် Fixed Wing Drone နည်းပညာတပ်ဖွဲ့တွင်လည်း အမျိုးသမီးအများအပြား ပါဝင်နေသည်။ တော်လှန်ရေးတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့်ပါဝင်နေသည်။

 
အမျိုးသမီးများပါဝင်နေသော အသီးသီးသောကဏ္ဍများ
--------------------------------------------


ကျန်းမာရေးကဏ္ဍ

နွေဦးတော်လှန်ရေး၏ အဓိကထောက်တိုင်ဖြစ်သော အာဏာဖီဆန်လှုပ်ရှားမှု၏ ကျန်းမာရေး ဝန်ထမ်းများ၏ CDM တွင် ၇၀% ကျော်သည် အမျိုးသမီးများဖြစ်သည်။ မြို့ကြီးများရှိ လျှို့ဝှက်ဆေးခန်းများ၏ ၆၅% ကို အမျိုးသမီးဆရာဝန်များက ဦးဆောင်ခဲ့သည်။ စစ်တပ်၏အကြမ်းဖက်ဖြိုခွင်းမှုများတွင် ထိခိုက်ဒဏ်ရာ ရသူများကို အရေးပေါ်ကုသမှုများပေးခဲ့ရာတွင် အမျိုးသမီးဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း များ၏ အဓိကတာဝန် ဖြစ်ခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးတွင်လည်း ဒဏ်ရာရရဲဘော်များ၊ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများကို  ကုသပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သားဖွားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည့်တာဝန်များကို အဓိကဆောင်ရွက်နေကြသည်။ တော်လှန်ရေးတပ်ဖွဲ့များတွင် ဆေးသင်တန်းတက်ရောက်ခြင်း၊ ဆေးကုသမှုပေးခြင်းတို့ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရမှုတို့ကိုလည်း ရင်ဆိုင်ကြရသည်။
 

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍသည်လည်း အမျိုးသမီးအများဆုံး ပါဝင်သော နယ်ပယ်တစ်ခုဖြစ်သည်။ ပညာရေး ကဏ္ဍမှ ဆရာ/ဆရာမများ၏ CDM တွင် ၈၀% ကျော်သည် အမျိုးသမီးများဖြစ်သည်။ ဆရာမများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှစ၍ CDM တွင် ပါဝင်ခဲ့ကြပြီး အာဏာရှင်စနစ်အောက်တွင် ပညာရေးစနစ်ကို သပိတ်မှောက်ခဲ့ကြသည်။

အထူးသဖြင့် အခြေခံပညာဆရာမများသည် ကလေးငယ်များကို စစ်အာဏာရှင် စနစ်အောက်မှ ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် CDM တွင် စုပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။ထို့နောက် လွတ်မြောက်နယ်မြေများတွင် မြေပြင်ကျောင်းများဖွင့်လှစ်ကာ ပညာရေးများဖော်ဆောင်သူများတွင် အမျိုးသမီးများ ပါဝင်နေသည်။   ဖက်ဒရယ်ကျောင်းများနှင့် အွန်လိုင်းပညာရေးတွင် ၇၀% သည် ဆရာမများ ဖြစ်ပြီး၊ ဦးဆောင်ခဲ့ကြသည်။
 

လူသားချင်းစာနာထောက်ထားမှုကဏ္ဍ

လူသားချင်းစာနာထောက်ထားမှုအဖွဲ့များတွင် ၇၀% ကျော်သည် အမျိုးသမီးများဖြစ်ကြသည်။ အကျပ်အတည်းကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် အမျိုးသမီးများက တက်ကြွစွာ ပါဝင်ခဲ့ကြသည်။၂၀၂၁ ခုနှစ် မတ်လမှစ၍ နိုင်ငံအနှံ့ စစ်ဘေးရှောင်များအတွက် အမျိုးသမီးများသည် ရိက္ခာများ၊ ဆေးဝါးများနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးရန် အန္တရာယ်များကြားမှ ဆောင်ရွက်ခဲ့ကြသည်။

စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်ရသော မိသားစုများအတွက် အမျိုးသမီးလူမှုအဖွဲ့အစည်းများသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အဓိကတာဝန်ယူခဲ့ ကြသည်။‌အစားအသောက်မျှဝေခြင်း၊ ဆေးဝါး၊ အခြေခံအသုံးအဆောင်များ၊ ရွေ့လျားဆေးပေးခန်းများ တည်ထောင်ခြင်း၊ လေကြောင်းရန် အသိပညာပေးခြင်း၊ အမျိုးသမီး လစဉ်သုံးပစ္စည်းမျှဝေခြင်း၊ သားဆက်ခြား နည်း နှင့် မျိုးပွားမှုဆိုင်ရာ အသိပညာပေးခြင်း တို့တွင် အမျိုးသမီးများ အဓိကတာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ IDP (စစ်ဘေးရှောင်) စခန်းများတွင် ၈၀% ခန့်သည် အမျိုးသမီးများက အဓိကထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။
 

ဒစ်ဂျစ်တယ်နှင့် နည်းပညာကဏ္ဍ

တော်လှန်ရေးကာလအတွင်း ဒစ်ဂျစ်တယ်နည်းပညာသည် အရေးပါသော လက်နက်တစ်ခု ဖြစ်လာခဲ့ပြီး၊ ဤနယ်ပယ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍလည်း တိုးတက်လာခဲ့သည်။ ဆိုက်ဘာ တိုက်ခိုက်ရေး၊ ဟက်ကာအုပ်စုများတွင် အမျိုးသမီးများပါဝင်မှု ၃၀% ခန့်ရှိပြီး၊ သတင်းအမှားဖြန့်ချိမှု တိုက်ဖျက်ရေးအဖွဲ့များတွင် ၆၀% ခန့်သည် အမျိုးသမီးများဖြစ်သည်။ စစ်တပ်၏ အင်တာနက် ဖြတ်တောက်မှုများ၊ ဆက်သွယ်ရေးကန့်သတ်မှုများ ပြုလုပ်သည့်အခါ ၎င်းတို့ကို ကျော်လွှားရန် နည်းပညာ ဖြေရှင်းချက်များတွင် အမျိုးသမီးနည်းပညာရှင်များက အဓိကဦးဆောင်ခဲ့ကြသည်။ VPN၊ ဂြိုလ်တုအင်တာနက်၊ အခြားဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုရာတွင် လူငယ်အမျိုးသမီးများက သင်တန်းများပေးခြင်း၊ နည်းပညာအကူအညီပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
 

ထောက်ပို့များ

လက်မှုပညာများအသုံးချခြင်း၊ သိုးမွှေးချည်ထိုးခြင်း၊ ဟင်းချက်‌ရောင်းခြင်း၊ ထောက်ပို့ထီများ ရောင်းချခြင်း၊ စာအုပ်များရောင်းခြင်း၊ ပိုင်ဆိုင်သမျှ ရတနာလက်ဝတ်လက်စားများ၊ အိမ်၊ခြံ၊မြေယာများကို ရောင်းချခြင်း စသည့်အမျိုးမျိုးသောနည်းလမ်းများဖြင့် ဝင်ငွေရှာဖွေကာ တော်လှန်ရေးအတွက် ထောက်ပို့သူများသည် အမျိုးသမီးအများစု ဖြစ်သည်။
 
မီဒီယာ
​

တော်လှန်ရေးကာလအတွင်း သတင်းဖော်ပြရေးနှင့် သတင်းအချက်အလက် ဖြန့်ဝေရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မေ့ထား၍မရပေ။ စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် ရွေ့ပြောင်း အခြေချကာ မီဒီယာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြသည့် သတင်းသမားများတွင် အမျိုးသမီးများလည်း ပါဝင်သည်။ ထို့အပြင် ဒေသအခြေစိုက်မီဒီယာများ၊ တော်လှန်ရေးမီဒီယာများ၊ တော်လှန်‌ရေးစာစဉ်များ၊ မဂ္ဂဇင်းများတွင်လည်း အမျိုးသမီးသတင်းတင်ဆက်သူများ၊ အမျိုးသမီးအယ်ဒီတာ၊ အမျိုးသမီးထုတ်လုပ်သူ၊ အမျိုးသမီးသတင်းသမားများ၊ အမျိုးသမီးCJ များ၊ အမျိုးသမီးစစ်သတင်းထောက်များ ပါဝင်လုပ်ကိုင်နေကြသည်။
 

စွမ်းဆောင်ရည်ထင်ရှားသော နွေဦးနှင်းဆီနီများ
--------------------------------------


မမြသွဲ့သွဲ့ခိုင်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် နေပြည်တော်က အသက် (၂၀) အရွယ် မြသွဲ့သွဲခိုင်သည် ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့ကာ ကျဆုံးခဲ့သည်။ မြသွဲ့သွဲ့ခိုင်သည် နွေဦးတော်လှန်ရေးတွင် ပထမဆုံးကျဆုံးခဲ့သည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။
 

မကြယ်စင်

အသက် (၁၉) နှစ်အရွယ် ကြယ်စင် (ခေါ်) အိန်ဂျယ်သည် မတ်လ (၃) ရက်နေ့ မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ကျဆုံးခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ "Everything will be OK" စာတန်းပါ တီရှပ်ဝတ်ဆင်ထားသည့် ကြယ်စင်၏ကျဆုံးမှုကို ကမ္ဘာကပါ ဦးညွှတ်ခဲ့ကြသည်။
 

မပန်းသီး

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ရှိ ၄၄ လမ်းက တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းစီးရာတွင် မဝေဝေမြင့်(ခေါ်)မပန်းသီးအပါအဝင် လူငယ်ငါးဦးဟာ အမြင့်ပေ (၅၀)ကျော်မှ ခုန်ချသေဆုံးခဲ့သည်။
 

သီလရှင်ဒေါ်ဝရဉာဏီ (ခေါ်) မနန်းဝင့်ဝါ

ပါဝါရိန်းဂျားအညိုကောင်ဟုလူသိများခဲ့သည် သီလရှင်ဆရာလေး ဒေါ်ဝရဉာဏီသည် သီလရှင်ဘဝမှ လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို ကူးပြောင်းခဲ့သူ ဖြစ်သည်။ PDF လူငယ်များကို ရိက္ခာ ထောက်ပံ့သည်ဟုဆိုကာ ကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်ဖမ်းဆီးနှိပ်စက် မေးမြန်းချိန် တွင် ထွက်ပြေးခဲ့ပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိကာ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ပြင်ဆင်ခဲ့သူဖြစ်သည်။ လက်ရှိအချိန်အထိလည်း ထောက်ပို့လုပ်ငန်းများကို ဆောင်ရွက်နေသည်။
 

စစ်စတာအန်းရိုဇားနူးတောင်

ဆန္ဒပြပြည်သူများ၏အသက်ကို ကယ်တင်ရန် သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့တွင် ဒူးထောက်တောင်းပန်ခဲ့သည့်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမီဒီယာများအကြားတွင် ထင်ရှား ခဲ့သည့် ခရစ်ယာန်သီလရှင်တစ်ဦး ဖြစ်သည်။
 

မဟန်နီနွေဦး

တက္ကသိုလ်ကျောင်းသူ၊ တက်သစ်စမော်ဒယ်၊ သရုပ်ဆောင်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် ဟန်နီနွေဦးသည် စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။ ၂၀၂၂ ခုနှစ်က စတင်ကာ ကျောင်းသားလက်ရုံးတပ်တော်တွင် စစ်သင်တန်းတက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ တော်လှန်‌ရေး လုပ်ငန်းများတွင် ပါဝင်နေသူဖြစ်သည်။ စစ်ရေးတွင်လည်း ထူးချွန်သူတစ်ယောက် ဖြစ်သည်။
 

မအေးမြင့်အောင်အောင်

မန္တလေး၏အစောဆုံးထွက်ခဲ့သည့်သပိတ်တွင် ဒေါက်တာတေဇာဆန်းနှင့်အတူ ပါဝင်ခဲ့သည့် လူငယ်များအနက် မအေးမြင့်အောင်အောင်လည်း ပါဝင်ခဲ့သည်။ ထိုသပိတ်သည် စစ်အာဏာသိမ်းမှု ဖြစ်စဉ်ပြီးနောက် မန္တလေးတွင် ပထမဆုံးလူငယ်များဦးဆောင်ခဲ့သည့် သပိတ်တခုဖြစ်သည်။ သူမသည် အညာဒေသ၏ လူထုသပိတ်တွေကို လက်ရှိအချိန်အထိ ဦးဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့် လူထုကို နိုင်ငံရေးအသိပညာမျှဝေမှုများကို မြေပြင်တွင် ဖော်ဆောင်နေပါသည်။
 

နိဂုံး
----


နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစိတ်ဓာတ်နှင့် လွတ်လပ်မှုအတွက် တောင်းဆိုမှုတစ်ခုဖြစ်သည်။ ဤတော်လှန်ရေးတွင် အမျိုးသမီးများသည် သမိုင်းဝင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး၊ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာတွင် အစဉ်အလာအရ သတ်မှတ်ထားသော ကျားမအခန်းကဏ္ဍများကို ကျော်လွန်ကာ ခေါင်းဆောင်မှုအခန်းကဏ္ဍများ၊ ဆုံးဖြတ်ချက်ချမှတ်ရေး အဆင့်များတွင် ပါဝင်လာခဲ့ကြသည်။ နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ၏ ပါဝင်မှုသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်လာခဲ့သည်။

တော်လှန်ရေးတစ်လျှောက် အမျိုးသမီးများ သည် အရှေ့တန်းစစ်မျက်နှာများမှသည် ဒစ်ဂျစ်တယ်လုံခြုံရေး၊ သတင်းဖြန့်ဝေရေး၊ ရန်ပုံငွေရှာဖွေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအထိ ကဏ္ဍအားလုံးနီးပါး တွင် ပါဝင်ခဲ့ကြသည်။ အထူးသဖြင့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိ၊ စည်းရုံးရေးစွမ်းရည်၊ တီထွင်ဖန်တီးမှုနှင့် ခံနိုင်ရည်စွမ်းအားတို့က တော်လှန်ရေးကို ဆက်လက်ရှင်သန်စေရန် အားဖြည့်ပေးခဲ့ပါသည်။

သို့သော် တော်လှန်ရေးကာလအတွင်း အမျိုးသမီးများရင်ဆိုင်ရသော စိန်ခေါ်မှုများမှာ ကြီးမားပါသည်။ စစ်အာဏာပိုင်များသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့ပြီး၊ အမျိုးသမီးတော်လှန်ရေးသမားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြသည်။

ထို့အပြင် တော်လှန်ရေးဘက်တော်သားအချင်းချင်း၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကလည်း အမျိုးသမီးများကို ဆိုးရွားစွာထိခိုက်စေသည်။ အမျိုးသမီးများ သည် စီးပွားရေးနှင့် လူမှုရေးဖိစီးမှုများ၊ မိသားစုတာဝန်ဝတ္တရားများနှင့် ရေရှည်တိုက်ပွဲ၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကိုလည်း ရင်ဆိုင်ကြရပါသည်။

ဤစိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ဆုံးရှုံးမှုများကြားမှပင် မြန်မာအမျိုးသမီးများသည် တော်လှန်ရေးတွင် ဆက်လက်ပါဝင်လျက်ရှိကြပြီး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ဒီမိုကရေစီအတွက် ၎င်းတို့၏ဆန္ဒကို ထပ်မံအတည်ပြုနေကြပါသည်။ ၎င်းတို့၏ တော်လှန်ရေးနေ့စွဲများသည် သမိုင်းစာမျက်နှာ တွင် မှတ်တမ်းတင်ရုံသာမက၊ လာမည့်မျိုးဆက်များအတွက် ရဲစွမ်းသတ္တိ၊ ခံနိုင်ရည်စွမ်းအားနှင့် အမျိုးသမီးခေါင်းဆောင်မှု၏ စံပြပုံရိပ်များအဖြစ် ရှိနေမည်ဖြစ်ပါသည်။

နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တော်လှန်ရေးများအတွက်လည်း စံပြဖြစ်သည်။ အမျိုးသမီးများ၏ ညီညွတ်မှု၊ ရဲစွမ်းသတ္တိနှင့် မဆုတ်မနစ်စိတ်ဓာတ်တို့သည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီအရေးတိုက်ပွဲများတွင် အလေးအနက်ထား လေ့လာစရာ သမိုင်းစာမျက်နှာများပင် ဖြစ်နေပေတော့သည်။
 

အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
Picture
ကိုးကားချက်များ
 

Adams, Brooks. The Theory of Social Revolutions. New York: Macmillan, 1913.
Amann, Peter H. "Revolution: A Redefinition." Political Science Quarterly 77 (1962): 36-53.
Aristotle. The Politics ofAristotle, translated with an Introduction and Notes by Ernest Barker. New York: Oxford University Press, 1958. Book V.
Baker, Robert K., and Ball, Sandra J. Violence and the Media, A Staff Report of the National Commission on the Causes and Prevention of Violence.,Vol. 9. Washington, D.C.: U.S. Government Printing Office, 1969.
Barnes, Samuel H. "Ideology and the Organization of Conflict: On the Relationship Between Political Thought and Behavior." Journal of Politics 28 (August 1966): 513-30.
Beaufre, Andre. An Introduction to Strategy. New York: Frederick A.Praeger, 1965.
Bell, David V. J. Resistance and Revolution. Boston: Houghton Mifflin, 1973.
Bell, J. Bowyer. On Revolt: Strategies of National Liberation. Cambridge, Mass.: Harvard University Press, 1976.
Berman, Paul. Revolutionary Organization: Institution-Building within the People's Liberation Armed Forces. Lexington, Mass.: Lexington, 1974.
Bienen, Henry. Violence and Social Change: A Review of Current Literature. Chicago: University of Chicago Press, 1968.
Black, Cyril E., ed. Communism and Revolution: The Strategic Uses of Political Violence. Princeton, N.J.: Princeton University Press, 1964.
Davies, James C. "The Circumstances and Causes of Revolution: A Review."Journal of Conflict Resolution 11 (1967): 247-57.
Debray, Regis. Revolution in the Revolution? Armed Struggle and Political Struggle in Latin America. New York: Grove, 1967.
Eckstein, Harry. "On the Etiology of Internal War." History and Theory 4 (1965): 133-63. Reprinted in Eric A. Nordlinger, ed. Politics and Society: Studies in Comparative Political Sociology.
Edwards, Lyford P. The Natural History of Revolution. Chicago: University of Chicago Press, 1927.
Ellis, John. Annies in Revolution. London: Croom Helm, 1973.
Ellwood, Charles A. "A Psychological Theory of Revolutions." American Journal of Sociology 11 (1905-6): 49-59.
Fanon, Frantz. The Wretched of the Earth. New York: Grove, 1968.
Feierabend, Ivo K., and Feierabend, Rosalind L. "Aggressive Behaviors Within Polities, 1948-1962: A Cross-National Study." Journal of Conflict Resolution 10 (1966): 249-71., and Nesvold, Betty A. "The Comparative Study of Revolution and Violence." Comparative Politics 5, no. 3 (April 1973): 393-424.
Firestone, Joseph M. "Continuities in the Theory of Violence." Journal of Conflict Resolution 18, no. 1 (March 1974): 117-42.
Flanigan, William H., and Fogelman, Edwin. "Patterns of Political Violence in Comparative Historical Perspective." Comparative Politics 3, no. 3 (October 1970): 1-20.
Freeman, Michael. "Theories of Revolution." Rritish Journal of Political Science 2 (July 1972): 339-61.
Geschwender, James A. "Explorations in the Theory of Social Movements and Revolts." Social Forces 47 (December 1968): 127-36.
Gillis, John R. "Political Decay and the European Revolutions, 1789-1848." World Politics 22 (April 1970): 344-70.
Goodspeed, D. J. The Conspirators: A Study of the Coup d'Etat. London: Macmillan, 1962.
Gottschalk, Louis. "Causes of Revolution." American Journal of Sociology 50 (1944): 1-8.
Graham, Hugh Davis, and Gurr, Ted Robert, eds. Violence in America:Historical and Comparative Perspectives. New York: Signet, 1969.
Greene, Thomas H. Comparative Revolutionary Movements. Englewood Cliffs, N.J.: Prentice-Hall, 1974.
Grofman, Bernard N., and Muller, Edward N. "The Strange Case of Relative Gratification and Potential for Political Violence: The V Curve Hypothesis." American Political Science Review 67, no. 2 (June 1973): 514-39. Gross, Feliks. The Revolutionary Party. Westport, Conn.: Greenwood, 1974.
The Seizure of Political Power in a Century of Revolutions. New York: Philosophical Library, 1958. Groth, Alexander. Revolution and Elite Access: Some Hypotheses on Aspects of Political Change. University of California, Davis: Institute of Governmental Affairs, 1966.
Grundy, Kenneth W., and Weinstein, Michael A. The Ideologies of Violence. Columbus, Ohio: Charles E. Merrill, 1974.
Gurr, Ted Robert. "A Causal Model of Civil Strife: A Comparative Analysis Using New Indices." American Political Science Review 62 (December 1968): 1104-24.
"The Revolution-Social Change Nexus: Some Old Theories and New Hypotheses." Comparative Politics 5, no. 3 (April 1973): 359-92.
"Psychological Factors in Civil Violence." World Politics 20 (January 1968): 245-78.
"Urban Disorders: Perspectives from the Comparative Study of Civil Strife." American Behavioral Scientist 10 (March-April 1968): 50-55.
Why Men Rebel. Princeton, N.J.: Princeton University Press, 1970., and Bishop, Vaughn F. "Violent Nations, and Others." Journal of Conflict Resolution 20, no. 1 (March 1976): 79-110., with Ruttenberg, Charles. The Conditions of Civil Violence: First Tests of a Causal Model. Princeton University: Center of International Studies, 1967.
Halpern, Manfred. "Redefinition of the Revolutionary Situation." Journal of International Affairs 23 (1969): 54-75.
Hatto, Arthur. " 'Revolution': An Inquiry into the Usefulness of anHistorical Term." Mind 58 (1949): 495-517.
Hibbs, Douglas A., Jr. Mass Political Violence: A Cross-National Causal Analysis. New York: John Wiley & Sons, 1973.
Hirsch, Herbert, and Perry, David C, eds. Violence as Politics. New York: Harper & Row, 1973.
Hobsbawm, Eric J. Revolutionaries: Contemporary Essays. New York:Pantheon, 1973.
Hoffer, Eric. The True Believer: Thoughts on the Nature of Mass Movements. New York: New American Library, 1958.
Hopper, Rex D. "The Revolutionary Process: A Frame of Reference for the Study of Revolutionary Movements." Social Forces 28 (1950): 270-79.
Huntington, Samuel P. Political Order in Changing Societies. New Haven,Conn.: Yale University Press, 1968., ed. Changing Patterns of Military Politics. New York: Free Press,1962.
Hyams, Edward. Terrorists and Terrorism. New York: St. Martin's, 1975.
Iglitzin, Lynne B. Violent Conflict in American Society. San Francisco: Chandler, 1972.
Johnson, Chalmers. Revolution and the Social System. Stanford University: Hoover Institution on War, Revolution, and Peace, 1964.. Revolutionary Change. Boston: Little, Brown, 1966.
Kautsky, John H. "Revolutionary and Managerial Elites in Modernizing Regimes." Comparative Politics 1 (July 1969): 441-67.
Kelly, George A., and Miller, Linda B. Internal War and International Systems: Perspectives on Method. Harvard University: Center for International Affairs, 1969.
Korpi, Walter. "Conflict, Power and Relative Deprivation." AmericanPolitical Science Review 68, no. 4 (December 1974): 1569-78.
Lasswell, Harold D. Psychopathology and Politics. New York: Viking, 1960., and Lerner, Daniel, eds. World Revolutionary Elites. Cambridge, Mass.: MIT Press, 1965.
Le Bon, Gustave. The Psychology of Revolution. New York: G. P. Putnam's Sons, 1913.
Lee, Ming T. "The Founders of the Chinese Communist Party: A Study in Revolutionaries." Civilizations 13 (1968): 113-27.
Leiden, Carl, and Schmitt, Karl M. The Politics of Violence: Revolution in the Modern World. Englewood Cliffs, N.J.: Prentice-Hall, 1968.
Leites, Nathan, and Wolf, Charles, Jr. Rebellion and Authority: An Analytic Essay on Insurgent Conflicts. Chicago: Markham, 1970.
Lenin, V. I. "Left-Wing" Communism: An Infantile Disorder (1920). New York: International Publishers, 1940.. WJiat Is to Re Done? (1902). New York: International Publishers,1929.
Mack, Raymond W., and Snyder, Richard C. "The Analysis of Social Conflict: Toward an Overview and Synthesis." Journal of Conflict Resolution (1957): 212^8.
Malecki, Edward S. "Theories of Revolution and Industrialized Societies." Journal of Politics 35, no. 4 (November 1973): 948-85.
McColl, Robert W. "A Political Geography of Revolution: China, Vietnam, and Thailand." Journal of Conflict Resolution 11 (1967): 153-67.
Moore, Barrington, Jr. The Social Origins of Dictatorship and Democracy.Boston: Beacon, 1967.
Mostafa Rejai. “The Comparative Study of Revolutionary Strategy.” David mckay Company, Inc. New York 1977.
Meusel, Alfred. "Revolution and Counter-Revolution." Encyclopedia of the Social Sciences. New York: Macmillan, 1934.
Muller, Edward N. "A Test of a Partial Theory of Potential for Political Violence." American Political Science Review 66, no. 3 (September 1972): 928-59.
Nardin, Terry. Violence and the State. Beverly Hills, Calif.: Sage, 1971.
Neumann, Sigmund. "The International Civil War." World Politics 1 (1949): 333-50.
Nieburg, H. L. Political Violence: The Behavioral Process. New York: St.Martin's, 1969.. "The Threat of Violence and Social Change." American Political Science Review 56 (December 1962): 865-73.
Riezler, Kurt. "On the Psychology of the Modern Revolution." Social Research 10 (1943): 320-36.
Rosenau, James N., ed. International Aspects of Civil Strife. Princeton, N.J.: Princeton University Press, 1964.
Rubenstein, Richard E. Rebels in Eden: Mass Political Violence in the United States. Boston: Little, Brown, 1970.
Rummel, R. J. "Dimensions of Conflict Behavior Within Nations, 1946-59."
Journal of Conflict Resolution 10 (1966): 65-73.. "Dimensions of Foreign and Domestic Conflict Behavior: A Review of Empirical Findings." In Tlieory and Research on the Causes of War, edited by Dean G. Pruitt and Richard C. Snyder. Englewood Cliffs, N.J.: Prentice-Hall, 1969.
Wolfenstein, E. Victor. The Revolutionary Personality: Lenin, Trotsky, Gandhi. Princeton, N.J.: Princeton University Press, 1967.
Wylie, J. C. Military Strategy: A General Theory of Power Control. New Brunswick, N.J.: Rutgers University Press, 1967.
News: Spring Revolution Myanmar: From 2021 to 2025.
 
 
 
0 Comments

5/1/2025 0 Comments

တော်လှန်ခြင်းနှင့် Feminism

Picture
ရေးသားသူ- လွန်းအိမ်

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၆) မှ ကောက်နုတ်ဖော်ပြသည်။ 


နိဒါန်း
-----


ရှေးယခင်ကာလမှ ယနေ့ခေတ်အထိ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်စွာတည်ရှိခဲ့သည့် လူမှု ဆက်ဆံရေးဆိုင်ရာ မညီမျှမှုများကို တန်းတူညီမျှဖြစ်လာရန် တော်လှန်သည့် အရေးများကို တစ်ဦးတစ်ယောက် ချင်းမှစ၍ အစုအဖွဲ့လိုက်အထိ အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ထိုတော်လှန်ခြင်းများတွင် အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်သည့် Feminism သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့ပါသည်။

ဤဆောင်းပါးတွင် တော်လှန်ခြင်း၏ အနက်အဓိပ္ပာယ်၊ Feminism ၏ တော်လှန်ခြင်း သဘောတရားများ၊ လူ့အဖွဲ့အစည်း၏ မညီမျှမှုများ သို့မဟုတ် ဖိနှိပ်ခြင်းသဘောသဘာဝများ၊ လွတ်လပ်မှု တိုက်ပွဲများနှင့် Feminism ၏ အနာဂတ်မျှော်မှန်းချက်များ၊ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် Feminismဆိုင်ရာတော်လှန်မှုများကို ချည်းကပ်တင်ပြထားပါသည်။
 
တော်လှန်ခြင်းဟူသည်
-------------------


တော်လှန်ခြင်းဟူသည်မှာ လက်ရှိတည်ရှိနေသော စနစ်၊ အခြေအနေ၊ အပြုအမူတစ်ခုခု၊ ဖိနှိပ်မှုတခုခုကို  ပြောင်းလဲမှုရှိစေရန် ဦးတည်လုပ်ဆောင်သော လုပ်ဆောင်ချက်ကို ဆိုလိုပါသည်။

ထိုလုပ်ဆောင်မှုကြောင့်  ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်စေ၊ တဖြည်းဖြည်း တိုးတက်ပြောင်းလဲမှုဖြစ်စေ၊ အချိန်ကာလကြာမြင့်သော ပြောင်းလဲမှုဖြစ်စေ၊ ရုတ်ချည်း ပြောင်းလဲမှုဖြစ်စေ ဖြစ်နိုင်ပါသည်။ တော်လှန်ခြင်းသည် တစ်ဦးချင်းလုပ်ဆောင်ချက်များမှ စုပေါင်းလှုပ်ရှားမှုများအထိ တိုးချဲ့လာသောအခါ ပိုမိုစွမ်းအားကြီးမားလာပါသည်။

တော်လှန်ခြင်းသည် တစ်ကြိမ်တည်းဖြစ်ပွားပြီး အပြီးအပိုင်ပြီးဆုံးသွားသော လုပ်ငန်းစဉ်တစ်ခုမဟုတ်ဘဲ၊ ထာဝရဆက်လက်ကြိုးပမ်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ပြောင်းလဲမှု တစ်ခုရရှိပြီးသော်လည်း ထိုရလဒ်ကို ထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်စေရန် ဆက်လက်အားထုတ်ရန် လိုအပ်ပါသည်။ ပညာရေးတော်လှန်ခြင်း၊ ဂျန်ဒါတော်လှန်ခြင်း၊ ဒစ်ဂျစ်တယ်တော်လှန်ခြင်း စသည်တို့သည် လူသားတို့၏ အတွေးအခေါ်နှင့် လူမှုရေးအင်စတီကျူးရှင်းများကို ပုံစံပြောင်းလဲစေခဲ့သော တော်လှန်ခြင်းများ ဖြစ်ကြပါသည်။

 
Feminism ၏ တော်လှန်ခြင်းသဘောတရားများ
---------------------------------------


Feminism ဆိုသည်မှာ အမျိုးသမီးများနှင့် အမျိုးသားများအကြား လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ တန်းတူညီမျှရရှိရေးကို ရည်ရွယ်သော လူမှုရေး၊ နိုင်ငံရေးနှင့် အယူဝါဒပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ Feminism အတွေးအခေါ်၏ အခြေခံတစ်ခုမှာ အမျိုးသားများက လွှမ်းမိုးသော ပက်ထရီအာခီစနစ် (Patriarchy) ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။

ဤစနစ်သည် အမျိုးသားများက အာဏာ၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်များတွင် လွှမ်းမိုးထားပြီး၊ အမျိုးသမီးများကို အိမ်မှုကိစ္စနှင့် ကလေးပြုစုစောင့်ရှောက်ရေးအတွက်ကိုသာ လုပ်ပိုင်ခွင့်ပြုထားသည်ဟု လေ့လာတွေ့ရှိကြပါသည်။ နာမည်ကျော် ဖီးမနစ် ပညာရှင် Simone de Beauvoir က "အမျိုးသမီးဖြစ်ခြင်းဆိုသည်မှာ မွေးဖွားလာခြင်းမဟုတ်၊ ဖြစ်ပေါ်လာခြင်းဖြစ်သည်" ဟု ဖော်ပြခဲ့ပြီး၊ လူမှုရေးအခြေအနေများက ကျားမအခန်းကဏ္ဍကို သတ်မှတ်ပေးကြောင်း ရှင်းပြခဲ့ပါသည်။

Feminism သည် အမျိုးသမီးများအား မိမိတို့၏ ခန္ဓာကိုယ်၊ ကျန်းမာရေး၊ အနာဂတ်၊ အလုပ်အကိုင်ရွေးချယ်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို မိမိတို့ကိုယ်တိုင် ချမှတ်နိုင်ရန် တိုက်တွန်းအားပေးပါသည်။

ခေတ်သစ် Feminism သည် အမျိုးသမီးများကြား ကွဲပြားခြားနားမှုများကို အသိအမှတ်ပြုပြီး ထည့်သွင်းစဉ်းစားပါသည်။ "Intersectionality" ဟူသော သဘောတရားသည် လူမျိုး၊ လူတန်းစား၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်းမှု၊ ဘာသာရေး စသည်တို့နှင့် ကျားမရေးရာကြား ဆက်နွယ်မှုကို နားလည်ရန် ကြိုးပမ်းသော အယူအဆဖြစ်ပါသည်။

အမေရိကန်ဥပဒေပညာရှင် Kimberlé Crenshaw က "အမျိုးသမီးဖြစ်ခြင်း၏ အတွေ့အကြုံသည် လူအားလုံးအတွက် တူညီမှုမရှိကြောင်း၊ အထူးသဖြင့် လူမည်းအမျိုးသမီးများနှင့် လူဖြူအမျိုးသမီးများအကြား ကွဲပြားခြားနားမှုများ ရှိကြောင်း" ကို မီးမောင်းထိုးပြခဲ့ပါသည်။ Feminism သည် တစ်ဦးချင်းအခွင့်အရေးရရှိရုံမျှမက၊ လူမှုရေးဖွဲ့စည်းပုံများနှင့် စနစ်များကို ပြောင်းလဲရန် ရည်ရွယ်ပါသည်။

​ဤတွင် ဥပဒေစနစ်၊ ပညာရေးစနစ်၊ စီးပွားရေးနှင့် နိုင်ငံရေးအင်စတီကျူးရှင်းများ၊ မိသားစုတည်ဆောက်ပုံ စသည်တို့ ပါဝင်ပါသည်။ ဖေမီနစ်ပညာရှင် bell hooks က "Feminism သည် ဖိနှိပ်မှုအားလုံးကို အဆုံးသတ်စေမည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်" ဟု ဆိုခဲ့ပါသည်။


လွတ်လပ်မှုတိုက်ပွဲ
----------------

တော်လှန်ရေးအားလုံးသည်  လူ့အခွင့်အရေးကို အစိတ်အပိုင်းအားဖြင့်သော်လည်းကောင်း၊ အလုံးစုံသော်လည်းကာင်း ချိုးဖောက်ခံရသည့်အခါ ထွက်ပေါ်လာသည်။ တော်လှန်ရေးအားလုံးသည် လွတ်လပ်မှုအတွက် တိုက်ပွဲဖြစ်သည်။ Feminism ၏ လွတ်လပ်မှုတိုက်ပွဲသည် အမျိုးသမီးများနှင့် ဖိနှိပ်ခံရသူများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ရရှိစေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ဤလွတ်လပ်မှုတိုက်ပွဲတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

၁။ နိုင်ငံရေးလွတ်လပ်ခွင့်

နိုင်ငံရေးလွတ်လပ်ခွင့်သည် အမျိုးသမီးများအတွက် မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့်နှင့် အစိုးရ အဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရရှိရန် တိုက်ပွဲဝင်ခြင်းဖြစ်ပါသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတွင် အမျိုးသမီးများမဲပေးခွင့်ရရေး (Suffrage) လှုပ်ရှားမှုသည် အဓိကအားဖြင့် အာရုံစိုက်ခဲ့သော တိုက်ပွဲ ဖြစ်ပါသည်။ယနေ့ခေတ်တွင် အမျိုးသမီးများ နိုင်ငံရေးတွင် တန်းတူပါဝင်ခွင့်ရရေး (parity) နှင့် ကိုယ်စားပြုမှု မြှင့်တင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါသည်။ ကမ္ဘာ့တိုင်းပြည်များ၏ ၁၁% ခန့်တွင်သာ အမျိုးသမီးများသည် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ကြပါသည်။

၂။ စီးပွားရေးလွတ်လပ်ခွင့်

စီးပွားရေးလွတ်လပ်ခွင့်တွင် အမျိုးသမီးများ အလုပ်အကိုင်ရရှိခွင့်၊ လုပ်ခလစာတန်းတူရရှိခွင့်၊ အမျိုးသမီးများ စီးပွားရေးလုပ်ကိုင်ခွင့်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိခွင့်၊ ချေးငွေနှင့် အရင်းအနှီး ရရှိခွင့်၊ အမွေရရှိခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် စသည်တို့ ပါဝင်ပါသည်။ ကမ္ဘာ့တိုင်းပြည်အများအပြားတွင် အမျိုးသမီးများသည် အမျိုးသားများထက် လစာလျော့နည်းရရှိသေးကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာ့ပျမ်းမျှ အားဖြင့် အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများရရှိသော လစာ၏ ၇၇% ခန့်သာ ရရှိကြပါသည်။

၃။ လူမှုရေးလွတ်လပ်ခွင့်

လူမှုရေးလွတ်လပ်ခွင့်တွင် အမျိုးသမီးများ၏ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ အိမ်ထောင်ပြုမပြု ရွေးချယ်ခွင့်၊ မိမိရွေးချယ်သောသူကို အိမ်ထောင်ပြုခွင့်၊ ကွာရှင်းခွင့်၊ သားသမီးရရှိမရရှိ ရွေးချယ်ခွင့်၊ အိမ်ပြင်ပသို့ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့် စသည်တို့ ပါဝင်ပါသည်။

ယဉ်ကျေးမှုအစဉ်အလာကြောင့် တိုင်းပြည်အချို့တွင် အမျိုးသမီးများသည် လွတ်လပ်စွာ သွားလာခွင့်၊ ဝတ်စားဆင်ယင်ခွင့် ကန့်သတ်ခံရပြီး အမျိုးသားဆွေမျိုးများ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူး လက်မှတ်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားသို့ ထွက်ခွာခြင်း၊ ယာဉ်မောင်းခွင့် စသည်တို့ကို လုပ်ဆောင်ခွင့်မရှိပါ။
 
၄။ ခန္ဓာကိုယ်ဆိုင်ရာလွတ်လပ်ခွင့်

ခန္ဓာကိုယ်ဆိုင်ရာလွတ်လပ်ခွင့်တွင် အမျိုးသမီးများ ၎င်းတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ချမှတ်ခွင့်ရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ရွေးချယ်ခွင့်၊ အကြမ်းဖက်မှုမှ ကင်းလွတ်ခွင့် စသည်တို့ ပါဝင်ပါသည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုယ်ဝန်ဖျက်ချခွင့်နှင့် သားဆက်ခြားခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအစွဲများ ကြောင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုများ ဆက်လက်တည်ရှိနေပါသည်။
 
၅။ လွတ်လပ်မှုတိုက်ပွဲကို ရင်ဆိုင်ရသော အတားအဆီးများ

Feminism ၏ လွတ်လပ်မှုတိုက်ပွဲတွင် ရင်ဆိုင်ရသောအတားအဆီးများမှာ - ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့များ၊ နိုင်ငံရေးတွင်ပါဝင်ခွင့်၊ ဥပဒေဆိုင်ရာ အကန့်အသတ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်များ မလုံလောက်ခြင်း၊ လူမှုရေးဖိအားများ၊ ဆင်းရဲမွဲတေမှု၊ ပညာရေးကန့်သတ်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ စသည်တို့ ပါဝင်ပါသည်။ ထို့အပြင် ခေတ်သစ်တွင် တော်လှန်ရေးဆန့်ကျင်မှု (backlash) ဟု ခေါ်သော လှုပ်ရှားမှုများလည်း တိုးပွားလာနေပြီး၊ Feminism ကို ဆန့်ကျင်သော အုပ်စုများ ပေါ်ထွက်လာနေပါသည်။
 
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၏ အခန်းကဏ္ဍ
----------------------------------------------

ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ အသက်ကိုပင် စွန့်စားကာ ဖိနှိပ်ခံအားလုံး၏ လွတ်လပ်မှုတိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေကြပါသည်။ Malala Yousafzai (မာလာလာ ယူဆာဖှိုင်) သည် ပါကစ္စတန်နိုင်ငံတွင် မိန်းကလေးများပညာသင်ကြားခွင့်အတွက် တိုက်ပွဲဝင်ခဲ့ပြီး တာလီဘန်များ၏ ပစ်ခတ်မှုကို ခံခဲ့ရသော ကမ္ဘာ့အငယ်ဆုံး နိုဘယ်ဆုရှင်တစ်ဦးဖြစ်ပါသည်။
Tarana Burke သည် #MeToo လှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုတို့အား ရှင်သန်ကျော်လွှားလာသူများကို ပံ့ပိုးကူညီရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုဥပဒေပြဌာန်းရေးအတွက် Women's League of Burma၊Burmese Women Union နှင့် Gender Equality Network နှင့် အဖွဲ့အစည်းအသီးသီးတို့က ဦးဆောင်လှုပ်ရှားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီးခေါင်းဆောင်များ သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြပါသည်။
 
နွေဦးတော်လှန်ရေးမတိုင်ခင် မြန်မာနိုင်ငံ၏ Feminism လှုပ်ရှားမှု
----------------------------------------------------

မြန်မာနိုင်ငံတွင် Feminism လှုပ်ရှားမှုသည် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့ပြီး၊ ဒေါ်ခင်ကြွယ်၊ ဒေါ်သန်းသန်းဝင်း စသည့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများသည် မြန်မာ့လွတ်လပ်ရေးနှင့် အမျိုးသမီး အခွင့်အရေးတွင် ဦးဆောင်းရှေ့ဆောင်ခဲ့ကြပါသည်။ ၁၉၃၀ ခုနှစ်တွင် မြန်မာ့သမိုင်းကြီးတစ်ခုဖြစ်သော ၁၀၄၆ ရာထူးတိုးသတ်မှတ်ခြင်း (အထက်မြန်မာပြည်) တွင် အမျိုးသမီးများကို ဖယ်ထုတ်ခြင်းကို ဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ရတနာပုံဒီဂရီကောလိပ်မှ ကျောင်းသူများ ဦးဆောင်ပါဝင်ခဲ့ကြပါသည်။

ယနေ့ခေတ်တွင် မြန်မာနိုင်ငံရှိ Feminism လှုပ်ရှားမှုတွင် အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုကို တိုးမြှင့်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အမျိုးသမီးများကို လက်ထပ်ထိမ်းမြားရန် ဖိအားပေးခြင်းမှ ကာကွယ်ရေး စသည်တို့အတွက် မြန်မာ့ဥပဒေများတွင် ဥပဒေပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးခြင်းများ ပါဝင်ပါသည်။ Women's League of Burma၊ Gender Equality Network၊ Triangle Women Support Group စသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှရေးအတွက် ဦးဆောင်လှုပ်ရှားလျက်ရှိပါသည်။

 
မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ Feminism လှုပ်ရှားမှုများ
-------------------------------------------------

ထဘီတော်လှန်ရေး

စစ်အာဏာရှင်ကိုဆန့်ကျင်သည့်နေရာတွင် အမျိုးသမီးဝတ်ထဘီများကို အလံအဖြစ် အသုံးပြုခဲ့ကြ သည့် ထူးခြားသော သပိတ်စစ်ကြောင်းများ ပေါ်ပေါက်ခဲ့ပါသည်။ ထဘီအလံများကိုသုံးပြုရာတွင် ပြင်းထန် သည့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စစ်အာဏာရှင်နှင့်အတူ နှစ်ပေါင်းများစွာ အမြစ်တွယ်လာသည့် ဖိုဝါဒစနစ်ကိုတိုက်ဖျက်ရန် ထဘီအလံများသည် တော်လှန်ရေးနှင့်အတူ မွေးဖွားလာသည့် မြန်မာ့ Feminism လှုပ်ရှားမှု၏ အရွေ့တခုဟု ဆိုရမည်ဖြစ်သည်။
 
Mannel စောင့်ကြည့်မှုများ

၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်ထိ သုံးနှစ်တာကာလအတွင်း မြန်မာပြည်၏ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးသည့်  စကားဝိုင်းဆွေးနွေးပွဲများအများစုကို အမျိုးသားများဦးဆောင်နေကြောင်း မှတ်တမ်းတင်ဖော်ပြထားသည့် ဖိုဝါဒလွှမ်းမိုးသောစကားဝိုင်း  “Manel Exhibition”ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် TheSalweenInstitute(SI) တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြသည်။ အမျိုးသားများကိုခြိမ်းခြောက်ရန်မဟုတ်ပဲ ဖိုဝါဒကြီးစိုးမှုကိုတိုက်ဖျက်ရန်၊ ကျား-မတန်းတူညီမျှရေးကို ဝိုင်းဝန်းအဖြေရှာရန် အတူလက်တွဲကြရအောင် လက်တွဲခေါ်ခြင်းဖြစ်ကြောင်း ပြပွဲရည်ရွယ်ချက်ဖြစ်သည်ဟု စီစဉ်သူများကဆိုသည်။

၂၀၂၃ခုနှစ်အောက်တိုဘာလ(၁၉)ရက်နေ့တွင်လည်း  “ Where are the Women? ” “အမျိုးသမီးတွေဘယ်မှာလဲ” ဆိုသည့် “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ ဓာတ်ပုံပြပွဲ” ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အနုပညာနှင့်ယဉ်ကျေးမှုစင်တာတွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့သည်။ ဝေဖန်တိုက်ခိုက်မှုများ ရှိခဲ့သလို တစ်ဖက်တွင်လည်း Manel ကိုနားလည်ပြီး နောက်ပိုင်းစကားဝိုင်းဆွေးနွေးပွဲများတွင် အမျိုးသမီးပါဝင်မှုကို အလေးထားသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည့် အမျိုးသားများလည်း ရှိခဲ့ပါသည်။ မန်နယ်သည်လည်း မြန်မာ့ အမျိုးသမီးအရေးလှုပ်ရှားမှု၏အရွေ့တခုဟု ဆိုရမည်ဖြစ်သည်။

 
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမိုထုတ်ဖော်ပြောဆိုခြင်း
------------------------------------------------

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မြင့်တက်လာပါတယ်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးရည်ရွယ်ချက်အဖြစ် ပစ်မှတ်ထား ကျူးလွန်ကြသလို၊ တော်လှန်ရေးလှုပ်ရှားသူများကလည်း တရားဥပဒေစိုးမိုးမှုအားနည်းသည့်အခြေအနေကို အခွင့်ကောင်းယူကာ ကျူးလွန်ကြသည်။  

အိမ်တွင်းအကြမ်းဖက်မှုများ၊ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ လက်တွဲဖော်ကြား အကြမ်းဖက်မှုနှင့် လိင်အခြေပြုဖိနှိပ်မှုများကို အမျိုးသမီးများဟာ ယခင်ကာလများကဲ့သို့ နှုတ်ဆိတ်မနေကြတော့ဘဲ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာကြပါသည်။ ထိုအခြေအနေသည်လည်း တော်လှန်ရေးကာလအတွင်း ဖိုဝါဒကိုခြေဖျက်ရန် တိုးတက်လာသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။
 

နိဂုံး
----

တော်လှန်ခြင်းဟူသည် လူမှုရေးပြောင်းလဲမှုအတွက် လိုအပ်သော အင်အားတစ်ခု ဖြစ်ပြီး၊ Feminism သည် ဖိနှိပ်မှုအားလုံးအတွက် တော်လှန်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ Feminism သည် ခေတ်ကာလအလိုက် ပြောင်းလဲခဲ့သော်လည်း၊ ၎င်း၏ အခြေခံရည်မှန်းချက်များမှာ - ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးများအား ဖိနှိပ်ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ လူသားတိုင်း၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို အသိအမှတ်ပြုရေး - တို့ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် Feminism အတွက် စိန်ခေါ်မှုများ၊ ဝေဖန်မှုများ ရှိသော်လည်း၊ ကျားမတန်းတူညီမျှရေးသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးပြုကြောင်း အထောက်အထားများက ဖော်ပြနေပြီ ဖြစ်ပါသည်။ Feminism ၏ အနာဂတ်သည် ပိုမိုပေါင်းစည်းထားသော၊ ကွဲပြားခြားနားမှုများကို အသိအမှတ်ပြုသော၊ အမျိုးသားများလည်း ပါဝင်သော လှုပ်ရှားမှုတစ်ခုဖြစ်လာရန် မျှော်မှန်းနိုင်ပါသည်။

အမျိုးသမီးများအတွက်သာမက၊ လူသားအားလုံးအတွက် တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှုကို ရရှိစေသည့် Feminism လှုပ်ရှားမှုသည် မျိုးဆက်သစ်များအတွက် ပိုမိုမျှတသော လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြရဦးမည် ဖြစ်ပေသည်။


အမျိုးသမီးအသံ အမျိုးသမီးအားမာန်စာစဉ်အမှတ် (၆) ဖြစ်သည့် "နွေဦးကို အစပြု၍ (သို့မဟုတ်) စနစ်ပြောင်းတော်လှန်ရေး စာအုပ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီရှင်။
 https://drive.google.com/file/d/16_IUEpaEkiTXu72iC09lOk0VDbKqXc7p/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments
<<Previous
Forward>>
Site powered by Weebly. Managed by Porkbun