Politics for Women Myanmar
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
  • Home
  • About Us
  • Women's Voice Women's Might Media
  • Advocacy
  • Women Empowerment Program
  • Contact
  • ရုပ်ပုံလွှာ
Search by typing & pressing enter

YOUR CART

5/13/2025 0 Comments

အာဏာရှင်လက်အောက် အမျိုးသမီးအလုပ်သမားထုရဲ့ရင်ဖွင့်စကားသံများ

Picture

မလွင်လွင် (စက်ရုံအလုပ်သမ)

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းခွင်အခက်အခဲတွေ အများကြီးပေါ့။ ပြောပြရင်ရင် မကုန်ဘူး။ အာဏာမသိမ်းခင်ကတော့ အခက်အခဲတွေကို ချက်ချင်းထလုပ်ပစ်လိုက်လိုရတယ်။ အခုကတော့ သည်းခံနေရတယ်။ အရင်တုန်းက မေဒေးနေ့တွေဆို အဖွဲ့ချုပ်စီမံပေးတဲ့အဝတ်လေးတွေ ဆင်တူ ဝတ်ကြတယ်။ နေရာတနေရာမှာလူစုလူဝေးတွေနဲ့ပေါ့  ပြဇာက်တွေ လုပ်ကြတယ်။ စက်ရုံထဲကအခက်အခဲတွေပြဇာတ်လုပ်ပြီး သရုပ်ဆောင် ကြတာပေါ့။  ဓာက်ပုံတွေရိုက်ကြနဲ့ ပျော်နေရတယ်။ အခုဆို ဘာမှ မလုပ်ရတော့ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့။

စက်ရုံကမန်နေဂျာနဲ့ ပြောရတဲ့အပိုင်းတွေက အများကြီးပဲပေါ့။ ရသလောက်တော့ ရအောင်ယူရတယ်။ အလုပ်သမားတွေမနစ်နာအောင်လည်း ရအောင်ပြောရတယ်။ အခွင့်အရေးတွေရအောင်လည်း မနည်းပြောရတွေလည်း ရှိတာပေါ့။ လုပ်ခလစာကတော့ သူများစက်ရုံတွေ ရသလောက် ရအောင်   တောင်းရတာပေါ့။ အခုချိန်မှာကလုပ်ချင်တိုင်းမလုပ်ရတာတော့ ရင်နာရတာပေါ့။ နိုင်ငံရေးကြီး အမြန်ပြီးမြောက်ပါစေ။ အလုပ်သမားထုအားလုံးလည်း လုပ်ခလစာတွေလည်း အများနဲ့တန်းတူမရသေးတဲ့ အလုပ်သမားတွေလည်း အမြန်ဆုံးရကြပါစေ။ အလုပ်သမားအခွင်ရေးကို မရကြသေးတဲ့အလုပ်ရုံတွေလည်း အမြန်ဆုံးရကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
 

မစု (စက်ရုံအလုပ်သမ)
အရင်တုန်းကတော့ လွတ်လပ်စွာလမ်းလျှောက်ပြီး အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုကြတယ်။ အင်္ကျီ ဆင်တူတွေ ဝတ်ပြီးလမ်းလျှောက်တာတွေကတော့ အမှတ်တရပါပဲ။ အာဏမသိမ်းခင်ကတော့ အကြောင်းတစ်ခုခုဖြစ်ရင် ရုံးမှာသွားပြီး ဖြေရှင်းကြတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဘယ်မှတိုင်လို့ မရတော့ အလုပ်သမားတွေကို အလုပ်ရှင်က စိတ်ကြိုက် လုပ်တော့ တာပေါ့။‌ Super၊ Leader တွေက ဆဲဆိုပြီးခိုင်းတော့တာပဲ၊ မလုပ်နိုင်တဲ့ အလုပ်သမားတွေကတော့ အလုပ်ထွက်ကြတာပေါ့။ အာဏာသိမ်းပြီးနောက်မှာ ခွင့်ယူဖို့ခက်ခဲလာတယ်။

Super၊ Leader တွေနဲ့တည့်နဲ့သူတွေကျတော့ အလွယ်ရတယ်။ သူတို့အမြင်မကြည်တဲ့သူကျတော့ ခက်ခဲတယ်။ခွဲခြားလာတယ်။လုပ်ခလစာနဲ့ပတ်သက်ပြီး အာဏာမသိမ်းခင်ကတော့ ပိုပါတယ်။ စားပြီး သောက်ပြီး စုလို့ရတယ်။ အခုနောက်တော့ မလောက်တော့ဘူး။ ကုန်ဈေးနှုန်းကကြီးတော့။ အလုပ်သမား အခွင့်အရေးတွေကို အာဏာသိမ်းပြီးတဲ့နောက်တော့  အလုပ်သမားတွေစည်းလုံးမှုနဲ့ အလုပ်သမားအခွင့်အရေး တွေကို စုစည်းမှုနဲ့ တောင်းဆိုတယ်။ အလုပ်သမားထုအားလုံးအတွက် တောင်းဆိုချင်တာကတော့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာတောင်းဆိုခွင့် အမှန်တရားကို လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ကို အလုပ်သမားထုကြီးအတွက် လိုချင်ပါတယ်။


ဖြိုးယမုံ  (စက်ရုံအလုပ်သမ)

အရင်တုန်းက ကိုဗစ်တို့ အာဏာသိမ်းမှုတွေ မဖြစ်လာခင်က စက်ရုံတကာက စုဝေးပြီးတော့ ယူနီဖောင်းဆင်တူတွေ ဝတ်ကြတယ်။ စက်ရုံတိုင်းကသမဂ္ဂခေါင်းဆောင်တွေက အကုန်လုံးကို ခေါ်သွား ပြီးတော့ အဲ့လိုတစုတဝေးထဲမှာ စည်းလုံးညီညွှတ်မှု အလုပ်သမား စည်းလုံးညီညွှတ်မှုတွေ ပြောကြတယ်။ နာမည်ကြီးတဲ့ အဆိုတော်တွေကအစ အလုပ်သမားတွေကနိုင်ငံတော်ရဲ့ တထောင့်တနေရာမှာ ပါဝင်ကြတယ်။

အားမလျော့ဖို့ ကိုယ့်ကိုကိုတန်ဖိုးရှိကြောင်း အဲလိုလာပြောကြတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးသိန်း ကိုယ်တိုင်လည်း လာပြီးတော့  အလုပ်သမားတွေကို အားပေးစကားတွေပြောတယ်။ အရင်နှစ်တွေ တုန်းကတော့ အဲ့လိုလုပ်ဖြစ်တယ်။ ဒီနောက်ပိုင်းနိုင်ငံရေးမကောင်းတာနဲ့ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အဲ့လိုအခွင့်အရေးတွေလည်း မရှိတော့ဘူး။ အဲ့လိုအမှတ်တရတွေလည်းမရှိတော့ပါဘူး။

မေဒေးနေ့ဆို ယူနီဖောင်းတောင် လိုက်ဝယ်လို့မရတဲ့အနေအထား ဖြစ်သွားပါတယ်။ ကိုဗစ်မှာကိုက လှုပ်ခတ်သွားတယ်။ တချို့မိဘတွေက ပြန်ခေါ်တာတွေ ရှိတယ်။ အဲ့လိုမျိုးလှုပ်ခတ်သွားပြီးတော့ စစ်ဖြစ်တဲ့အချိန်မှာ ပိုပြီးဆိုးသွားတယ်။ နောက်ပိုင်းစက်ရုံတွေက သူဌေးတွေက မြန်မာနိုင်ငံမှာ ထပ်ပြီး မရင်းနှီး၊ မမြုပ်နှံချင်တော့တဲ့အခြေအနေမျိုးမှာ တရုံနဲ့တရုံ အလုပ်သမားတွေ ပြောင်းရွေ့ရတာမျိုးတွေ လုပ်ငန်းခွင် ရှားပါးသွားတာတွေ အများကြီးကြုံတွေ့ရတယ်။ အခုဆိုလည်း အဲ့လိုမျိုးပါပဲ။

လုပ်ငန်းခွင်ရှားပါးသွားတော့ အလုပ်သမားတွေကို သူဌေးတွေက ပိုပြီးဖိနှိပ်တာတွေ၊ အရင်ကထက် ချုပ်ချယ်တာတွေ အလုပ်သမားအခွင့်အရေးကို အရင်တုန်းကလောက် လွယ်လွယ်ကူကူ မရတော့တာတွေလည်း ကြုံရပါတယ်။ လုပ်ခလစာကလောက်ငမှုရှိလားဆိုတော့ ကုန်ဈေးနှုန်းက တက်နေတာဆိုတော့ သူတို့က ဒီလိုမျိုး တပြေးညီ တက်မယ်ဆိုလည်း ကျွန်မအနေနဲ့ဖြစ်စေချင်တာ။

သူဌေးတွေအကုန်လုံးစည်းလုံးတယ်ဆို တက်မယ်ဆိုလည်း တပြေးညီတက်လိုက်ပေါ့။ အဲ့လိုမျိုးမဟုတ်ဘူး။ အခုဒီရုံကတက်တယ်။ ဒီရုံကကျတယ်။ အဲ့လိုမျိုးတွေဆိုတော့ ဝန်ထမ်းတွေအနေနဲ့ အရမ်းအခက်အခဲ ဖြစ်ရတယ်။ အလုပ်သမားထုက ဆန္ဒမပြမချင်း အလုပ်သမားထုက မတောင်းမဆိုမချင်း သူတို့က မသိချင်ယောက်ဆောင်နေတာမျိုးတွေ တကယ့်တကယ်တောင်းဆိုလည်း တောင်းဆိုသလောက် မပေးဘူး။

နည်းနည်းပဲပေးတာမျိုး၊ အချိန်ဆွဲတာမျိုး အများကြီးကြုံတွေ့ရပါတယ်။ သူတို့ကို တင်ပြတဲ့အခါမျိုးမှာလည်း တဦးတယောက်ထဲခံရတာ မဟုတ်ဘူး။ သူတို့ဘက်ကိုလည်း ပြန်ကြည့်ပေါ့။ သူတို့ကလည်း အရင်းမရှိဘဲနဲ့ အမြတ်ဆိုတာဖြစ်လာမှာ မဟုတ်ဘူး။ အဲ့လိုမျိုး ကွန်ပလိမ်းတွေတက်ပြီးတော့ အလုပ်သမားတွေကို လုပ်ခလစာကို ပြည့်ပြည့်ဝဝမပေးချင်ဘူး။

ခိုင်းတာက နှစ်ယောက် သုံး‌‌ယောက်လုပ်ရမယ့်အရာကို တယောက်ထဲခိုင်းတာမျိုး လုပ်ခလစာ နင်တို့လိုချင်သလောက်ပေးမယ်။ ပြီးရင်ငါတို့ခိုင်းသလောက်ကို နင်တို့လုပ်ပေးရမယ်၊ နှစ်ယောက်လုပ်ရမှာကို တယောက်ထဲလုပ်ရမယ် သုံးယောက်လုပ်ရမယ့်ဟာကို နှစ်ယောက်လုပ်ရမယ် အဲ့လို သူတို့ဘက်က ချိုးဖောက်မှုတွေရှိလာပါတယ်။

အခုနောက်ပိုင်းမှာက သူတို့က လစာတိုးပေးရတဲ့အခြေအနေမှာ ဘယ်သူ့ကိုပဲကြည့်လိုက်ကြည့်လိုက် တချို့စက်ရုံတွေဆို လူစကားနားမလည်ဘူးတောင်ပြောရမလား အခုလိုခေတ်ကာလ စိုးရိမ်နေရတဲ့ အခြေအနေမျိုးမှာ တခုခုဆို ၈ နာရီခေါ်တာတို့  ၁၀နာရီခေါ်တာတို့ OT ချိန်တွေ အရမ်းကြီးတောင်းတယ်။ ဝန်ထမ်းတွေကို မညာမတာခိုင်းတယ်။အဲ့လိုမျိုးတွေ့မြင်နေတာတွေလည်း ရှိပါတယ်။

ညဘက်က ဖယ်ရီရှိပေမယ့် အိမ်ထိမဟုတ်ဘူး။ လမ်းထိပ်မှာပဲချပေးတာ လမ်းထဲမှာ ဘာဖြစ်မလဲဆိုတာ  မပြောနိုင်ဘူး။ လုယက်တာတွေ ရှိတယ်။ မီးကလည်းပျက်တယ်။ ဒီနေ့ OT ခေါ်လို့မလုပ်ရင် နောက်နေ့ အညိုးထားပြီးပြောတာတွေ ခြိမ်းခြောက်တာတွေလည်းရှိတယ်။ နောက်နေ့အတွက်ကို ကြိုတွေးပြီးတော့ ဒီတညတော့ဖြစ်ချင်တာဖြစ်ဆိုပြီး ဆင်းလိုက်ရတဲ့ဝန်ထမ်းတွေလည်း ရှိတယ်။

တချို့ကလေးတွေကလည်း မဆင်းချင်ဘူး။ သူတို့အထက်ကခေါင်းဆောင်တွေ ဖိအားတွေကိုကြောက်လို့ အဲ့လိုညကြီးမိုးချုပ် ဆင်းနေရတာ တွေလည်း တွေ့ရပါတယ်။ ကျွန်မတို့စက်ရုံဆို နှစ်ယောက်သုံးယောက်လုပ်ရမယ့်အလုပ်ကို တစ်ယောက်ထဲ ခိုင်းတာမျိုးတွေ မရရင်ပြောဆိုတာမျိုးတွေ နောက်ပြီး တစ်နာရီကို သူက ဘယ်လောက်လုပ်နိုင်တယ်။ ဘယ်လောက်ခိုင်းရင်ကောင်းမလဲဆိုတာမျိုးတွေ ရှိတယ်။

မေဒေးနေ့နဲ့ပတ်သက်ပြီးဖြစ်နိုင်ရင် အရင်လိုမျိုး စည်စည်ကားကားလေး မေဒေးနေ့ရောက်ပြီဆို ပျော်ပျော်ပါးပါးထက် စည်းစည်းလုံးလုံးနဲ့ စက်ရုံတစ်ရုံနဲ့တရုံ အလုပ်သမားတွေအားလုံးလည်း ငါတို့အလုပ်သမားထုကြီးက ဒီလောက်တောင်များပြားပါလားဆိုတဲ့ စိတ်ခွန်အားလည်း ဖြစ်စေတယ်။ အဲ့လိုမျိုးလည်း ပြန်ဖြစ်ချင်တယ်။ လောလောဆယ်မဖြစ်နိုင်ဘူးလည်း သိပါတယ်။ အခုက လူ ၁၀ ယောက်ထက် ပိုစုရင်တောင်ဖမ်းမယ်စီးမယ်ဆိုတာလည်း သိတယ်။ အဲ့လိုမျိုး ပြန်ဖြစ်စေချင်တယ်။
​
အရင်တုန်းက အဲ့လိုမျိုးသူတို့ဆောင်ရွက်ပေးခဲ့တာတွေ စက်ရုံရဲ့သမဂ္ဂခေါင်းဆောင်တွေ ဆောင်ရွက်‌ ပေးခဲ့တာတွေ၊ အဲ့လိုမျိုးလေးတွေ ကိုယ်တွေကိုအမှတ်တရဖြစ်စေခဲ့လို ကျေးဇူးတင်ပါတယ်။
 
 
အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။ 
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/13/2025 0 Comments

အလုပ်သမတွေအရေးအတွက် အသင့်ရှိသူ

Picture

​အမရာမှ ရေးသားပြုစုသည်။

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၇) မှ ကောက်နုတ်ဖော်ပြသည်။


“အမျိုးသမီးအများဆုံးရှိနေတဲ့လုပ်ငန်းခွင်အသီးသီးကအမျိုးသမီးတွေမလွတ်မြောက်သေးသ၍အမျိုးသမီးထုလွတ်မြောက်နိုင်မှာမဟုတ်ဘူး” လို့ခံယူထားသူကတော့ အလုပ်သမားထုအရေးအတွက် တက်ကြွသူတစ်ဦးဖြစ်တဲ့ မခင်သန္တာမိုးပါ။


မခင်သန္တာမိုးဟာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ရဲ့ ဗဟိုအလုပ်အမှုဆောင် တယောက်ဖြစ်သလို women’s committee – FGWM ရဲ့ တာဝန်ခံတယောက် အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဇာတိကဖြစ်ပြီး တောင်သူလယ်သမား မိဘနှစ်ပါးက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်လောက်မှာ ရန်ကုန်အထည်ချုပ်စက်ရုံမှာ စတင်အလုပ်လုပ်ကိုင်ခဲ့တယ်။ ဝါသနာကတော့‌ ကျောင်းဆရာမ ဖြစ်ချင်ခဲ့တာပါ။ တခြားသူတွေကို နားမလည်တာပြောပြ၊ သင်ပြရတာ သဘောကျပြီး၊ မတရားမှုတွေကို လက်မခံဘဲ အမှန်တရား ပေါ်ပေါက်အောင် လေ့လာစူးစမ်းရတာတွေကို ဝါသနာပါခဲ့သူဖြစ်တယ်။

ဒီလို မတရားမှုကိုလက်မခံနိုင်တဲ့ စိတ်အရင်းခံတွေကြောင့်ပဲ သမဂ္ဂမှာပါဝင်လှုပ်ရှားဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ၊ မတရားမှုတွေ များလာတာကြောင့် စုပေါင်းတောင်းဆိုဖို့လုပ်ငန်းခွင်အတွင်း ဘဝတူအလုပ်သမားတွေကိုစည်းရုံး လှုံဆော်ရင်း လက်ရှိအချိန်အထိ သမဂ္ဂမှာပါဝင်လှုပ်ရှားဆောင်ရွက်နေပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားမှုတွေပြုလုပ်မလဲဆိုတာ အစည်းအဝေးတွေထိုင်ကြတယ်၊အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တွေနဲ့တိုင်ပင်ကြတယ်။ အလုပ်သမားထုဆိုတာ မတရားမှုတွေနဲ့ နေ့စဉ်ယဉ်ပါးနေကြတဲ့သူတွေဖြစ်တဲ့အတွက် မတရားမှုကို ဆန့်ကျင်ဖို့လက်တွန့်ကြသူတွေ မဟုတ်ပါဘူး။

လုပ်ငန်းရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ ဂုတ်‌သွေးစုပ်မှုတွေကို နေ့စဉ်နဲ့အမျှ တိုက်ပွဲဝင်နေကြတဲ့သူတွေဖြစ်တဲ့အတွက် အလုပ်သမားလူတန်းစားတွေအတွက်  ဆန္ဒပြပွဲတွေ သပိတ်တိုက်ပွဲတွေဟာ ရင်းနှီးအသားကျပြီးသား ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းမှုမှာလည်း အလုပ်သမားထုကြီးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့နေရာမှာ ပါဝင်ခဲ့ကြတယ်။ သို့သော် ဒီတခါ ရင်ဆိုင်ရာမှာက လုပ်ငန်းရှင်မဟုတ်ဘဲ စစ်အာဏာရှင်ဖြစ်တဲ့အတွက် ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ဖို့ အဆင့်ပြင်ထားခဲ့ကြတယ်။

ဒီလိုနဲ့အလုပ်သမားထုဟာ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာလမ်းပေါ်ထွက်လာခဲ့ကြတယ်။ ကိုယ်ရဲ့ သက်ဆိုင်ရာစက်ရုံက အလုပ်သမားတွေကို စည်းရုံးပြီး အခုရင်ဆိုင်ရမှာက လက်နက်ပါတဲ့အာဏာရှင် ဖြစ်တဲ့အတွက် အိမ်ပြန်လမ်းကမသေချာကြောင်း၊အဖမ်းခံရနိုင်တာလည်းဖြစ်နိုင်ပြီး မိသားစုကိုအသိပေးခဲ့ဖို့ ဆုံးဖြတ်ချက်သေချာချပြီး လိုက်ခဲ့ဖို့ မခင်သန္တာမိုးအပါအဝင် ခေါင်းဆောင်တွေက ပြောဆိုခဲ့တယ်။

“ရင်ဘက်ခြင်းတူတဲ့လူတွေလိုက်ခဲ့ပါ။ မလိုက်လည်းဘာမှမဖြစ်ဘူး ဒီပွဲကအားလုံးနှင့် ဆိုင်တယ်။ နိုင်ငံရဲ့အရေးက ငါတို့ရဲ့အရေးလည်းဖြစ်တယ်။ အစိုးရကောင်းမှ ငါတို့အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင် စားသောက်လို့ ရမယ်ဆိုတာ သိထားရမှာလည်းဖြစ်တယ်” လို့ အလုပ်သမားထုကြီးကို ပြောဆို စည်းရုံးခဲ့တယ်။

မခင်သန္တာမိုးကိုယ်တိုင်လည်း ဖေဖော်ဝါရီ (၆) ရက်နေ့ကစလို့ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို ကျရာနေရာကပါဝင်မယ်လို့ဆုံးဖြတ်ထားပြီး နောက်ဆုံး ထွက်သက်အထိ လုပ်နိုင်တာအကုန်လုပ်ဖို့၊ စစ်အာဏာရှင်ပြုတ်ကျဖို့အတွက်ဆို အသက်ပေးရရင်တောင် တန်တယ်လို့ ခံယူထားပါတယ်။

“ကျွန်မတို့လက်ထက်မှာ အာဏာရှင်ရဲ့လက်အောက်မှာ နေရမယ့်နောက်ဆုံးမျိုးဆက် ဖြစ်ရမယ်။ ကျွန်မတို့သားသမီးတွေအပါအဝင် နောက်လာနောင်သားနဲ့ မျိုးဆက်လက်ထက်မှာ အာဏာရှင် လုံးဝမရှိစေချင်ပါဘူး” လို့ ဆိုပါတယ်။

ဒီလိုခံယူချက်တွေပြင်းပြလှတဲ့ မခင်သန္တာမိုးဟာ သပိတ်တွေမှာတောက်လျှောက်ပါဝင်ခဲ့ပြီး ပြောက်ကျားသပိတ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၂၁ ခုနှစ်ဩဂုတ်လမှာ စက်ရုံလုပ်ငန်းခွင်ထဲအထိ  ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်။  ပုဒ်မ ၅၀၅ (က) ၁၂၄/၁၇ စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရတယ်။

​၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ပြန်လွတ်တဲ့အခါမှာလည်း ထပ်မံနိုင်ငံရေးမလုပ်ဖို့ ခံဝန်ထိုးခဲ့ရတယ်။နောက်ထပ်နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင် ကျန်နဲ့ပြစ်ဒဏ်နဲ့ အခုပြစ်ဒဏ်ပေါင်းပြီး ခံရမယ်ဆိုတဲ့အကြောင်း ခံဝန်ကတိထိုးခဲ့ရတယ်။ အကျဉ်းထောင်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဘော်ဘီ ဟန်ငြိမ်းဦးရဲ့ telegram channel ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေခံခဲ့ရတယ်။ ပြည်တွင်းထဲမှာ မလုံခြုံတော့တဲ့အတွက် တဖက်နိုင်ငံကို ၂၀၂၂ခုနှစ် ဇွန်လမှာရောက်ရှိခဲ့တယ်။

တဖက်နိုင်ငံမှာ အထောက်အထားစာရွက်စာတမ်းတွေနဲ့နေထိုင်နေပေမယ့်လည်း စိတ်မလုံခြုံနဲ့ နေ့ရက်တွေနဲ့ရင်ဆိုင်ရပါတယ်။ အစစ်အဆေးတွေရှိလာတယ်ကြားတာနဲ့ အိမ်ပြင်တောင်မထွက်ရဲတဲ့အထိ ဖြတ်သန်းနေထိုင်ရပါတယ် ။တဖက်နိုင်ငံကိုရောက်ရှိလာပြီးနောက်မှာလည်း ပြည်တွင်းက အလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ပြည်တွင်းကအလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ကြပ်တည်းမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ကူညီဖြေရှင်း ပေးနေပါတယ်။ ဒါ့အပြင် ရွေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။

“ရွေ့ပြောင်းအလုပ်သမား ဆိုတဲ့နေရာမှာ လက်ရှိရောက်နေတဲ့နေရာမှာဆို မြန်မာလူမျိုးတွေ အများဆုံးဖြစ်တယ် ၊ အခြေအနေ အရပ်ရပ်ကြောင့် နေရပ်စွန့်ခွာထွက်လာပြီး ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာတယ်၊ အိမ်ရှင်နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေလုပ်ရတယ် လုပ်ခလစာအနှိမ်ခံရတယ် ဒီပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း ကူညီဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေတာတွေရှိပါတယ်” လို့ မခင်သန္တာမိုးက ပြောပါတယ်။

လုပ်ငန်းခွင်ထဲက အမျိုးသမီးအလုပ်သမတွေအရေးနဲ့ ပတ်သက်ပြီး‌တော့လည်း လိုအပ်ချက်တွေကို အတက်နိုင်ဆုံးဆောင်ရွက်တောင်းဆိုတာတွေ ပြုလုပ်ပါတယ်။ လုပ်ငန်းခွင်ထဲက အမျိုးသမီး အလုပ်သမား ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လိုအပ်ချက်တွေကို အလုပ်ရှင်သိအောင် တောင်းဆိုတာ၊ အလုပ်သမားတွေ တောင်းဆိုချက်ကို သက်ဆိုင်ရာကုန်အမှတ်တံဆိပ်တွေ သိအောင် အီးမေးလ်တွေပို့ပြီး တောင်းဆိုမှုကို လေးစားလိုက်နာပြီး လိုက်ပါဆောင်ရွက်ပေးဖို့တိုက်တွန်းတာတွေ ပြုလုပ်ခဲ့တယ်။ ဒီလိုတောင်းဆိုချက်တွေ ကြောင့်ပဲ တချို့စက်ရုံတွေမှာ ပြောင်းလဲသွားတာတွေလည်းရှိခဲ့တယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အိမ်သာကအစသက်သောင့်သက်သာဖြစ်စေဖို့  ဗိုလ်ထိုင် အိမ်သာ လုပ်ပေးတာမျိုး ၊ စက်ရုံကဆေးပေးခန်းတွေမှာ ဆေးဝါးလုံလုံလောက်လောက် ထားပေးတာမျိုး ၊ pad ထုပ်တွေ ဆေးပေးခန်းမှာ ထားပေး လာတာတွေ ၊ အိမ်သာတွေ သန့်ရှင်းအောင် လုပ်ပေးတာမျိုး ၊ ကလေးမွေးပြီးကာစ မိခင်တွေအတွက် နို့ညှစ်ပြီးအအေးခန်းထဲထားနိုင်အောင် စီစဥ်ပေးတာမျိုး နောက်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် ဖယ်ရီကား သီးသန့်စီစဥ်ပေးတာမျိုး တချို့တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကုန်အမှတ်တံဆိပ်တွေချုပ်တဲ့ စက်ရုံတွေ မှာလုပ်ပေးလာတာတွေ့ရပါတယ်။

“အလုပ်သမားအမျိုးသမီးတွေရဲ့ဘဝက ကံတရားအတိုင်းလို့ သတ်မှတ်ခံထား ရတဲ့အခြေအနေ ဖြစ်တယ်။ ကံတရားအတိုင်းမဟုတ်ဘူး လုပ်ငန်းခွင်ထဲဖိနှိပ်ခံနေရဝာာ ဒါက ငါတို့ရဲ့အခွင့်အရေးတွေ ဖြစ်တယ်ဆိုတာရဲရဲတင်းတင်းပြောဖို့ သတ္တိတွေမွေးပေးရတာပေါ့” လို့ မခင်သန္တာမိုးကပြောပါတယ်။

မခင်သန္တာမိုးအနေနဲ့ သမဂ္ဂထဲမှာဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံခံ ရတာတော့ မရှိပေမယ့် လူမှုအသိုင်းအဝိုင်းမှာတော့ ခွဲခြားမှုတွေနဲ့ကြုံတွေ့ရပါတယ်။

“မိန်းကလေးဖြစ်ပြီး နိုင်ငံရေးလုပ်နေတာ စိတ်ဝင်စားနေတာ ဒါနင်တို့မိန်းမတွေရဲ့အလုပ်လားဆိုပြီး ကျွန်မနိုင်ငံရေးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာတော့ ကျွန်မတို့မိသားစုဝင်တွေထဲကရော ပတ်ဝန်းကျင်ကရော ပြောကျတဲ့စကားတွေပါ။ မိန်းကလေးဖြစ်ပြီးအေးဆေးမနေဘူး ကျွန်မစဥ်းစားတယ်မိန်းကလေးဖြစ်တာနဲ့ ကျွန်မတို့ကိုဘာမှစိတ်မဝင်စားနဲ့ လင်ယူသားမွေး အိမ်ထောင်ထိန်းသိမ်း ကျန်တာနင်တို့နဲ့ဘာမှမဆိုင်ဘူးဆိုပြီး ခွဲခြားလိုက်တာပါပဲ”
လို့ မခင်သန္တာမိုးကပြောပါတယ်။

ကိုယ်တိုင်လည်း ရှေးရိုးစွဲအယူအဆတွေနဲ့ပတ်သက်ပြီး တွန်းလှန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ အိမ်ထောင်ရေး အဆင်မပြေ တာတွေ ကြုံတွေ့ရတဲ့အခါ ခွန်အားပေးတာ၊ ပြောင်းလဲနိုင်ဖို့ ကူညီပေးတာ၊ အတွေးအခေါ် ပြောင်းလဲပေးတာ စတာတွေလည်း ဆောင်ရွက်ခဲ့တယ်။ ဒီလိုကူညီတဲ့အခါမှာလည်း မိသားစုက ကိုယ်နဲ့မဆိုင်တာဝင်မပါဖို့ တားလေ့ရှိတယ်။
​
“အဲဒီအချိန်မှာ ကျွန်မအမြဲပြောလေ့ရှိတာကတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနှု တ်ဆိတ်နေရင် မတရားမှုကိုလက်ပိုက်ကြည့်နေတာ ဖြစ်တယ်။ အဲတာဆို ကိုယ့်မှာရောအပြစ်ကင်းတယ်လို့ မခံစားရဘူး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ဒီပြစ်မှုကို ကိုယ်တိုင်ပါဝင် ပတ်သက်ကျူးလွန်နေတာပဲ”
လို့မခင်သန္တာမိုးက ခံယူထားတယ်။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရစေချင်တယ်အမျိုးသမီးတွေအကုန်လုံး အမျိုးသမီးဆိုတာ အားနည်းသူမဟုတ်ဘူး ခွန်အားကြီးသူတွေဖြစ်တယ်။အခွင့်အရေး၊ အခွင့်အလမ်း တန်းတူရစေချင်တာက မခင်သန္တာမိုးရဲ့ဆန္ဒပါပဲ။
ရှေ့ဆက်ပြီး လုပ်ငန်းခွင်ထဲကအမျိုးသမီးတွေလွတ်မြောက်ရေးကို အလေးထားကာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

“နောက်ပြီးတော်လှန်ရေးကြီးပြီးရင် ကျွန်မတို့မဖွံဖြိုးသေးတဲ့ နေရာ‌ဒေသ ကျွန်မဇာတိမြေအပါပေါ့ အဲလိုနေရာတွေကိုသွားပြီး ကိုယ်တက်နိုင်သ၍ တက်စွမ်းသ၍ကိုယ်လေ့လာသင်ယူထားတဲ့ အတွေးအခေါ်တွေ အသိပညာတွေ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တာတွေဝေမျှတာတွေ အသိပညာပေးတာ သူတို့ခံစားချက်တွေကို နားထောင်ချင်တယ်။ ရှေးရိုးစွဲအယူအဆတွေကြားကနေလွတ်မြောက်အောင် လုပ်ပေးချင်တယ်  စရှိသဖြင့် လုပ်ဖို့စိတ်ကူးထားတယ် ။ တော်လှန်ရေးကြီးအမြန်ပြီးချင်ပါပီ ကျွန်မ စိတ်ကူးတွေ အကောင်အထည်အမြန်ဖော်ချင်လို့ပါ”
လို့ မခင်သန္တာမိုးကဆိုပါတယ်။


အမျိုးသမီးအသံအမျိုးသမီးအားမာန် စာစဉ် အမှတ်(၇) ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီရှင်။ 
https://drive.google.com/file/d/1bYrwUV79wkNmbMY61EmLFSUt3BuPl0Kn/view?usp=sharing


#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

Picture
0 Comments

5/2/2025 0 Comments

အမျိုသမီးခေါင်းဆောင်သစ်တို့၏အတွေးအမြင်များကဏ္ဍ

Picture

မနွေဦးကံကော်
CDM
(စေတနာ့ဝန်ထမ်း၊ တယ်လီကျန်းမာ)
 
၁။ စစ်အာဏာသိမ်းမှုအစောပိုင်းကာလက တော်လှန်ရေးမှာအမျိုးသမီးထုပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသမီးတွေပါဝင်မှုအင်မတန်အားကောင်းတာတွေ့ရတယ်။ အစော ပိုင်းမှာ သံပုံးတွေတီးကြတယ်ဆိုတဲ့အချိန်ကတည်းက အိမ်ရှေ့မှာသံပုံးတီးကြတယ်ဆိုရင်  အမျိုးသမီးတွေ များတယ်။ အသက်ကြီးတဲ့ အဖွားကြီးတွေကနေ ကလေးတွေအထိ ပါလာကြတယ်။နောက်တခါ CDM လုပ်တဲ့ အချိန်၊ ဆန္ဒပြတဲ့အချိန်မှာလည်း အမျိုးသမီးတွေများတယ်။ ဆန္ဒပြမယ်ဆိုလည်း အမျိုးသမီးတွေများတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာလည်း အဓိကပံ့ပိုးသူတွေအဖြစ်နဲ့ ပါဝင်ကြတယ်။

အဲ့ကာလမှာ စက်မှုဇုန်တွေကဆို အမျိုးသမီးအင်အား အင်မတန်ကောင်းတယ်။ သူတို့တွေက ဆန္ဒပြပွဲတွေမှာဆိုလည်း ရှေ့ဆုံးက အားတက်သရော ပါကြတယ်။ လှိုင်သာယာဖြိုခွင်းမှုဆိုလည်း အမျိုးသမီးတွေ တော်တော်များများပါတယ်။ နွေဦးတော်လှန်ရေးစပြီး အာဏာသိမ်းတယ်ဆိုကတည်းက ပထမဦးဆုံးဒေါသထွက်တဲ့လူထုကြီးကို ကြည့်မယ် ဆိုရင် အမျိုးသမီးကပိုများ တယ် အဲ့လိုမျိုးတောင်ခံစားမိပါတယ်။
 
၂။ လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ အပြောင်းအလဲ ဘာတွေရှိပါသလဲ။
လက်ရှိကာလမှာကို ကြည့်ရင့် CDM မှာ အမျိုးသမီးအင်အား အများကြီးကောင်းတယ်။ ကျောင်းဆရာမတွေ ဆိုရင် ပိုသိသာတယ်။ စစ်ရေးဘက်မှာလည်း လူငယ်အမျိုးသမီးတွေက တော်တော်ပါတယ်။ ပြောက်ကျား သပိတ်တွေ အထိ အမျိုးသမီးတွေ ဦးဆောင်တာကို တွေ့ရပါတယ်။ တော်လှန်ရေးမှာ သတ္တိကောင်းကြတယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝမှာနိုင်ငံရေးထဲကို သတ္တိရှိရှိနဲ့ပါဝင်လာရလိမ့်မယ်လို့ မထင်ဘဲနဲ့ပါဝင်တယ်။ ပါဝင်ရင်းနဲ့ သတ္တိတွေက အလိုလိုရှိသွားတယ်။ အမျိုးသမီးအချင်းချင်းလည်း ပြန်ကြည့်တယ်။

ကိုယ်က PDF ထဲမှာ ပါနေတဲ့အမျိုးသမီးတွေ တပ်ဦးမှာပါနေတဲ့အမျိုးသမီးတွေကိုကြည့်ရင် သူတို့ကို ပြန်ပြီး moti ယူရတယ်။ သူတို့ကလည်း ပြောတယ်။ သက်ကြီးပိုင်းမှာရှိနေတဲ့ အမတို့လိုမျိုး လူတွေတောင်မှ ပါလာတယ်ဆိုတဲ့အပေါ်မှာ သူတို့က ပြန်ပြီးခွန်အားဖြစ်တယ်။ အပြန်အလှန်ခွန်အားယူကြတာပေါ့။ နောက်ပြီး တော့လည်း ရှေ့တန်းမှာ မျက်နှာသစ်အမျိုးသမီးတွေ တော်တော်လေးတွေ့လာရတယ်။ အရမ်းအားရစရာ ကောင်းပါတယ်။
 
၃။ ဒီတော်လှန်ရေးအရွေ့မှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဘယ်လောက်အထိ ရှိနေပြီလို မြင်ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရရှိနေကြပြီလဲ။
အမျိုးသမီးတွေကဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ရင်တော့ အများကြီးမရသေးဘူး။ အခုလေ့လာကြည့်သလောက် NUCCထဲမှာလည်း အမျိုးသမီးအင်အား နည်းတယ်။ NUG အစိုးရအဖွဲ့ထဲမှာဆိုလည်းဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ယောက် ရှိတယ်။ ဒုဝန်ကြီးနေရာမှာ အမျိုးသမီး (၃) ယောက်ရှိတယ်။ သို့သော် သူတို့ရဲ့ ကဏ္ဍတွေဖော်ပြမှုက အရမ်းအားနည်းသလိုပဲ။

မီဒီယာပိုင်းတွေကလည်း သူတို့သတင်းတွေနဲ့ပတ်သက်ပြီး အရမ်းဖော်ပြတာမရှိသလို သူတို့ကိုယ်တိုင်ကလည်း အများကြီးလူရှေ့ကိုတအားကိုထွက်မလာသလို ခံစားနေမိတယ်။ အင်တာဗျူးတွေ ဆိုရင်လည်း တကယ့်သတင်းဌာနကြီးတွေပဲ ဒေါ်ဇင်မာအောင်လောက်ကို ဗျူးတာ တွေ့တယ်။ ကျန်တဲ့အမျိုးသမီးဝန်ကြီးတွေက မှေးမှိန်နေတယ်လို ခံစားမိတယ်။ EROs တွေဘက်မှာဆိုလည်း ပိုသိသာတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အခုချိန်ထိ အမျိုးသမီးတွေပါဝင်လာတာကို မတွေ့လာဘူး။

AA လိုအဖွဲ့မျိုး အမျိုးသမီးမရှိဘူး။ KIA လိုအဖွဲ့မျိုးသူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူနေရာမှာ အမျိုးသမီးတွေ တယောက် မှ မရှိဘူး။ CNF  လိုမျိုးအဖွဲ့မျိုးတွေ ဦးဆောင်တဲ့နေရာမှာ၊ ပြောရေးဆိုခွင့်နေရာမှာ အမျိုးသမီးတယောက်မှ မရှိဘူး။ KNU မှာမှ တယောက်တလေ တွေ့မိတာကိုတွေ့တယ်။ မွန်နဲ့ပတ်သက်ရင်လည်း အမျိုးသမီး တယောက်လောက်ဘဲ တွေ့မိတယ်။ နောက်ပြီးတော့ ကျွန်မတို့သိသလောက်ဆိုရင်လည်း PDF ထဲမှာ အမျိုးသမီးတွေအများကြီးပါတယ်။

ဒါပေမယ့် သူတို့တာဝန်ယူရတဲ့ အပိုင်းတွေကို မေးကြည့်တဲ့အခါ တချို့ တလေအနည်းငယ်သော လူတွေကသာ ရှေ့ကို ရောက်နေတယ်။ စနိုက်ဘာ တွေထဲမှာရှိတာမျိုးတွေ ကွန်မန်ဒိုထဲမှာဆိုလည်းသူတို့သင်တန်းတွေတတ်ခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် ကွန်မန်ဒိုအနေနဲ့ရွေးရင် အမျိုးသမီးတွေကိုမရွေးချယ်ဘူး အဲ့လိုတွေကြားရတယ်။ မြင်ရတယ်။

အများစုက ဆေးတပ်ထဲတွေမှာ နောက်ချက်ရေးပြုတ်ရေးတွေ အဲ့လိုနေရာတွေမှာ တာဝန်ယူနေရတဲ့အတွက်ကြောင့် မိန်းကလေးတွေ ကိုယ်တိုင်က အားမရတာတွေရှိနေတယ်။ သူတို့ခံစားချက်တွေ မြင်မိတယ်။ အဲ့တော့ နိုင်ငံရေးမှာ ပြောမယ်ဆို ပါဝင်မှုတော့မြင်နေရတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာတော့ တွေ့မလာဘူး။အဲ့ဒါတော့ စိတ်ထဲမှာ အားမရစရာတော့ ဖြစ်မိတယ်။
 
၄။ ဆရာမနဲ့ ထိစပ်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။
နိုင်ငံရေးလို့ပြောရင်တော့ ကိုယ့်ရဲ့အမြင်ပြောရရင် ဒီတော်လှန်ရေးမှာပါလာတဲ့သူတွေအားလုံးက နိုင်ငံရေး အကြောင်းကိုနားမလည်ပေမယ့် နိုင်ငံရေးမှာပါဝင်လာတာပဲလို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အာဏာရှင်ကို မတရားတာကိုတော်လှန်တယ်ဆိုကတည်းက နိုင်ငံ‌ရေးပဲ၊ နိုင်ငံရေးအကြောင်းနားလည်နေလို့မဟုတ်ပေမယ့် နိုင်ငံရေးမှာပါလာတယ်။ အခုထိ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်လာမှုက အားကောင်းတယ်။

မဲဆောက်ဘက်မှာဆိုရင် အမျိုးသမီးတွေတော်တော်များများက နိုင်ငံရေးနဲ့ပတ်သက်တဲ့သင်တန်းတွေကို တတ်ရကောင်းမှန်းသိလာတယ်။ တတ်လည်းတတ်ကြတယ်။ အရင်တုန်းက အိမ်ထဲမှာပဲဘယ်မှ မထွက်ရဲဘူးဆိုတဲ့ အမျိုးသမီးတွေ‌တောင်မှ အွန်လိုင်းကနေတက်ကြည့်လိုက်တယ်။ ဒီဘက်မှာထူးထူးခြားခြား တွေ့လာတာက လူနည်းစုမွတ်စလင်သမီးတွေတောင် ဒီလိုနိုင်ငံရေးကို လေ့လာနေတာကို တွေ့ရတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာတော့ အမျိုးသမီးတော်တော်များများက နိုင်ငံရေးဆိုတာကိုလေ့လာရကောင်းမှန်း သိလာကြပြီ။ အမျိုးသမီးတွေ အခုဆို အများကြီး တိုးတက်တဲ့အမြင်တွေရှိလာသလို ရေရှည်မှာ သူတို့က ပိုကြံခိုင်လာတာ မြင်ရတယ်။ ပတ်ဝန်းကျင်ကအမျိုးသမီးတွေအားလုံးကတော့ တတ်ကြွတဲ့သူ နိုင်ငံရေးကို မျက်ခြေမပြတ်သူတွေ ချည်းပဲ။
 
၅။ အမျိုးသမီးတွေကို နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေအထိ မရောက်စေတာ ဘယ်လိုအတားအဆီးတွေ ကြောင့်လို့ ထင်ပါသလဲ။
နံပါတ် (၁) ကတော့ ယုံကြည်မှုလို့ ထင်တယ်။ အမျိုးသမီးတွေက ဦးဆောင်တဲ့နေရာကိုလုပ်နိုင်ပါ့မလားဆိုတဲ့ ယုံကြည်မှုနည်းတာက အမျိုးသားတွေမှာလည်း ရှိတယ်။ ဓလေ့ထုံးစံတွေ ဆိုတာထားပေါ့။ ဟိုးအရင်ထဲလည်း ဘာသာရေးတို့ ဓလေ့ထုံးစံတို့က အကန့်အသတ်ရှိတယ်။ နင်တို့ကအတွေ့အကြုံမရှိဘူး။ အားနည်းတယ်။ အမျိုးသမီးတွေဦးဆောင်မှုက အောင်မြင်လိမ့်မယ်လို့ မယုံကြည်တာပေါ့။

တချို့အမျိုးသမီးတွေကိုယ်တိုင်ကိုက မယုံကြည်နေတာရှိပါတယ်။ သူလုပ်နိုင်စွမ်းရှိပါ့မလား။ အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက် ယှဉ်တဲ့ အခါမှာ တသက်လုံးမှာက သူတို့မြင်ခဲ့တဲ့ဦးဆောင်မှုတွေက အမျိုးသားတွေ ဖြစ်တယ်။ ကမ္ဘာကြီးမှာလည်း အခုချိန်ထိ‌တော့ အမျိုးသမီးတွေနေရာရမှု တော်တော်နည်းပါတယ်။ တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာတောင် ဦးဆောင်မှုက အမျိုးသားတွေ ဖြစ်နေတယ်။
 
၆။ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ ပိုမိုပါဝင်လာဖို ဘာတွေလုပ်ဆောင်သင့်တယ် လို အကြံပြုချင်ပါသလဲ။
အမျိုးသမီးတွေကိုယ်တိုင်ပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်တယ်။ ငါလည်းလုပ်နိုင်တယ်။ အကယ်၍ လုပ်ခွင့် မပေးရင်တောင် လုပ်ကြည့်မယ်ဆိုတဲ့ သတ္တိမျိုး စိန်ခေါ်ရဲမှုမျိုး။ အဲ့အတွက် အမျိုးသမီးတွေကလည်း ပြည့်ဝဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် အရင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိနဲ့ တာဝန်ယူစိတ်ရှိရှိနဲ့ အမျိုးသားတွေကိုပဲဖြစ်ဖြစ် အမျိုးသမီးကိုပဲဖြစ်ဖြစ် စိန်ခေါ်ရဲရမယ်။

အဲ့အတွက်လည်း အရည်အချင်းပြည့်ဝဖို့ ကြိုးစားသင့်တယ်။ ပြီးတော့ လက်တွဲခေါ်သင့်တယ်။ အကယ်၍ ကိုယ့်ပတ်ဝန်းကျင်မှာ ယုံကြည်လောက်စရာ အမျိုးသမီးတွေ့ခဲ့တယ်ဆိုရင် ကိုယ်ကသတ္တိရှိရှိနဲ့ သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်သင့် တယ်။ အမျိုးသမီး ခေါင်းဆောင်ရဲ့နောက်ကိုလိုက်ဖို့ကို အမျိုးသမီးကိုယ်တိုင်သတ္တိမရှိနေတာလည်း ဒါလည်း မဖြစ်သင့်တဲ့အထဲမှာ ပါတယ်။

အချုပ်အနေနဲ့ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်ကြိုးစားရမယ်၊ အရည်အချင်း ရှိအောင်လည်းဖြည့်ရမယ်၊ လက်တွဲခေါ်ရမယ်၊ အမြင်ကျယ်ဖို့လည်း လိုတယ်၊ အတွေးအခေါ်ဟောင်းတွေ စွန့်ပစ်ရမယ်၊ သတ္တိရှိရမယ်၊ အမျိုးသားတွေကို စည်းရုံးနိုင်ရမယ်။ ဒါလည်း သိပ်ကိုအရေးကြီးတယ်။  ငါတို့ဟာ ယုံကြည်လို့ရသူတွေဆိုတာ အမျိုးသားတွေ သိဖို့ လိုပါတယ်။

၇။ တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
ကျား၊မတန်းတူရေးလို့ပြောတဲ့အခါ အများစုကအထင်အမြင်လွဲတာလေးတွေရှိတယ်။ တချို့သော အမျိုးသား တွေရော၊ အမျိုးသမီးတွေရောက ဒီလိုတန်းတူရေးလို့ ပြောတဲ့အခါကျရင် သူတို့ကငါ့တို့ကိုကျောသွားချင်တာ လားဆိုတဲ့ အတွေးရှိနေတဲ့အမျိုးသားတွေလည်း ရှိတယ်။ တချို့အမျိုးသမီးတွေကလည်း ငါတို့က အမျိုးသား တွေထက် ပိုသာလွန်ဖို့ ဒီအရေးကိုလုပ်တယ်လို့ မှားယွင်းတဲ့အစွဲတွေ ရှိကြတယ်။ အမှန်တော့ အမျိုးသမီးတွေ က အခြေအနေအရ အဆက်ဆက်မှာ တဆင့်နိမ့် ဆက်ဆံခံခဲ့ရတဲ့အပေါ်မှာ တန်းတူရပ်တည်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ သူတို့အပေါ်ကနေ ကျောပြီးရပ်ဖို့မဟုတ်ဘူးဆိုတာကို သေသေချာချာ နားလည်သင့်ပါတယ်။ နားလည်မှုမလွဲဖို့လည်း လိုအပ်တယ်။

အမျိုးသားတွေကိုလည်း စည်းရုံးဖို့ လိုအပ်တယ်။ သူတို့က ကိုယ့်ကို လက်တွဲခေါ်ဖို့ ပြောတာမဟုတ်ဘူး။ သူတို့ကို ပါဝါတဆင့်မြှင့်ပေးတာ မဟုတ်ဘူး။ ငါတို့က level တန်းတူသွား ချင်တာ ဘာကြောင့်ဆိုတာကို သူတို့ကိုနားလည်အောင်စည်းရုံးနိုင်ရမယ်။ အဲ့ဒီစွမ်းရှည်လည်း အမျိုးသမီးမှာ ရှိသင့်ပါတယ်။ ငါတို့ပိုသာသွားအောင် လုပ်မယ်ဆိုတဲ့ဟာမျိုးတော့ မဖြစ်သင့်ပါဘူး။

“အမျိုးသားတွေကိုလည်း စည်းရုံးဖို့ လိုအပ်တယ်။ ငါတို့က level တန်းတူသွား ချင်တာ ဘာကြောင့်ဆိုတာကို သူတို့ကိုနားလည်အောင်စည်းရုံးနိုင်ရမယ်”


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/2/2025 0 Comments

အမျိုသမီးခေါင်းဆောင်သစ်တို့၏အတွေးအမြင်များကဏ္ဍ

Picture

Elsa
(စေတနာ့ဝန်ထမ်း)
 
(၁) စစ်အာဏာသိမ်းမှုအစောပိုင်းကာလက တော်လှန်ရေးမှာ ပါဝင်လာတဲ့ အမျိုးသမီးထုပါဝင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ကနဦးအနေနဲ့ကတော့ CDM ပေါ့၊ အမျိုးသမီး CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးမျိုးကြောက်စရာတွေ၊ ခြိမ်းခြောက်မှုတွေကြားကနေ သတ္တိရှိရှိနဲ့ ပါဝင်ခဲ့ကြပါတယ်။ ပြီးနောက်မှာတော့ သပိတ်တွေမှာ ကိုယ်တိုင် ဆန္ဒပြခဲ့ကြရင်း စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းလာလို့ အကုန်လုံးထွက်ဖို့ မဖြစ်နိုင်တော့တဲ့ အချိန်မှာတောင် ထောက်ပို့တွေ၊ တက်ကြွလှုပ်ရှားသူတွေအဖြစ် ကဏ္ဍမျိုးစုံကနေ တာဝန်ယူဆောင်ရွက်ခဲ့ ကြတာဟာ ၆၀ - ၇၀ ရာခိုင်နှုန်းအောက် မလျော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။
 
(၂) လက်ရှိနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။ အပြောင်းအလဲ ဘာတွေရှိပါသလဲ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတွေ၊ အာဂအမျိုးသမီးတွေအများကြီး ပေါ်ထွက် လာတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ တော်လှန်ရေးအစမှာ ထင်ထားခဲ့တာက တော်လှန်ရေးကာလ ကြာလေ အမျိုးသမီးတွေအနေနဲ့ ပါဝင်မှုပိုနည်းသွားမယ်လို့ ထင်ခဲ့တာပါ။ နွေဦးတော်လှန်ရေးဟာ တကယ်လည်း ကြမ်းတမ်းတဲ့ခရီးလမ်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အာဏာလုတာကို မကျေနပ်လို့ ဒီတော်လှန်ရေးထဲကို နိုင်ငံရေးဆိုတဲ့အဓိပ္ပာယ်မသိဘဲ ရောက်လာခဲ့တဲ့အမျိုးသမီးအများစုက ခုဆို တော်လှန်ရေး ၃နှစ်ကျော်ကာလ ဖြတ်သန်းပြီးချိန်မှာ အများကြီးသင်ယူပြီးသူတွေ သင်ယူရကောင်းမှန်းသိတဲ့ ရင့်ကျက်သူတွေ ဖြစ်လာခဲ့ပါပြီ။

ရှေ့တန်းစစ်မျက်နှာမှာလည်း အမျိုးသမီးတွေကဏ္ဍက ပိုမိုအရေးပါလာသလို နောက်တန်းမှာလည်း နေရာစုံမှာ ပါဝင်နေကြတာကို မြင်ရပါတယ်။ ပုံမှန်ကာလမှာဆို မိန်းကလေးနဲ့ စစ်ပညာ ဘာဆိုင်လဲဆိုပြီး ထေ့လေ့ရှိတဲ့ အသိုင်းအဝိုင်းမှာ ဒါက အပြောင်းအလဲကြီးလို့ ပြောရမှာပါ။ ဒါကတော့ စစ်ဘက်ဆိုင်ရာအနေနဲ့ ပြောတာပါ။ တခြားသော နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံတကာရေးရာ၊ စီးပွားရေးရာ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးတွေမှာပါ ရှေ့တန်းကို ရောက်လာနေတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ လေးစားရတဲ့ စံနမူနာတွေပါပဲ။

နောက်ပညာရေးကဏ္ဍမှာဆိုရင်လည်း သင်ကြားသူ ဆရာမတွေ ကိုယ်တိုင်ကိုက ကိုယ့်ရဲ့ ခေတ်ဟောင်းက တရားသေအတွေးအခေါ်တွေကို စွန့်ပစ်ပြီး တော်လှန်ရေးအတွင်း သင်ယူသူတွေရဲ့ စိန်ခေါ်မှု လို့ ထင်မြင်နိုင်တဲ့ အတွေးအခေါ်တွေကို နားထောင်ပေးနိုင်လာတာနဲ့ ပြန်လည် ဆွေးနွေးပေးနိုင်လာတာကို မြင်ရတာ၊ စကစလက်အောက်ခံရဲ့ ဒါကျက်ဒါဖြေ ပညာရေးကနေ ဖောက်ထွက်လာနိုင်တဲ့ အောင်မြင်မှုတွေကို တွေ့ရတာ အတော်အားရဖို့ကောင်းပါတယ်။ ပုံမှန်ဆိုရင် ပညာရေးအပြောင်းအလဲကို မြင်ရဖို့က ဆယ်စုနှစ်နဲ့ချီပြီးကို ကြာတဲ့အနေအထားကနေ ခုကာလအတိုင်းအတာလောက်မှာ ဒီလိုအသီးအပွင့်တွေကို မြင်ရတာက အတော်လေး အားရမိပါတယ်။
 
(၃) ဒီတော်လှန်ရေးအရွေ့မှာပါဝင်နေတဲ့ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ဘယ်လောက် အထိ ရှိနေပြီလို့ မြင်ပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရရှိနေကြပြီလဲ။
ကိုယ်တိုင်ပါဝင်နေတဲ့အဖွဲ့အစည်းပေါ်နဲ့ ကိုယ်ရောက်ရှိနေတဲ့နေရာက အများကြီးသက်ရောက်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ငွေကြေးပံ့ပိုးပေးသူတွေအနေနဲ့ ပါဝင်နေသူ တွေက အတော်အတန်ဆုံးဖြတ်နိုင်တဲ့ပါဝါကို ရတာ မြင်ရပါတယ်။ အခုနောက်ပိုင်းမှာ ထောက်ပို့တွေက အမျိုးသမီးတွေ အများစုဖြစ်ကြတော့ အဲ့လိုပါဝါမျိုးကို ရရှိနေတာလည်း မြင်ရပါတယ်။ 

တချို့အဖွဲ့တွေမှာက အမျိုးသမီးတွေကို decision making level မှာ ပါဖို့လိုအပ်တယ်ဆိုပြီး ခြယ်လှယ်လို့ရမယ့် သူမျိုး/ ကြိုးဆွဲရာကနိုင်မယ့်သူမျိုးကို ဆွဲထည့်လိုက်တာ။ အဲဒိအခါ တွေ့ရတာက ဆုံးဖြတ်ချက်ချနိုင်တဲ့အလွှာမှာ ရောက်နေတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေက gender lens နဲ့ ပြန်ကြည့်ရင် အရင်မပါဝင်ခင်ကာလနဲ့ အထူးတလည် ကွာခြားမှုမရှိနေတာကိုလည်း တွေ့ရတတ်ပါတယ်။
တနည်းပြောရရင် ဂျန်ဒါရေးရာ ထည့်သွင်းစဉ်းစားမှု မရှိတာမျိုး၊ မရှိသလောက်နည်းနေသေးတာမျိုးကို ဆိုလိုတာပါ။

ဒါ့ကြောင့်မို့ ကျမအနေနဲ့ကတော့ ဆုံးဖြတ်ချက်တွေက ဂျန်ဒါရေးရာထည့်သွင်းစဉ်းစားထားမှုကို ဘယ်လိုပိုပြီး သေချာအောင်လုပ်နေလဲ ဆိုတဲ့ စီမံဆောင်ရွက်မှုမျိုးကိုပိုပြီး ကြည့်ဖြစ်ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ရာထူးမှာ ရောက်နေတာ တစ်ခုထဲနဲ့ သတ်မှတ်ရင်တော့ အရေအတွက်နဲ့ပဲ တိုင်းတာတာမျိုးပေါ့။ ဒါက ကျမတို့ တကယ် လိုလားတဲ့ ပါဝင်မှုတို့၊ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ထင်ဟပ်သလား ဆိုတာကို ပြန်ဆန်းစစ်ဖို့တော့ လိုပါမယ်။
 
(၄) ဆရာမနဲ့ ထိစပ်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်မှု အခန်းကဏ္ဍ က ဘယ်လိုရှိပါသလဲ။
နိုင်ငံရေးလို့ပြောရင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဥပဒေရေးရာတွေက မပါမဖြစ်တွေလို့ ယူဆပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေက သိသိသာသာကို ထိုးတက်လာတာပါ။ အရင်က အဲ့ဒိအပိုင်းတွေက မြန်မာနိုင်ငံမှာ လက်တစ်ဆုပ်စာပဲ သင်ယူခွင့်ရှိတဲ့ ပညာရပ်တွေဖြစ်ပြီး ပါဝင်မှုကလည်း လက်တစ်ဆုပ်စာ လူတန်းစားလက်ထဲမှာပဲ ရှိခဲ့တာပါ။

အခုကာလမှာတော့ NUG မှာသာမက တနိုင်ငံလုံးနဲ့ ကမ္ဘာ့နေရာအနှံ့မှာရောက်ရှိနေတဲ့ မြန်မာ့နွေဦး တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူရဲကောင်းအမျိုးသမီးတွေက ဒါတွေကို လက်လှမ်းမီနေ ကြပါပြီ။ အင်တာနက်အခက်အခဲရှိတဲ့ ဒေသတွေက သူရဲကောင်းအမျိုးသမီးတွေနဲ့ တခြားသော ပြည်သူ အမျိုးသမီးတွေကိုလည်း ဒီလိုပညာရပ်တွေကို လက်လှမ်းမီသင်ယူနိုင်ဖို့ လက်ဆင့်ကမ်းကူညီပေးဖို့က ကျမတို့ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေဖြစ်ပါတယ်။
 
(၅) အမျိုးသမီးတွေကို နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေအထိ မရောက်စေတာ ဘယ်လိုအတားအဆီးတွေ ကြောင့်လို့ ထင်ပါသလဲ။
ခေတ်ဟောင်းလူမှုစံနှုန်းတွေကြောင့်လို့ အဓိကပြောချင်ပါတယ်။ တချို့သူတွေက တော်လှန်ရေးမှာ စစ်အာဏာ ရှင်ကို မခံချင်လို့ ပါဝင်လာသည့်တိုင်အောင် ဘက်လိုက်မှုအမြင်တွေကို ခုထိလက်မလွှတ်နိုင်သေးတာကို တွေ့နေရပါတယ်။ အမျိုးသမီးဆိုရင် ခံစားချက်များတယ်ဆိုတဲ့ တရားသေဝါဒတွေ ကိုင်စွဲထားတာမြင်ရတယ်၊ အမျိုးသမီးရဲ့ နားလည်စာနာတတ်မှုကို ခံစားချက်များတယ်လို့သတ်မှတ်ပြီး အမျိုးသားရဲ့ စာနာနားလည် တတ်မှုကို EQ မြင့်တာလို့  ခွဲခြားခွဲခြား ပြောတာတွေလည်း တွေ့ဖူးပါတယ်။

ပြီးတော့ အမျိုးသမီးတွေ ကိုယ်တိုင်လည်း အိမ်ဖြည့်အနေအထား၊ အိမ်ဦးနတ်ရဲ့ ပါရမီဖြည့်ဖက် ဆိုတဲ့အမြင်ကနေ ရုန်းထွက်ဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့ယောက်ျား တစ်ယောက်ရဲ့နောက်ကွယ်မှာ ပါရမီဖြည့်ဖက်မိန်းမတစ်ယောက် ရှိတာကို လက်ခံတတ်ရင် အောင်မြင်တဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း ပါရမီဖြည့်ဖက်ယောက်ျား တစ်ယောက် ဘာလို့မရှိနိုင်ရမှာလဲဆိုတာကို ရဲရဲကြီးမေးနိုင်၊ ဖြေနိုင်ဖို့ လိုအပ်ပါတယ်။

ဆိုလိုတာက အပြန်အလှန်အမှီသဟဲပြုမှုကို မြင်တတ်ဖို့ပါပဲ။ မိခင်ဖြစ်လာရင် ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ၊ ရပ်တည်ချက်တွေကို စွန့်လွှတ်သင့်တယ်လို့ ခံယူချက်ထားမယ့်အစား ကိုယ်ချန်ရစ်ခဲ့ရမယ့် နောင်မျိုးဆက်ကို ကိုယ့်ရဲ့အိပ်မက်တွေ၊ အောင်မြင်မှုတွေ၊ လူ့အသိုက်အဝန်း အတွက် အပြောင်းအလဲတွေကို ဖော်ဆောင်ပေးခဲ့တဲ့ မိခင်တစ်ဦးဖြစ်တာကလည်း ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ ခံယူချက်မျိုးရှိဖို့လည်း လိုအပ်ပါတယ်။
 
(၆) အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ ပိုမိုပါဝင်လာဖို့ ဘာတွေလုပ်ဆောင် သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဖြတ်လမ်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ ကြိုးစားရပါမယ်၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဥပဒေရေးရာဆိုင်ရာ သင်ယူမှုတွေကို လျစ်လျူရှုလို့မရသလို ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု ကိုလည်း လျှော့ဖို့ မသင့်ပါဘူး။ တစ်ချိန်တည်းမှာလည်း အသံတွေစုံအောင် နားထောင်နိုင်ဖို့ လိုပါတယ်။ identity ပေါင်းစုံနဲ့ အလွှာစုံရှိနေတာဖြစ်တဲ့အတွက် လက်တဆုပ်စာရဲ့အမြင်ကို နားထောင်တာထက် ဖြန့်ကျက်နားထောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အရာတွေပါ။

ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ။ ဒီလိုပြောရတာက အခုကာလရဲ့ ဆုံးဖြတ် ပိုင်ခွင့်နေရာမှာ ရောက်နေသူတွေမှာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ဆုံးဖြတ်ချက်ချတာတွေကိုလည်း မြင်နေကြားနေတာတွေ ရှိမှာပါ။ အဲ့လိုအမှားတွေကို ကျမတို့က သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ နောက်တစ်ခုက ကျမတို့ ကျင်လည်နေတဲ့ လူ့အသိုက် အဝန်းရဲ့ အသုံးမဝင်တော့တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေကို စွန့်ပစ်ပြီး မိသားစုတာဝန်ကို မျှမျှတတ ယူနိုင်ဖို့ပါ။

ဘောလုံးအားကစားနဲ့ ဥပမာပေးရရင် တစ်ကွင်းလုံးပတ်ကန်နေသလို ရှေ့တန်းမှာရော၊ နောက်တန်းမှာရော၊ အလယ်တန်းမှာပါ ဒီလူပဲ ဆိုရင်တော့ ခြေစွမ်းပြနိုင်ဖို့ရာ အင်မတန်ခက်ခဲပါတယ်။ ဒါကို ပြောရတာက ကိုယ်ပါဝင်နေတဲ့ အသိုက်အဝန်းရဲ့ အမှီသဟဲဖြစ်ပေးနိုင်မှုကို မြင်သာစေဖို့ပါ။ ကျန်တာကတော့ အမြဲကြားနေရတဲ့ တရားသေသတ်မှတ်မှု စံနှုန်းတွေပါပဲ။ ဒါတွေကတော့ လူ့အသိုက်အဝန်းရဲ့ ရင့်ကျက်မှုနဲ့ စဉ်းစာတွေးခေါ်နိုင်လာမှုကြောင့်သာ ပြောင်းလဲနိုင်တာမျိုးတွေပါ။
 
၈) တခြားဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တချို့သောအဖွဲ့တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ခွင့်ရနေတယ်လို့ ဆိုသော်လည်း သူတို့ရဲ့အမြင်တွေကို နောက်ကွယ်က လွှမ်းမိုးနေတာ၊ ခြယ်လှယ်မှုတွေ ရှိနေတာလည်း အများကြီးပါပဲ။ အဲ့လိုအနေအထား လောက်နဲ့ပဲ ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းမက ပါဝင်မှုရှိနေလည်း အကျိုးသက်ရောက်မှုအနေနဲ့ အများကြီး ပြောင်းလဲနိုင်ဖို့ မမြင်ပါဘူး။ အဲ့လိုပါဝင်နေမှုကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက် တွေကရော ဘယ်လောက်အထိ အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားခဲ့လဲ။ အကျိုးပြုစေခဲ့ သလဲဆိုတာကို ပြန်ပြီး ဆန်းစစ်ဖို့လည်း လိုအပ်တာကို ထပ်ဆောင်း ပြောရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

“ဆုံးဖြတ်ပိုင်ခွင့်ဆိုတာရဲ့နောက်ကွယ်မှာ တပါတည်းလိုက်လာတဲ့ တာဝန်ယူမှုကိုပါ တွဲမြင်ပြီး ဖြေရှင်းနိုင်မှ တာဝန်ယူတတ်တဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ဖြစ်လာမှာပါ”


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/2/2025 0 Comments

ခေတ်သမိုင်း၏ခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံခြင်း

Picture

ဒေါ်သန္တာ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်)
ဌာနမှူး၊ အမျိုးသမီးရေးရာဌာန
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
 
မေး။    ။ နိုင်ငံရေး ဘယ်အချိန်မှာ စပြီး ထိတွေ့ခဲ့သလဲ။

ကျွန်မအဖေက နိုင်ငံရေးသမားတစ်ယောက်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်ခဲ့သလို၊ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်းမှာ NLD ပါတီဝင်တယောက်ဖြစ်လာခဲ့တယ်။ ပါတီကနေပြီးတော့ မြို့နယ် အလုပ်မှုဆောင် ဒုဥက္ကဌ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကို အမေနဲ့မတွေ့ခင်ထဲက လူပျိုဘဝထဲကလုပ်ခဲ့တာပါ။ သူ့ဘဝတောက်လျှောက်မှာ နိုင်ငံရေးလုပ်ခဲ့တဲ့သူပဲပေါ့။ ထောင်အခါခါကျခဲ့တယ်။ ကျွန်မက တစ်ဦးတည်းသော သမီး ဖြစ်တယ်။ ကျွန်မကလည်း နိုင်ငံရေးဆက်လုပ်တယ်။
အဲ့အတွက် မိသားစုတွေက စီးပွားရေးရော လူမှုရေး၊ လူမှုဆက်ဆံရေးမှာ ဆွေမျိုးတွေကိုယ်တိုင်က ဖယ်ကြဉ်တာမျိုး၊ အပေါင်းအသင်းတွေက ဖယ်ကြဉ်တာမျိုးတွေ တောက်လျှောက်ခံခဲ့ရတယ်။ “ထောင်ထွက်တွေ သွားမပြောနဲ့ မခေါ်နဲ့ မဆက်ဆံနဲ့” အဲ့လိုမျိုးတွေလည်း အများကြီးကြုံခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရာပဲ လျှောက်လှမ်းခဲ့တယ်။ ဘာကြောင့်နဲ့မှတော့ သွေဖီ သွားတာမျိုး မရှိဘူး။ လက်လျော့လိုက်တာလည်း မရှိဘူး။
 
မေး။    ။ ဆရာမကိုယ်တိုင်ကိုက နိုင်ငံရေးကို လုပ်ချင်လာရတဲ့ အဓိက လှုံ့ဆော်မှုက ဘယ်ကရသလဲ။

ဖြေ။  ။ အမှန်တရားကို ကြိုက်လို့ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့  အမှန်တရားကိုပြောလို့မရတဲ့ အမှန်တရားကို သိခွင့်မရတဲ့စနစ်တခုအောက်မှာ ကြီးပြင်းခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ မဆလ လက်ထက်က ကျွန်မငယ်ဘဝပေါ့။ အမှန်တရားကိုပြောချင်တယ်။ မြင်တဲ့အတိုင်းပဲ ပြောချင်တယ်။ ပြည်သူကို  မြင်တဲ့အတိုင်း သိစေချင်တယ်။
နောက်ပြီးတော့ ဘာကိုမှမကြောက်ရတဲ့ ဘဝမျိုး ကိုယ်လည်းနေချင်တယ်။ ပြည်သူတွေကိုလည်း နေစေချင်တယ်။ အဲ့ဒီဟာက နိုင်ငံရေးလုပ်ဖို့ စေ့ဆော်တာ ဖြစ်ပါတယ်။အဖေ့ကြောင့် စေ့ဆော်တာလည်း တပိုင်းတစပါပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေတို့က နိုင်ငံရေးစာအုပ်တွေ ဖတ်ကြ၊ ရေဒီယိုနားထောင်ကြတော့ ကိုယ်ကလည်း မိဘဘေးခေါင်းအုံးလေးနဲ့ လှဲပြီးနားထောင်တယ်။ ဒါတွေကလည်း စေ့ဆော်မှုတစိတ်တပိုင်းပါတာပေါ့။
 
မေး။   ။ နိုင်ငံရေးကို ဘယ်အချိန်က စပြီး ထဲထဲဝင်ဝင် လုပ်ဖြစ်ခဲ့သလဲ။

ဖြေ။    ။ ၁၉၈၈၊ အရေးတော်ပုံက လို့ ပြောလို့ရပါတယ်။ ဆိုတော့အသက်၂၀ပေါ့နော်။ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့တယ်။  အဲ့တုန်းကတော့ သပိတ်ကို ခေါင်းဆောင်ခဲ့တယ်။ ကျောင်းတွေပိတ်တော့ ကိုယ့်မြို့ကိုယ်ပြန် တယ်။ ကိုယ့်မြို့မှာလည်း ပြန်ပြီးတော့ တစ်မြို့နယ်လုံးက ဒီသပိတ်ထဲပူးပေါင်းပါဝင်လာအောင် လှုံဆော် ရတယ်၊ ဟောပြောရတယ်ပေါ့။ အဲ့ဒီမှာပဲ စစ်တပ်က ဖမ်းဝရမ်းထုတ်တာပေါ့နော်။ အဲ့ထဲကထွက်ပြေးတယ် အစတုန်းကတော့ တောခိုဖို့စဥ်းစားသေးပေမယ့် နောက်တော့ NLD ပါတီကို ဝင်ခဲ့တယ်။

NLDပါတီမှာ ရန်ကုန်ရုံးချုပ်မှာပဲ လုပ်အားပေးအနေနဲ့ လုပ်ခဲ့တယ်။ ထောင်ကျတော့လည်း NLDပါတီဝင်အနေနဲ့ပဲ ထောင်ကျခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ ၁၂၄ ပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်မှု ထောင်တစ်သက်တစ်ကျွန်းကျခဲ့ပါတယ်။

အဲ့ဒီတုန်းကတော့ စစ်ခုံရုံးတွေနဲ့ ထောင်ထဲမှာပဲ ခုံရုံးဖွင့်ပြီးဆွဲတာဆိုတော့ တရားစီရင်ရေးစနစ် တိတိကျကျ မရှိဘူး။ ရှေ့နေလိုက်ခွင့်လည်း မရခဲ့ဘူး။ အကြောက်တရားလျော့ချရေးဟောပြောပွဲတွေ နယ်တွေမှာလိုက်ဟောလို့၊ လွတ်မြောက်နယ်မြေမှာရှိတဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေကိုပို့ဖို့ ကိုယ်ကရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့်ပေါ့နော်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေကို သင်တဲ့သင်ခန်းစာတွေအကြောင်း ရေးထားတဲ့စာပါ။ သူတို့သင်တန်းမှာသင်တဲ့အကြောင်းအရာတွေက ဥပမာ လူစုလူဝေးဖြိုခွဲခြင်းတို့ တန်ပြန် နိုင်ငံရေး တန်ပြန်ထိုးနှက်ချက်တို့အကြောင်း ရေးထားတာတွေပါ။ နောက်တခုက ဒီအသင်းက  မဆလပါတီလို၊ ပါတီတစ်ခု ရောမဖြစ်လာနိုင်ဘူးလားဆိုတဲ့ ရေးထားတာ note ကလေးတွေပေါ့။ ဒီစာလေးက တစ်သက် တစ်ကျွန်းကျဖို့အတွက် ဖြစ်လာတာပါ။
 
မေး ။    ။ဘယ်အချိန်မှာ ပြန်လွတ်လာတာလဲ။ ဘာ‌တွေ ဆက်လုပ်ဖြစ်လဲ။

ဖြေ ။     ။ ၂၀၁၂ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး  နိုင်ငံရေး အကျဥ်း သားတွေအားလုံးလွှတ်ပေးဖို့ သဘောတူညီချက်ရတဲ့အချိန်မှာ အကုန်လွှတ်ပေးလိုက်တော့ လွတ်လာ တယ်။ ၂၀၁၃မှာ ကြေးနီစီမံကိန်းမှာ မီးလောင်ဗုံးပစ်မှုနဲ့ ဆန္ဒပြလို့ ၂၀၁၃မှာ ထောင်ပြန်ကျတယ်။ ၂၀၁၃ ထဲမှာဘဲ ပြန်လွတ်လာတယ်။ ၂၀၁၄ မှာကျတော့ အမျိုးသား သတင်းထောက် ကိုပါကြီး အသတ်ခံရတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။
 
 မေး။   ။ ၂၀၁၅ ခုနှစ် အဲ့ဒီလွှတ်တော်ရဲ့အဝန်းအဝိုင်းကို ဆရာမကြည့်လိုက်တဲ့အခါကျ‌တော့ ဆရာမ ဘယ်လိုခံစားရလဲ။ အမျိုးသမီးတွေအတွက် နိုင်ငံရေးဆွေးနွေးလို့ကောင်းတဲ့နေရာ ဖြစ်ခဲ့သလား။

ဖြေ။   ။ ကျွန်မကတော့လေ ဘယ်လိုခေါ်မလဲမသိဘူး။ ကျွန်မကိုယ့်ကိုကိုယ် ယုံကြည်တော့လေ ဘယ်လိုနေရာ ဖြစ်ဖြစ် အသစ်အဆန်းဖြစ်ဖြစ် ကျွန်မကသိပ်တော့ မစိုးရိမ်ဘူး။  ကိုယ်ပြောလို့ရပါ့မလား၊ ကိုယ်လုပ်လို့ ရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတော့ ဘာမှဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ ကျွန်မက လုပ်နိုင်သရွေ့ လုပ်မှာပဲ အဲ့ဒီအပေါ်မှာတော့ ဘယ်လိုမှမနေခဲ့ဘူး။
 
မေး။   ။ ဆရာမ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက လူနည်းနည်းများများ တကယ်လုပ်လို့ ရတယ် ဆိုတဲ့ဟာ ဆရာမပြောသွားတယ်။ လက်ရှိအချိန်အထိ အမျိုးသမီးတွေ ဆုံးဖြတ်ပိုင်ခွင့်နေရာကို အပြည့်အဝမရှိနေသေးတာ ဘာကြောင့်လို့ မြင်လဲ။

ဖြေ။  ။ နည်းနေသေးတယ်ဆိုတာ NUGဝန်ကြီးဌာနထဲမှာတောင် အမျိုးသမီးဝန်ကြီးတွေက နည်းနေသေးတာ။ တကယ်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့နေရာမှာတော့ လူဦးရေက နည်းနေသေးတယ်။ ဆိုတော့ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အဲ့ဒီအရှေ့ကိုရောက်အောင် ထိုးထွက်လာဖို့လိုတယ်ပေါ့နော်။ နောက်တစ်ခုကလည်း အမျိုးသမီးအချင်းချင်းရော၊ အမျိုးသားတွေကရော၊ LGBTQအသိုင်းအဝိုင်းရော အားလုံးပေါ့နော် Gender ပေါ်မှာ နားလည်ဖို့လည်း လိုတယ်။

တစ်ချို့တွေကျတော့ အမျိုးသမီးမို့လို့နေရာပေးဖို့အတွက် တွန့်ဆုတ်တာ မျိုးတွေရှိတယ်။ ဒါမြန်မာတစ်နိုင်ငံထဲမှမဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ချီပြီးဖြစ်နေတဲ့ကိစ္စ ဒီအတွက်ကြောင့်တော့ အမျိုးသမီးတွေက ကြိုးစားဖို့အတွက်နှောင့်နှေးသွားစရာအကြောင်းမရှိဘူးပေါ့။ လုပ်ရမှာပဲ တိုးထွက်ရမှာပဲ။ ကျွန်မလည်း ဒီလိုပဲ တိုးထွက်ခဲ့ရတာ။

ကျွန်မအမျိုးသားအမှုတုန်းကဆိုလို့ရှိရင် လူတွေက ကျွန်မကို ပြောကြတယ် ကျွန်မ အဲ့ဒီချိန်မှာ ကျွန်မနောက်မှာ အသိုင်းအဝိုင်း မရှိဘူးလေ။ ကျွန်မနာမည်ကြီးလည်း မဟုတ်ဘူးလေ။ နိုင်ငံရေးမှာခေါင်းဆောင်နေရာရှိနေတဲ့ နာမည်ကြီးနိုင်ငံရေးခေါင်းဆောင်လည်း မဟုတ်နေဘူး။ အဲ့‌တော့ အုတ်နံရံကိုခေါင်းနဲ့တိုက်မလို့လားဆိုပြီး မေးတဲ့မေးခွန်းမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်မကလုပ်တာပဲ။ ဘာအကြောင်းကြောင့်နဲ့မှ ရပ်သွားတာမျိုးမရှိခဲ့ဘူး။ တစိုက်မတ်မတ်တော့ လုပ်ဖို့လိုတာပေါ့။

ကိုယ်လုပ်တဲ့နယ်ပယ်ပေါ်မှာ ကိုယ်တကယ်စိတ်ဝင်စားကျွမ်းကျင်ဖို့ လိုတယ်။ယှဥ်ပြီးဆွေးနွေးတဲ့အခါ ဥပမာ ကျွန်မတို့လည်း ကြုံခဲ့ရဖူးတယ်။ လွှတ်တော်ထဲမှာအဆိုတွေဆွေးနွေးရင် လူကတအားများနေလို့ လူလျော့ရမယ်ဆို ဆရာမတို့ပဲဆွေးနွေးပါဆိုပြီးပေးခဲ့ကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတာပဲ။ လူတိုင်းဟုတ်မနေဘူး။ ယောက်ျားတိုင်းလည်း ဟုတ်မနေဘူး။ ကိုယ်တိုင်ကလည်း ကြိုးစားရမယ်။ Gender ပေါ်မှာ ခွဲခြားမြင်တာလည်း လျော့အောင်လုပ်ရမယ်။
 
မေး ။   ။ နောက်ဆုံးအနေနဲ့ အမျိုးသမီးနဲ့နိုင်ငံရေးကြားထဲက ချိတ်ဆတ်မှုပိုပြီးတော့ အားကောင်းလာဖို့ ဆရာမအနေနဲ့ ဖြည့်ပြောချင်တာ ရှိမလား။
ဖြေ ။   ။ တကယ်တော့ အမျိုးသမီးတွေကနိုင်ငံရေးလုပ်တဲ့အခါ ကျွန်မပြောသလို ပိုစေ့စပ်တယ်။ ပိုလေ့လာ တယ်။ လက်တွေ့ကျကျ သုံးတက်တယ်။ အဲ့ဒီအတွက်ကြောင့် တကယ်ကိုယ်သာယုံကြည် တယ်ဆိုရင် ကိုယ်လည်းတကယ်ဝါသနာပါတယ်ဆိုရင် တစိုက်မတ်မတ်သာလုပ်။ ကိုယ်လုပ်တဲ့ ကိုယ်ရှိတဲ့နယ်ပယ်မှာ ကိုယ်က နားလည်နေရင် ၊ ကျွမ်းကျင်နေရင် ဘယ်အရာကမှကိုယ့်ကို လာပြီးဟန့်တားလို့မရပါဘူး။  gender ကြောင့်ပဲဖြစ်ဖြစ်၊ ပါဝါအာဏာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုနှောင့်ယှက်မရပါဘူး။

ကိုယ်ကအဲ့အရာမှာ ကျွမ်းကျင်မှုအားနည်းတယ်ဆိုရင်၊ ကျွမ်းကျင်မှုခြင်းတူရင်တောင်မှ အမျိုးသားနဲ့အမျိုးသမီးဆိုရင် နောက်ခြေ တလှမ်းဆုတ်လိုက်ရတဲ့အနေအထား ရှိတယ်။ barrier ပေါ့နော်။ အဲ့တော့ သူတို့နဲ့မတူအောင် ခြေတလှမ်း ပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ။

“ခြေတလှမ်းပိုနေအောင် ကိုယ်ကသူများထက်ပိုပြီး ပိုအားထုတ်ရလိမ့်မယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်လုပ်နေတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နေဖို့လိုတယ်။ အဲ့ဒါက ကျွန်မအတွေ့အကြုံက ရတဲ့သင်ခန်းစာကောင်းပါပဲ”

​
အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/2/2025 0 Comments

May 02nd, 2025

Picture
ဒေါ်အေးမြမြမျိုး
အဖွဲ့ဝင်
မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


မေး။     ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အကြောင်း မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။  ။ လူထုကိုယ်စားပြုမှုဆိုတဲ့ ဒီမိုကရေစီရဲ့အခြေခံစံတန်ဖိုးကို ကာကွယ်စောင့်ရှောက်လျက် ရှိကြတဲ့ ကျွန်မတို့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်ကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်နိုင်ရေး၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးများအတွက် ပြည်တွင်း၌သာမက ပြည်ပမှာ ပါ ကိုယ်စားပြုစည်းရုံးလှုံ့ဆော်ရေးတို့ကို ဆောင်ရွက်ဖို့ရည်ရွယ်ပြီးတော့ ၂၀၂၂ နိုဝင်ဘာလ ၂ ရက်နေ့မှာ နိုင်ငံတကာနဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကို တရားဝင်ဖွဲ့စည်းကြောင်း ကြေညာမိတ်ဆက်နိုင်ခဲ့ပါတယ်။

ကျွန်မတို့ကွန်ရက်မှာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်‌ စုစုပေါင်း (၁၀၀) ကျော် ပါဝင်လှုပ်ရှားနေပါတယ်။ ပြန်လည်ရွေးကောက်ခံကိုယ်စားလှယ်တွေလည်း ပါဝင်ပြီး ၂၀၂၀ မှာမှ အသစ်ရွေးကောက်တင်မြှောက်ခံရသူတွေလည်း ပါဝင်တဲ့အတွက် လွှတ်တော်ရေးရာ လုပ်ငန်းတွေ ကို အကျွမ်းတဝင်ရှိသူတွေရော၊ မြေပြင်မှာ ပြည်သူလူထုနဲ့ အားကောင်းစွာ ချိတ်ဆက်နိုင်စွမ်းရှိသူများပါ ပါဝင်ပါတယ်။တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၃ ခုကို ကိုယ်စားပြုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ၂၀၂၀ အနိုင်ရပါတီတွေက အမျိုးသမီးကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားသလို ချိတ်ဆက်ဆောင်ရွက်မှု တွေလည်းရှိပါတယ်။

 
မေး။     ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်ရဲ့ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်တွေကို ပြောပြပေးပါဦး။

ဖြေ။        ။ ကွန်ရက်ရဲ့ မျှော်မှန်းချက်ကတော့ လူမျိုး၊ လိင်ခံယူမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား မခွဲခြားဘဲ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှအခွင့်အရေးများခံစားနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ ပြည်သူလူထုအပေါ် လူမဆန်တဲ့ နည်းလမ်းမျိုးစုံနဲ့ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက် နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ တိုင်းရင်းသား ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေကို ကိုယ်စားပြုသွားဖို့နဲ့ အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တည်ဆောက်ပုံတွေမှာ တိုင်းရင်းသားအသီးသီးပါဝင်တဲ့ ပြည်သူလူထုအားလုံးရဲ့ အခွင့်အရေးတွေကို ထင်ဟပ်စေရမယ်ဆိုတာ ဖြစ်ပါတယ်။
 

မေး ။ ။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အနေနဲ့ ဘယ်လိုအပိုင်းတွေ အဓိက လုပ်ဆောင်နေပါသလဲ။

ဖြေ ။   ။ ကျွန်မတို့ အဓိကလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကတော့  အရပ်ဖက်/ ပြည်သူ၊ အစိုးရနဲ့ လွှတ်တော် သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးတွေ ကျင်းပပြုလုပ်နေပါတယ်။ နောက်ထပ်တစ်ခုကတော့ Townhall Meeting လူ‌ထုတွေ့ဆုံပွဲတွေ စီစဉ်ကျင်းပတာပါ။ ကွန်ရက်အနေနဲ့ လူ‌ထုတွေ့ဆုံပွဲ (၆) ခု ကျင်းပထားနိုင်ခဲ့ပြီး ကရင်နီနဲ့ ချင်းမှာ လူတွေ့ - မန္တလေး၊ စစ်ကိုင်း၊ မ‌ကွေး၊ မွန် မှာတော့ အွန်လိုင်းကနေတဆင့် ဆောင်ရွက်နိုင် ခဲ့ပါတယ်။

ရလဒ်တွေအနေနဲ့ကတော့ မဲဆန္ဒနယ်ကသူတွေနဲ့ ဆက်ဆံရေး ပိုမိုအားကောင်းလာတာ၊ အမျိုးသမီး တွေရဲ့ လိုအပ်တွေကို နက်နက်ရှိုင်းရှိုင်းနားလည်လာပြီး အမျိုးသမီးတွေပါဝင်မှုမြှင့်တင်နိုင်ရေး ဆက်လက် ဆောင်ရွက်ဖို့၊  အားလုံးပါဝင်နိုင်ရေးအတွက် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့တွေကို လုပ်ဆောင် ခဲ့ပါတယ်။

နောက်တစ်ခုအနေနဲ့ နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံရေး စကားဝိုင်းတွေ ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ ဘက်ပေါင်းစုံကနေ ပါဝင်နေမှုကိုလည်း အမြဲ Highlight လုပ်ပြောလေ့ ရှိသလို အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ဆိုတာ‌လည်း အစဉ်တစိုက်လှုံ့ဆော်ဆွေးနွေးခဲ့ပါတယ်။ မကြာသေးမီက ပြုစုနိုင်ခဲ့တဲ့ သုတေသနစာတမ်းမှာ အမျိုးသမီးနိုင်ငံရေးသမားတွေကနေ အာဏာသိမ်းပြီးနောက် သူတို့ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေကို မျှဝေထားတာဖြစ်ပြီး မြန်မာအမျိုး သမီးတွေရဲ့ အခွင့်အရေးနဲ့ ဂျဲန်ဒါတန်းတူညီမျှရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြ၊ struggle လုပ်နေကြတာကို highlight လုပ်ထားပါတယ်။ နောက်ထပ်တေသနစာတမ်းတစ်ခုလည်း ထပ်မံပြုစုဖို့ စီစဉ်နေတာလည်းရှိပါတယ်။

နောက်တစ်ခုကတော့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်ပါ။ WPS တို့နဲ့ဆက်စပ်တဲ့ ဆွေးနွေးပွဲတွေကို ပါတနာအဖွဲ့အစည်းတွေရဲ့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လူငယ်ခေါင်းဆောင်တွေ Human Rights Defenders တွေအတွက် negotiation skill, leadership သင်တန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ရှိပါတယ် တဆက်တည်းမှာ MHPSS - Mental Health and Psychosocial Support သင်တန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေကိုလည်း နိုင်သလောက် Document  လုပ်နေတာတွေလည်း ရှိပါ တယ်။ စစ်ရှောင်တွေအတွက် အာဟာရကျွေးမွေးတာ နဲ့ ရဲဘော်တွေအတွက် ဆေးဝါးထောက်ပံ့တာ ရိက္ခာ ခြောက်ပံ့ပိုးတာတွေကိုတော့ ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ရန်ပုံငွေရရင် ရသလို ဆောင်ရွက် ပေးနေပါတယ်။ ကျွန်မတို့ လတ်တလော မှာ ၂၀၂၅, ၂၀၂၆, ၂၀၂၇ အတွက် WPS Action Plan တစ်ခု ရေးဆွဲ နေတာရှိတယ်။

 
မေး။  ။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်အဖွဲ့ဝင်တွေ၊ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဟောင်းတွေ အနေနဲ့ ဘယ်လိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ကြရပါသလဲရှင့်။

ဖြေ။    ။ ပုံမှန်လွှတ်တော်တာဝန်တွေထမ်းဆောင်ရတာမဟုတ်ဘဲနဲ့ တစ်ခြားသောပုံစံမျိုးနဲ့ ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက်ကို ကြိုးပမ်းနေကြပါတယ်။ အသက်အန္တရာယ် အခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေ၊ ဒီလို ငွေရေးကြေးရေးအခက်အခဲတွေကြားထဲကနေ တာဝန်ထမ်းဆောင်တဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ အများကြီးကို ပုံမှန်အချိန်ထက် ကျော်လွှားအလုပ်လုပ်ရတယ်။ အရင်တုန်းက လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ်လုပ်လို့ရပေမဲ့၊ ခုနေအချိန်ကျတော့ ဒီတစ်ခုတည်းကို လုပ်လို့ရမနေဘူးပေါ့နော်။

အရေးပေါ်ပေါ်လာတဲ့ ကိုယ်ကိုတိုင်က အခက်အခဲရှိပေမယ့်လို့လည်း ကိုယ့်ထက် အခက်အခဲရှိတဲ့သူတွေ အသက်အန္တရာယ်ရှိနေတဲ့သူတွေ ဒီတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့သူတွေကို ပံပိုးပေးဖို့ကိစ္စ စတဲ့ အခန်းကဏ္ဍမျိုးစုံက တာဝန်ထမ်းဆောင် နေရတဲ့အခါကျတော့ အချိန်ပေးရတဲ့အပေါ်မှာ ကိုယ်အဓိကလုပ်ရမယ့် ဒီလွှတ်တော်ဆိုင်ရာကိစ္စရပ်တွေမှာ လွတ်မသွားဖို့ စိန်ခေါ်မှု တော်တော်ကြီးပါတယ်။

 
မေး။    ။ အမျိုးသမီးတွေနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်မှုကို မြှင့်တင်ဖို့အတွက် မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက်အနေနဲ့ ဆောင်ရွက်နေတဲ့အပိုင်းတွေရှိရင် ပြောပြပေးပါဦးရှင့်။

ဖြေ။   ။ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်ဖို့၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်နိုင်ဖို့ ဆိုတဲ့ကိစ္စကတော့ ဒါတစိုက်မတ်မတ်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ အထူးသဖြင့်တော့ လက်ရှိတော့ WPS issue တွေကို ရေတိုရေရှည်စီမံကိန်းတွေ သတ်မှတ်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။ ဒီတော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့အသံတွေကို မြှင့်တင်နိုင်ဖို့အတွက်ကို ဆွေးနွေးပွဲတွေ ဆောင်ရွက်တာမျိုးတွေလည်း ပြုလုပ်တယ်။

ကျွန်မတို့လက်ရှိပါဝင်နေတဲ့အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ဖို့အတွက်ကို သင်တန်းလိုမျိုး ဆွေးနွေးပွဲလိုမျိုး ကိစ္စမျိုးတွေဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီထက်တစ်ဆင့်တိုးပြီးတော့လည်း ကျွန်မတို့ mentorship လိုမျိုး တကယ်အလားအလာရှိပြီး မြေပြင်မှာ ဆောင်ရွက်နေတဲ့သူတွေကို ထောက်ပံ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ကိစ္စမျိုးတွေ ကြိုးစားနေတာရှိပါတယ်။
 

မေး။   ။ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက် အဓိကအတားအဆီး ဖြစ်စေတဲ့ အရာတွေက ဘာတွေဖြစ်မလဲရှင့်။

ဖြေ။    ။ကွန်ရက်မှာပါနေတဲ့ကိုယ်စားလှယ်တွေရဲ့တော်လှန်ရေးမှာ  ပါဝင်ဖို့အတားအဆီးဖြစ်တဲ့အရာတွေက အဓိကကတော့ ရန်ပုံငွေအခက်အခဲပါပဲ။ ကျွန်မတို့က ကိုယ်ရဲ့နေထိုင်ရပ်တည်ရေးကိစ္စပေါ်မှာ စိတ်ပူပင်ရတာရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးပေါ့နော်။ များသောအားဖြင့်ကတော့ တာဝန်တွေအများကြီးကို ထမ်း ဆောင်ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ရင်ဆိုင်ကျော်လွှားရတဲ့အခါမှာတော့လေ ကျန်းမာရေးမှာ ထိခိုက်လာတာ ရှိတယ်။ နံပါတ်တစ်ကတော့လုံခြုံရေး နံပါတ်နှစ်ကတော့ရန်ပုံငွေ အခက်အခဲလို့ ပြောရမှာ ဖြစ်ပါတယ်။
 

မေး။    ။ ကွန်ရက်မှာပါဝင်တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရှိကာလနိုင်ငံရေးလုပ်ငန်း တွေကို ဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ကြရတာမျိုး ရှိပါ သလား။

ဖြေ။   ။ သိသာထင်ရှားတဲ့ခွဲခြားမှုရော သိသာထင်ရှားခြင်း မဟုတ်ဘဲနဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ လူတွေလက်ခံ ထားခဲ့ပေမယ့်လည်း ခွဲခြားဆက်ဆံမှုက အမြစ်တွယ်နေတာတွေအများကြီးရှိတယ်။ ဒါပေမယ့် အခု တော်လှန်ရေးမှာ အမျိုးသမီးတွေ အများကြီး ပါဝင်လာတယ်ဆိုတာက အသိအမှတ်မပြုဘဲကို မနေနိုင်ဘူး။ နှုတ်ကနေပြီး ထုတ်ဖော်ပြီးတော့မှ ချီးကျူးဂုဏ်ပြုတာမျိုးတွေ အများကြီးပဲရှိတယ်။

တော်လှန်ရေးမှာ နေရာစုံမှာ ပါဝင်နေတဲ့ အမျိုးသမီးအင်အားထုကိုက ဒီတော်လှန်ရေးအတွက် အများကြီးပဲ မောင်းတင်အားတွေ ဖြစ်တယ်။ တော်လှန်ရေးမှာ ဒီလောက်မောင်းနှင်အား ပိုအားကောင်းလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။  ဒါပေမယ့်လည်း အမျိုးသမီးတွေကို ပံ့ပိုးတဲ့နေရာမှာနေရင် အသိအမှတ်ပြုကြတယ် ကြိုဆိုကြတယ်။ ဒါပေမယ့်လည်းဆုံးဖြတ်ချက်ချတဲ့နေရာကိုပါဝင်ဖို့ဆိုရင် အခုချိန်ထိအကန့်အသတ်တွေ ရှိတယ်ပေါ့နော်။

အထူးသဖြင့် အခုလို စစ်ဘောင်ကျယ်နေတဲ့ကာလမှာဆိုလို့ရှိရင်လည်း စစ်ရေးကသာဘဲ အရေးကြီးတယ် နိုင်ငံရေးကအရေးမကြီးသေးဘူးဆိုတဲ့ အတွေးတွေလည်း အများကြီးရှိနေကြတဲ့အခါကြတော့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဖို့ကိစ္စကတော့ ရုန်းကန်နေရဆဲ ဖြစ်တယ်။ အဲ့ထက်ပိုပြီး အရေးကြီးတာက ကျွန်မတို့တိုင်းပြည် ပြန်လည်တည်ဆောက်တဲ့အခါကျတော့ ယခုလက်ရှိပံ့ပိုးပေးနေတဲ့ ပံ့ပိုးမှု အပိုင်းကနေ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတွေက တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ တာဝန်ယူတဲ့နေရာမှာ ဆက်မပါတော့ဘူးဆို တိုင်းပြည်မှာ အင်မတန်မှဆုံးရှုံးမှု ဖြစ်တယ်။

လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍစုံက တာဝန်ရှိတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရဖို့အတွက်ဆိုတဲ့ ကိစ္စက ကျွန်မတို့ စိန်ခေါ်မှုကြီးပေမယ့်လည်း အတတ်နိုင်ဆုံး ကြိုးစားရမယ့် ကိစ္စဖြစ်ပါတယ်။ ပြန်ခြုံငုံပြီး ဖြေရမယ်ဆိုရင် ခွဲခြားဆက်ဆံမှုကတော့ နည်းပေါင်းစုံ၊ နေရာပေါင်းစုံနဲ့ အတိုင်းအတာတစ်ခုထိ အနည်းအများ သာကွာမယ် ရှိနေဆဲဖြစ်တယ်။ ဒါကိုကျော်လွှားဖို့ကိစ္စဆိုတာကလည်း ကျွန်မတို့ စည်းလုံးညီညွတ်မှု အင်အားနဲ့ ပြီးတော့အသိအမြင်တွေဖွင့်ပေးခြင်းအားဖြင့်လည်း ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုဖြစ်ပါတယ်။
 
မေး။   ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျားမခွဲခြားမှုတွေ၊ ရှေးရိုးစွဲ အယူအဆတွေကို တွန်းလှန်ရတာမျိုးတွေရှိပါသလား။ ဘယ်လိုပုံစံနဲ့တွန်းလှန်ခဲ့ကြတာပါလဲ။

ဖြေ။      ။ အမျိုးသမီးတွေက အတွေ့အကြုံမရှိလို့ လုပ်နိုင်မှာ မဟုတ်ဘူး။ တာဝန်ကြီးကြီး ထမ်းဆောင်ဖို့ဆိုတဲ့ အမြင်ကလည်း အများစုမှာရှိနေသေးတယ်။ ဆိုတဲ့အခါကျတော့ အဖွဲ့တွင်းရွေးချယ်တဲ့အခါမှာတော့ ပါတီမှာက အမျိုးသမီးလူငယ်တွေကိုဦးစားပေးရမယ်ဆိုတဲ့ မူဝါဒရှိတယ်ဆိုတော့ အတိုင်းအတာတစ်ခုထိ အဆင်ပြေ ပေမယ့်လည်း တကယ်လူထုနဲ့ရင်ဆိုင်တဲ့အခါမှာကျတော့ ဒီအမြင်တွေမှာ ပိုကျော်လွှားရတာပေါ့နော်။

ပြီးခဲ့တဲ့သက်တမ်းတုန်းကဆိုလို့ရှိရင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်ပိုလုပ်တယ်ဆိုတဲ့ ပိုပြီးထိရောက်တယ် ဆိုတဲ့အမြင်မျိုးတွေ ရလာတယ်ပေါ့နော်။ အဲလိုရဖို့အတွက်ဆိုတာက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက တခြားသူတွေထက် ပိုပြီးတော့ရုန်းကန်ရတယ် ပိုပြီးတော့ကြိုးစားရတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ မရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့ကြရတယ်။

ဥပမာ အုပ်ချုပ်ရေးပိုင်းနဲ့ဆက်ဆံရတဲ့အခါ အုပ်ချုပ်ရေးပိုင်းမှာလည်းများသောအားဖြင့် အမျိုးသားတွေဖြစ်တဲ့ အခါကျတော့ ပိုပြီးတော့ရင်းနှီးလွယ်ကြတယ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ကျတော့ ဒီအပိုင်း တွေကို ပိုပြီးတော့ရင်ဆိုင်ကြတယ်။ များသောအားဖြင့် စစ်တပ်ဘက်ကလာတဲ့သူတွေ များတယ်။

အမျိုးသမီး တွေအပေါ်မှာလူငယ်တွေအပေါ်မှာ ပိုပြီးတော့မှအထင်အမြင်သေးတဲ့ အသိုင်းအဝိုင်း ဖြစ်တဲ့အတွက် ဒီလို အုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ဆက်ဆံရတဲ့အခါ ပိုမိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ကြောင်း သက်သေ ပြရတာ ပိုပြီးအလုပ်ကြိုးစားရတာ ဆက်ဆံရေးတည်ဆောက်ဖို့ ပိုပြီးခက်ခဲတာမျိုးပေါ့နော် ဒါမျိုးတွေရင်ဆိုင် ခဲ့ရတာရှိပါတယ်။
 

မေး။   ။ အာဏာသိမ်းကာလမှာ လုံခြုံရေးအရအခက်အခဲတွေကြောင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တွေအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေကိုဘယ်လိုအပိုင်းတွေကနေ ဆောင်ရွက်ပေးနေရတယ်လို့ ပြည်သူ လူထုကိုအသိပေးချင်ပါသလဲ။

ဖြေ။   ။ ကျွန်မတို့တွေ တော်လှန်ရေးတာဝန်တွေကို ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်။ တကယ်တော့ စစ်ကောင်စီပြုတ်ကျသွားတာနဲ့လည်း မပြီး‌ဘူး။ ဒီမိုကရေစီပြန်လည်ထွန်းကားဖို့ဆိုတာက ရေရှည်အနေနဲ့ ကြိုးပမ်းရမယ်။ ဒီနိုင်ငံသစ်မှာ ပြန်လည်ထူထောင်ရမယ့် ဥပဒေတွေမူဝါဒတွေ အတွေးအခေါ်တွေကလည်း အင်မတန်မှ အရေးကြီးတာ ဖြစ်တယ်။လက်ရှိ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေကျင်းပတာတို့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ အာဆီယံနဲ့ ဆက်သွယ်‌ဆောင်ရွက်ပြီး ရေရှည်လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာတွေကလည်း မဖြစ်မနေပြင်ဆင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီအပိုင်းတွေကိုလည်း ကျွန်မတို့က တတ်စွမ်းသမျှ ဆောင်ရွက် နေပါတယ်။

“အမျိုးသမီးတွေအပေါ်မှာလူငယ်တွေအပေါ်မှာ ပိုပြီးတော့မှအထင်အမြင်သေးတဲ့ အသိုင်းအဝိုင်း ဖြစ်တဲ့အတွက် ဒီလိုအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ဆက်ဆံရတဲ့အခါ ပိုမိုပြီးတော့ လုပ်နိုင်ကိုင်နိုင်ကြောင်း သက်သေပြရတာ ပိုပြီးအလုပ်ကြိုးစားရတာ ဆက်ဆံရေးတည်ဆောက်ဖို့ ပိုပြီးခက်ခဲတာမျိုးပေါ့နော်”


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/2/2025 0 Comments

ဂျဲန်ဒါတန်းတူရေးရပ်တည်ချက်စာတမ်းအကျဉ်းချုပ်

Picture
ရေးသားသူ- မိုခါး


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 


“ဂျဲန်ဒါတန်းတူရေး ရပ်တည်ချက်စာတမ်း"သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မ တီ (JCC-Gender Policy) က ပြုစုပြီး NUCC က အတည်ပြုပြီး ဇူလိုင် ၇ ရက်နေ့က ဖြန့်ဝေခဲ့ပါတယ်။ ဒီရပ်တည်ချက်စာတမ်းကို JCC-Gender Policy မှာပါဝင်တဲ့ (အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင်အဖွဲ့အစည်းတွေက ရေးသားပြုစုခဲ့ကြတာ ဖြစ်တယ်။

ဒီစာတမ်းမှာ အခန်း (၆)ခန်း ပါဝင်ပါတယ်။ နိဒါန်းနဲ့နောက်ခံအကျဉ်း၊ ဂျဲန်ဒါတန်းတူရေးနဲ့မြန်မာနိုင်ငံ၊ နိုင်ငံတော်ရဲ့အပြည်ပြည်ဆိုင်ရာကတိကဝတ်များ၊ ဂျဲန်ဒါတန်းတူရေးလုပ်ဆောင်ချက်များ၊ စံတန်းဖိုးနဲ့ရပ်တည် ချက်များ၊ ဂျဲန်ဒါတန်းတူရေးအတွက်ရပ်တည်ချက် စတာတွေ ဖြစ်ပါတယ်။

ဂျဲန်ဒါတန်းတူရေးနဲ့ အမျိုးသမီးအခွင့်အ‌ရေးတို့ဟာ လူ့အခွင့်အရေးရဲ့မရှိမဖြစ်ခွဲမရတဲ့ အစိတ်အပိုင်း တွေဖြစ်ပြီး၊ ဂျဲန်ဒါတန်းတူတဲ့လူ့အဖွဲ့အစည်းဟာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ကြွယ်ဝမှု၊ ဘေးကင်းပြီး တရားမျှတမှု တွေကို ဆောင်ကျဉ်းကြောင်းနဲ့ ဂျဲန်ဒါတန်းတူရေးဆိုတာ ဒီမိုကရေစီရဲ့အခြေခံတစ်ရပ်ဖြစ်တယ်လို့ စာတမ်းက ဆိုထားပါတယ်။ ဂျဲန်ဒါတန်းတူရေးရပ်တည်ချက်စာတမ်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးသာမက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ဂျဲန်ဒါတန်းတူရေးအတွက် အခွင့်အလမ်းတွေ ဖြစ်ထွန်းလာစေဖို့ လမ်းညွှန်မှုတစ်ရပ်အဖြစ် ရည်ရွယ်ထားပါတယ်။

၂၀၀၉ ခုနှစ်မြန်မာနိုင်ငံရဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ (၅၁.၁)သန်းမှာ အမျိုးသမီး (၅၃.၂)ရာခိုင်နှုန်း၊ အမျိုးသား (၄၆.၈)ရာခိုင်နှုန်းရှိကြပြီး၊ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် စာတတ်မြောက်မှုနှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်း ပိုများပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အသီးသီးမှာ ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ် (၁၈)ရာခိုင်နှုန်းဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့ရာထူးမှာ အမျိုးသမီးပါဝင်မှု (၃၀) ရာခိုင်နှုန်းထက်နည်းပါးပြီး  ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း (၁၆,၇၈၅) မှာ အုပ်ချုပ်ရေးမှာ အမျိုးသမီးကိုယ်စားပြုမှု (၀.၆၀) ရာခိုင်နှုန်းရှိတယ်လို့ စာတမ်းမှာဖော်ပြထားတယ်။

ဘွဲ့ကြိုသင်တန်းအဆင့်ပညာတတ်မြောက်သူ ဦးရေရဲ့ ၆၅.၂ ရာခိုင်နှုန်း၊ မဟာဘွဲ့အဆင့်စုစုပေါင်းရဲ့ ၈၀.၅ ရာခိုင်နှုန်း၊ ပါရဂူဘွဲ့အဆင့် စုစုပေါင်းရဲ့ ၈၀.၈ ရာခိုင်နှုန်းတို့ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနည်းပညာနဲ့ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ယူနက်စကို) ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပညာအရည်အချင်းမြင့်မားမှု ရာခိုင်နှုန်းမှာ အမျိုးသမီးတွေဖြစ်ကြပေမယ့် နိုင်ငံရေးနဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်း နည်းပါးနေခြင်းဟာ သမိုင်းစဉ်ဆက်က ရိုးရာအစဉ်အလာ၊ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ အမျိုးသမီးတွေကိုဖယ်ကျဉ်ထားခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုတယ်။ ဖိုဝါဒ ကြီးစိုးတဲ့ တန်ဖိုးထားမှု၊ယုံကြည်မှုတွေဟာ မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ယဉ်ကျေးမှုတွေ ပျံ့နှံနေပြီး အဲ့ဒီယုံကြည်ချက်တွေကို မကြာခဏအသုံးပြုကာ နိုင်ငံရေး၊ လူမှုစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေမှာ အမျိုးသားတွေကိုလွှမ်းမိုးခွင့်ပေးထားတာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပဋိညာဥ်စာချုပ်မှာ အမျိုးသမီးနဲ့အမျိုးသား တန်းတူအခွင့်အရေးတွေရှိခြင်းကို သက်ဝင် ယုံကြည်ပြီး အလေးအနက်ပြုဖို့ ပြဌာန်းထားပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းအရ အမျိုးသမီး၊ အမျိုးသားခွဲခြားမှုမရှိစေဘဲ ကြေညာစာတမ်းမှာပါရှိတဲ့ အခွင့်‌အရေးနဲ့ လွတ်လပ်ခွင့်အားလုံး ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွေဖြစ်တဲ့ အမျိုးသမီးတွေ အပေါ် နည်းမျိုးစုံနဲ့ခွဲခြားမှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (စီဒေါ)နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်၊ ကလေးသူငယ်တွေရဲ့အခွင့်အရေးများဆိုင်ရာ စာချုပ်တို့ကို လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဖြစ်တဲ့ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေ သုံးရပ် လုံးမှာ လူမျိုးစုအရေး၊ ဂျဲန်ဒ်တန်းတူညီမျှမှု ဖြစ်ပေါ်လာစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို ထည့်သွင်းရေးဆွဲထားတာမရှိတဲ့အပြင် အမျိုးသမီးတွေအပေါ်တိုက်ရိုက်၊ သွယ်ဝိုက်နည်းနဲ့ ခွဲခြားဆက်ဆံမှုတွေ ကိုဖြစ်စေအောင် ပြဌာန်းရေးဆွဲထားတဲ့ ဥပဒေအချက်အလက်တွေပါဝင်နေတယ်လို့ စာတမ်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေမြှင့်တင်ဖို့ အတွက် နိုင်ငံတော်အဆင့်လုပ်ငန်းတွေ၊ ဥပဒေတွေ၊ ကော်မတီတွေဖွဲ့စည်းခဲ့ပေမယ့် နိုင်ငံ‌တော်ရဲ့ ကတိကဝတ်တွေဟာ စာရွက်ပေါ်မှာသာရှိနေခဲ့ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်စရာ ဘာရလဒ်မှထွက်ပေါ်ခဲ့ခြင်းမရှိဘူးလို့ စာတမ်းကဆိုထားပါတယ်။ ဒ့ါအပြင် စစ်အာဏာသိမ်းမှုကြောင့် အရင်အစိုးရလက်ထက်တွေက အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တဲ့ မူဝါဒတွေနဲ့ မဟာဗျူဟာတွေဟာလည်း လက်ရှိအခြေအနေမှာ ထိရောက်မှုမရှိတော့တဲ့အပြင် ကိုက်ညီမှုလည်း မရှိတော့ ဘူးလို့ စာတမ်းကအတိအလင်းဆိုထားတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုတွေဟာ ခွဲခြားမှု မရှိခြင်း၊ ဂျဲန်ဒါသာတူညီမျှခြင်း၊ ပြီးပြည့်စုံတဲ့တန်းတူညီမျှခြင်း၊ အကျိုးရလဒ်အပေါ်အခြေခံတဲ့ တန်းတူရေး၊ မတူကွဲပြားခြင်း၊ အားလုံးပါဝင်ခြင်း၊ အထူးစီမံဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများ စတဲ့အချက်တွေကို စံတန်ဖိုးတွေအဖြစ် သတ်မှတ်ထားပါတယ်။

ဖိုဝါဒကြီးစိုးမှုအဆုံးသတ်ရေး၊ ဂျဲန်ဒါခွဲခြားမှု၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ တန်းတူညီမျှမှုမရှိခြင်းတွေအပေါ် လုံးဝလက်သင့်မခံတဲ့မူကို လက်ကိုင်ကျင့်သုံးသွားရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် အ‌လေ့အထအဆုံးသတ်ရေး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး၊ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ဖြစ်ဉ်တွေမှာ အမျိုးသမီးများကိုယ်စားပြုပါဝင်လာရေး၊ ဂျဲန်ဒါအမြင်ဖြင့် တုံ့ပြန် ဆောင်ရွက်ရေးနဲ့ ဂျဲန်ဒါတန်းတူရေးအတွက်ပြောင်းလဲမှုများဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားရေးတို့ကို ရပ်တည်ချက်တွေအဖြစ်သတ်မှတ်ထားပါတယ်။

ခွဲခြားဆက်ဆံတဲ့ပုံစံအားလုံးအဆုံးသတ်ရေး၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများတိုက်ချက်ရေး၊ အမျိုး သမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှုသေချာစေရေး၊ ဂျဲန်ဒါတန်းတူရေးကို အစဉ်တစိုက် အလေးထားတဲ့အလေ့အထများ တည်ဆောက်ခြင်းနဲ့ ဘဏ္ဍာရေးမူဝါဒများချမှတ်ရာမှာ ဂျဲန်ဒါတန်းတူရေးကို ထည့်သွင်းစဉ်းစားခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂျဲန်ဒါတန်းတူရေး ယန္တရားတည်ဆောက်ရေး တို့ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲခြားတဲ့ပုံစံတွေကို တားမြစ်တဲ့အချက်ကို ထည့်သွင်း ဖို့ တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်။ ဂျဲန်ဒါတန်းတူမညီမျှခြင်းကို ဖြစ်စေတဲ့ ဂျဲန်ဒါပုံသေကားချက် ယူဆချက်တွေ၊ ဂျဲန်ဒါတရားသေအယူအဆတွေဖြစ်တဲ့  ယဥ်ကျေးမှုစံနှုန်းတွေ၊ လူမှုအလေ့အထတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး အစရှိတဲ့ အများပြည်သူနယ်ပယ်တွေမှာ လိင်နဲ့ လိင်စိတ်ခံယူမှုကွဲပြားခြင်းကို အခြေခံတဲ့ခွဲခြားမှုတွေအပါအဝင်ထိခိုက်စေတဲ့ ဂျဲန်ဒါတရားသေအယူအဆတွေနဲ့ ခွဲခြားတဲ့စံနှုန်းတွေကို ထုတ်ဖော်၊ ကိုင်တွယ်တဲ့ အစီအမံတွေလုပ်ဆောင်ကာ မတူကွဲပြားမှုတွေအကြား တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို သေချာအောင်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဂျဲန်ဒါတရားသေအယူအဆတွေနဲ့ ခွဲခြားတဲ့စံနှုန်းတွေကို အဆုံးသတ်စေဖို့အတွက် မူဝါဒတွေ၊ စီမံချက်၊ စီမံကိန်း၊ သုတေသနဲ့ ဆန်းစစ်ချက်တွေ၊ လှုပ်ရှားမှုတွေကို လုပ်ဆောင်မှုအဆင့် အသီးသီးမှာ အထူးစီမံ ဆောင်ရွက်မှုတွေနဲ့ တန်းတူရေးကိုဖော်ဆောင်ခြင်းကို ထည့်သွင်းခြင်းမှတဆင့် ဝန်ဆောင်မှုတွေလက်လှမ်းမှီ ရေး၊ အသက်အရွယ်နဲ့သင့်တော်တဲ့ လိင်မှုဆိုင်ရာပညာ‌ရေး၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုကာကွယ်တားဆီး ရေးနဲ့ အချိုးကျပါဝင်မှုနဲ့ကိုယ်စားပြုမှုတို့ကို ကြိုးပမ်းသွားမယ်လို့ စာတမ်းမှာဖော်ပြပါတယ်။

ဂျဲန်ဒါတရားသေအယူအဆတွေ၊ အကြမ်းဖက်မှုကျူးလွန်ခံရသူကို အပြစ်တင်တာ၊ အမုန်းစကား ပြောဆိုတာတွေကို မီဒီယာတွေမှာ ထည့်သွင်းခြင်းမှရှောင်ရှားဖို့နဲ့ ဂျဲန်ဒါတန်းတူရေးကို ဖော်ဆောင်တဲ့ အမျိုး သမီးတွေရဲ့ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ကိုယ်စားပြုမှုကို အလေးပေးခြင်း၊ အိမ်မှုကိစ္စတာဝန်ခွဲဝေယူခြင်း နဲ့ ဖခင်ပြုစုစောင့်ရှောက်တဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ ပုံဖော်မှုတို့ကို လုပ်ဆောင်ဖို့ တိုက်တွန်းသွား မယ်လို့ ဆိုထားတယ်။

အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအပါအဝင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု တွေကို လုံးဝလက်သင့်မခံရေးမူ ကျင့်သုံးမှာဖြစ်ပြီး ကျူးလွန်သူဘယ်သူမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအဆုံးသတ်ရေးအတွက် ကာကွယ်၊ တားဆီး၊ တုံ့ပြန်တာတွေ၊ အဲ့ဒီအတွက် ဥပဒေအကာအကွယ် လုပ်ဆောင်ခြင်း၊ မူဝါဒချမှတ်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်မှုယန္တရားတည်ဆောက်ခြင်းတို့ကို အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ အကောင်အထည်ဖော်သွားမယ်လို့ဆိုထားတယ်။

စီဒေါကော်မတီရဲ့ အကြံပြချုက်တွေအပါအဝင် ကော်မတီရဲ့ အနှစ်ချုပ်သုံးသပ်ချက် (၂၀၁၆) ပါ အကြံပြုချက်တွေအတိုင်း ကွန်ဗင်းရှင်းပါ ပြဌာန်းချက်တွေနဲ့ လိုက်လျောညီထွေမှုရှိစေတဲ့ ပြည်တွင်းဥပဒေတွေ ဖြစ်စေဖို့ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြဌာန်းခြင်းတို့ လုပ်ဆောင်သွားမယ်။ မုဒိန်းမှုနဲ့ အိမ်ထောင်ဖက်က ကျူးလွန်တဲ့ မုဒိန်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ကွန်ဗင်းရှင်းနဲ့အညီ ပြင်ဆင်တာ၊ အမျိူးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို ကွန်ဗင်းရှင်းနဲ့အညီပြဌာန်းတာ၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အရေးယူမှုကင်းလွတ်စေတဲ့ ဥပဒေတွေကို ပယ်ဖျက်တာတွေ ပြုလုပ် သွားမယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာကျန်းမာ‌ရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ကိုဖျက်သိမ်းခြင်းနဲ့ စစ်တပ်နဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုတို့ကို အရှိန်မြှင့်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ လမ်းညွှန်မူဘောင်တွေဖြစ်တဲ့ ကာကွယ်ခြင်း၊ တားဆီးခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အကောင်အထည် ဖော်‌ဆောင်ရွက်သွားမယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ခြင်း၊ ကိုတာစနစ်ကဲ့သို့ အထူးစီမံဆောင်ရွက်ချက်တွေ ပြဌာန်းအကောင်အထည်ဖော်ခြင်း၊ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ်၊ မဲများသူနိုင်စနစ်တို့ကို ပူးတွဲကျင့်သုံးခြင်း၊ အခြားသောအစိုးရယန္တရားများဖြစ်တဲ့ ဘဏ္ဍာရေးမူဝါဒ ချမှတ်ရာမှာ ဂျဲန်ဒါတန်းတူရေးကို ထည့်သွင်းစဉ်းစားခြင်းတို့ကို ကျင့်သုံးခြင်းနဲ့ ဂျဲန်ဒါတန်းတူရေးကိုအစဉ်တစိုက် အလေးထားတဲ့အလေ့အထတွေ တည်ဆောက်ခြင်းတို့ အပါအဝင် အထောက်အပံ့ဖြစ်မယ့် တခြားအစီအမံတွေ ချမှတ်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းမှာပြဌာန်းထားတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အခန်း ကဏ္ဍအဆင့်ဆင့်မှာ  အမျိုးသမီးအနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်ရေးမူကို အသွင်ကူးပြောင်းရေးကာလ အစီအမံတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စီမံဆောင်ရွက်ချက်တွေမှာ ထည့်သွင်းသွားမယ်လို့ ဆိုထား တယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ဂျဲန်ဒါတန်းတူရေးနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ရေးအတွက် ပြည်ထောင်စုနဲ့ပြည်နယ်၊ ဖက်ဒရယ် ယူနစ်တွေရဲ့ ဂျဲန်ဒါဘတ်ဂျက်ရေးဆွဲခြင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ စွမ်းရည်တွေကို ဆက်စပ်အဖွဲ့ဝင်အဖွဲ့အစည်းတွေအတွင်း တည်ဆောက်သွား ဖို့ ဖြစ်ပါတယ်။

ဘဏ္ဍာရေးမူဝါဒတွေချမှတ်ရာမှာ လိုအပ်ချက်တွေအပေါ် မူတည်ပြီးသီးခြားလုပ်ငန်းစဉ်တွေအတွက် အသုံးစရိတ်နဲ့ လုပ်ထုံးလုပ်နည်း အလေ့အထတွေတည်ဆောက်ရန်၊ အသုံးစရိတ်တို့နဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် တိုက်တွန်းလုပ်ဆောင်သွားမယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ဂျဲန်ဒါတန်းတူရေးနဲ့ အမျိူးသမီးနဲ့ မိန်းက‌လေးငယ်တွေ လုပ်နိုင်စွမ်းရည်မြှင့်တင်ရေးရည်မှန်းချက်တွေ ထားရှိဖို့ အမျိုးသားအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် အစုအဖွဲ့တွေအနေနဲ့ ကတိပြုထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ဖို့ ကြိုတင်ပြင်ဆင်ခြင်း၊ လိုအပ်ချက်တွေ ကောက်ယူခြင်းနဲ့ ဆန်းစစ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ အစီရင်ခံခြင်းနဲ့ စောင့်ကြည့်အကဲဖြတ်ခြင်းတွေ လုပ်ဆောင်ရာမှာ ဂျန်ဒါ၊ အသက်၊ မသန်စွမ်း အချက်အလက်တွေကို ထည့်သွင်းစုဆောင်းကောက်ယူ တင်ပြခြင်းကို ဆောင်ရွက်သွားမှာဖြစ်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်တဲ့ လုပ်ငန်းစဉ်တလျှောက်မှာ ပါဝင်လုပ်ဆောင်သူတွေအားလုံးကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ အကြမ်းဖက်ခြင်း (PSHEA) ကို လုံးဝလက်သင့်မခံတဲ့မူကို သဘောတူလိုက်နာစေမယ့် အပြင် တာဝန်ရှိမှု၊ တာဝန်ခံမှုတွေ သေချာစေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ချိတ်ဆက်လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေခြင်း၊ ဂျဲန်ဒါ တန်းတူရေးဖော်ဆောင်ရာမှာ အ‌ထောက်အကူပြုတဲ့ အားသာချက်များစွာရှိပေမယ့် အမျိုးသမီး၊ ဂျဲန်ဒါအရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေကို တစ်နိုင်ငံလုံးမှာတပြေးညီ ချမှတ်အကောင်အထည်ဖော်ဖို့ ခက်ခဲတာ၊ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစိုးရအဆင့်ဆင့်တို့ကို စည်းရုံးလှုံ့ဆော်ရမှာဖြစ်ပြီး ဂျဲန်ဒါတန်းတူရေး လှုပ်ရှားမှုတွေကို အားနည်းစေနိုင်တဲ့ အားနည်းချက်တချို့လည်း ရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ဂျဲန်ဒါတန်းတူရေးကို မြှင့်တင် ဖော်ဆောင်ပေးတဲ့ အခြားသောမူဝါဒတွေ၊ စနစ်တွေကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့အတူ ပူးတွဲကျင့်သုံး ခြင်းဖြင့် ဂျဲန်ဒါတန်းတူရေးကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထား တယ်။

ဤစာတမ်းမှာ လတ်တလောအရေးပေါ်လိုအပ်ချက်တွေ၊ ရေရှည်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ ဒီအချက်တွေကို ဆောင်ရွက်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပြစ်ဒဏ်ကင်းလွှတ်ခွင့်အလေ့အထကို အမြစ်ပြတ်ဖို့အတွက်ကိုလည်း အဓိကဆောင်ရွက်ရမယ့် အချက်အနေနဲ့ ထည့်သွင်းထားသလို ဖိုဝါဒအမြစ်ဖြတ်ရေးဆိုတာကိုလည်း စာတမ်းမှာ ဖော်ပြထားပါတယ်။

စာတမ်းက ဆိုထားတဲ့ အချက်တွေထဲမှာ သိသာထင်ရှားတာကတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ် ခြင်းနဲ့ အကြမ်းဖက်ခြင်း (PSHEA) ကို ရေးဆွဲနိုင်ခဲ့တာကတော့ ထင်ရှားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် လိုအပ်တဲ့စီမံချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ပြီလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

“အမျိုးသမီးတွေအတွက် လိုအပ်တဲ့စီမံချက်တွေကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ပြီလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်”


​အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
0 Comments

5/2/2025 0 Comments

ကျန်မသွားဖို့ ချန်မထားစို့

Picture
ရေးသားသူ- ယုဂန်(မြန်မာစာ)


အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
 

         နိုင်ငံတစ်နိုင်ငံဖြစ်‌စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်‌စေ ကောင်းမွန်တိုးတက်စေရန်အတွက် ဘုံကောင်းကျိုး (မည်သူမျှချန်မထားကျန်မသွားရန်) ကို‌ ရှေးရှုရန် လိုအပ်ပါသည်။ ဘုံကောင်းကျိုးကို ဖော်ဆောင်နိုင်ရန် အသံစုံကို နားစွင့်၊ အသံစုံကို လိုက်ရှာ၊ အသံတွေကိုကြားတတ်ရုံမျှမက ကြည့်တတ် မြင်တတ်ရန်လည်း လိုအပ်ပါသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ကွဲပြားနေခြင်းမှာ လွဲမှားနေခြင်း မဟုတ်ပေ။ ကွဲပြားနေခြင်းကို လွဲမှားနေသည်၊ ငါနှင့်မတူ ငါရန်သူ ငါကဲ့သို့ အခွင့်အလမ်းမရသင့်ဟူသော အတ္တဗဟိုပြု စဉ်းစားချက်များကို ပယ်ဖျက်သင့်ပြီ ဖြစ်သည်။ ယနေ့အထိ လူ့အသိုင်းအဝိုင်းတိုးတက်ရေးတွင် ချန်ထား ကျန်သွားသည့် များစွာသော ကဏ္ဍများနှင့် အသံများစွာ ရှိနေကြသည်။

များစွာသောချန်လှပ်ခံရမှုများအနက် အမျိုးသမီးများ၏ကဏ္ဍနှင့် အမျိုးသမီးများ၏အသံသည်လည်း‌ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။ တချို့က အသံများမထွက်၍၊ တချို့က ထွက်ရမှန်းမသိ၍၊ တချို့က မထွက်ဝံ့၍၊ တချို့ကျ ထွက်ပေးနေပါသော်လည်း နားမထောင်၍၊ နားမလည်ချင်ယောင်ဆောင်ခံရ၍ စသဖြင့် ပုံစံမျိုးစုံဖြင့် ချန်လှပ်ခံနေရသည်။ ထိုသို့မဖြစ်ကြရန်အတွက် အသံများကို ကဏ္ဍအစုံထွက်ကြမည်၊ အသံများကို ကဏ္ဍအစုံကကြားအောင် နားထောင်ကြရမည်၊ နားလည်အောင်ကြိုးစားကြပြီး အကောင်အထည်ဖော်မှုအဆင့် အထိ ဆက်လက်သွားကြရမည်။

အကောင်အထည်ဖော်မှုဟု ဆိုလိုက်သောအခါ "အမျိုးသမီးတွေပါဝင်နေတာပဲလေ၊ ပါလည်း ပါဝင်ခွင့်ပြုနေတာပဲ" စသဖြင့် အလွယ်တကူ တုံံ့ပြန်တတ်ကြသည်။ ပါဝင်နေရသည့် အနေအထားနှင့် ပါဝင်ခွင့် ရသည့် ကဏ္ဍနေရာများကို ပြန်လည်စိစစ်ကြည့်ခြင်းကိုမူ ဂရုတစိုက်မလုပ်မိကြပေ။ ယခုတော်လှန်ရေးကာလ ကြားကာလအစိုးရဟုခေါ်သော NUG တွင်လည်းကောင်း၊ မြေပြင်၊ အွန်လိုင်း၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအစုံတွင်လည်းကောင်း ဆုံးဖြတ်ပိုင်ခွင့်နှင့်ဦးဆောင်ဦးရွက်ပြုရသောနေရာ၌ အမျိုးသမီးများ လွန်စွာ နည်းပါးလျက်ရှိသည်။

နိုင်ငံရေးကဏ္ဍမှသည် မိသားစုအရေးအထိ ကြည့်မည်ဆိုလျှင် မြန်မာအမျိုးသမီးထု၏ ရာခိုင်နှုန်း အများစုမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ၊ ကိုယ်ပိုင်ဘဝရပ်တည်မှုများမရှိဘဲ ဖြစ်နေကြသည်။ အစည်းအဝေး တစ်ခုဖိတ်ကြားခြင်းတွင် ဖိတ်ကြားစဉ်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားကိုယ်တိုင် တက်ရောက်ရမည်။ တစုံတခုဆုံးဖြတ်လျှင်လည်း အမျိုးသားဖြစ်သူသဘောတူ၊ မတူစသဖြင့် မိန်းမသားတို့၏ ဆုံးဖြတ်ခွင့် ပါဝင်ခွင့် ဝေးကွာနေကြသည်။ထိုသို့ ဝေးကွာမှန်းသိသောအခါ အမျိုးသမီးများမှာ အိမ်ထောင်မှုထိန်းသိမ်းရေးသည်သာ မိမိနယ်ပယ်၊ မိမိဘဝအစစ်အမှန်အဖြစ် များစွာသောအချိန်များကို အိမ်တွင်သာ ကုန်ဆုံးကြကုန်သည်။

တရားမျှတခြင်း၊ မမျှတခြင်း၊ အခွင့်အရေးများကို မသက်ဆိုင်သောအရာအဖြစ် ရှုမြင်လက်ခံလာကြသည်။ အမျိုးသားနှင့် မိမိပြိုင်တူနေမကောင်းလျှင်ပင် အမျိုးသားကအားရှိရမည်ဖြစ်သည်။ အမြန်နေကောင်းမှ ဖြစ်မည်ဆိုကာ အာဟာရရှိသောအစာ၊ ဆေးဝါးများ တိုက်ကျွေးခြင်း၊ ဆေးခန်းပို့ခြင်းများကို အမြန်လုပ်ဆောင် ပြီး၊ သူတို့ကိုယ်တိုင်မှာမူ အိမ်ရှိအိမ်တွင်းဆေးဝါးလေးဖြင့်သာ နေတတ်ကြသည်။

အခွင့်အလမ်းမရခြင်းကို အနစ်နာခံမှုမေတ္တာတရားအဖြစ် ကျေနပ်နေလေ့ရှိကြသည်။     ဆိုလိုသည်မှာ အနစ်နာခံမှု၊ မေတ္တာတရားတို့ကို တားမြစ်နေခြင်းမဟုတ်ပေ။  မိမိတို့ရရှိသင့်သည့် အခွင့်အလမ်းဆုံးဖြတ်ပိုင် ခွင့်များကို မိမိကိုယ်တိုင်သိနားလည်ရန်လည်း လိုအပ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သိရှိပါမှ အခွင့်အရေး ရပိုင်ခွင့်များ ဆုံးရှုံးနေလျှင်မည်သို့ရယူရမည်ဟူသော နည်းနာအဆင့်ကိုတက်လှမ်းနိုင်မည်။ အများစုက အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ခံပြင်းရမှန်းမေ့လျော့နေပြီး၊ ခံပြင်းရမှန်းသိသူများအနက်တချို့မှာလည်း ထိုအရာအတွက်နည်းလမ်းမရှာဘဲ ပြဿနာအဆင့်တွင်သာ ထားနေကြလေသည်။

ခွဲခြားဆက်ဆံခံရမှုအတွက် တိုက်ဖျက်နေသူများကိုပင် အပိုလုပ်နေသယောင်မြင်တတ်ကြသူများ မှာလည်း အမျိုးသမီးအများစုဖြစ်သည်မှာ ငြင်းမရသော လက်တွေ့မြင်ကြားသိနေရသောအရာ ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုတွင် အမျိုးသမီးတစ်ဦးက အမျိုးသားများနှင့် ရင်ပေါင်တန်းတန်း လုပ်ဆောင်နေလျှင်ပင် "ယောက်ျားတရုန်းရုန်းနဲ့ မရှက်ဘူးလားမသိ၊ သူနေရာထင်နေလားပဲ" ဆိုသည့် အမြင်ကျဉ်းမြောင်းစွာ ကဲ့ရဲ့ ဝေဖန်ကြသည်။ မိမိမစွမ်းဆောင်နိုင်သည်နှင့် အခြားသူက မသမာနည်းမရိုးသားနည်းဖြင့် ရရှိထားဟန် အမည်ဖျက်ထိုးချကြသည်။ အတ္တနှင့်မနာလိုဝန်တိုမှုသည် အလွန်ကြောက်စရာ ကောင်းလှပေသည်။ မုဒိတာပွါး ချီးမြှောက်ရမည့်အစား မည်သို့ထိုးချရမည်ကို ကြည့်နေတတ်ကြသည်။

လူသားတိုင်း လူသားဖြစ်နေသည့်အတွက် လူ့အခွင့်အရေးကိုရသင့်သည် ဟူသောအချက်ကို စာအုပ်များ၊ စာချုပ်များထဲတွင်သာထားပြီး ရှေးရိုးအစဉ်အလာများ စွဲကိုင်ကာ အမျိုးသမီးများသည် အမျိုးသား များထက် နိမ့်ကျသယောင် အယူအဆများကို လက်ခံနေကြသည်။ ဘာသာရေး အယူအဆများဖြင့် အမျိုးသမီး များကို ဖယ်ကြဉ်ထားကြသည်။ ဘုန်းနိမ့်ကံနိမ့်ခြင်း အယူအဆကို ယူချင်သလို ယူတတ်ကြပြီး အခြား ဘာသာရေးအဆုံးအမကို လိုက်နာချင်မှ လိုက်နာသည်။ သြချလောက်သော လိုက်နာမှုကြီးပင် ဖြစ်လေသည်။

ယခုတော်လှန်ရေးကာလအတွင်း အချို့နေရာများ၌ အမျိုးသမီးပါဝင်လုပ်ဆောင်လာကြသည်။ ထိုအခါတွင်လည်း ဆုံးဖြတ်ပိုင်ခွင့်‌ပေးသည်ဆိုခြင်းထက် “မင်းတို့မိန်းမတွေ ဘယ်လောက်များလုပ်နိုင်မှာမို့လဲ” ဟူသော ပုံစံဖြင့် အာဂအမျိုးသားများက တွဲမခေါ်ဘဲ ကြည့်ကောင်းကောင်းဖြင့် ကြည့်နေတတ်ကြသေးသည်။ မြေပြင်ပညာရေးနှင့် ပြန်လည်‌ထူထောင်ရေးတွင် ပါဝင်နေသော ဆရာမတစ်ဦး၏ အတွေ့အကြုံကိုလည်း ဤသို့ ကြားသိရသည်။

" အခုကျွန်မတို့ကျေးရွာတွေမှာ တစ်ရွာလုံးမီးရှို့ပြာကျသွားတော့ ငါတို့လည်း နိုင်ရာဝန်ထမ်းမယ်ဆိုပြီး ပြန်လည်ထူထောင်ရေးဆိုပြီးဖွဲ့လိုက်တာ မိန်းကလေးတွေချည်း၊ မိန်းကလေးတွေ လည်း ဦးဆောင်ပြီးလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို လုပ်ပြတာ၊ ဝါးတွေတိုင်တွေထန်းရွက်တွေ ဝေနိုင်ဖို့ ကြိုးစားတဲ့အခါမှာ တိုင်တွေ မနိုင်မနင်းမကြရတယ် ယောကျ်ားထုကြီးကတော့ ကြည့်ကောင်းကောင်းနဲ့ကြည့် နေကြလေရဲ့ တော်လှန်ရေးကာလမှာ ရှိသမျှအစွမ်းအစတွေ အကုန်ထုတ်သုံးပြီး နည်းမျိုးစုံနဲ့ရန်ပုံငွေတွေ ရှာခဲ့ကြတယ်။ လေဘေးအင်္ကျီတွေရောင်းရတဲ့အမြတ်ငွေလှူ၊ လုပ်နိုင်စွမ်းရှိသမျှ ဒီနေ့ထိလုပ်ဆောင်နေ ကြတယ်" ဟုရင်ဖွင့်ပြောလာခြင်းကိုကြားသိရသည်။

ထိုအကြောင်းကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများကို ပါဝင်ခွင့်ဦးဆောင်ခွင့်ပေးခြင်းဟု ခေါင်းစဉ်တပ်ချင် တပ်ကြလိမ့်မည်။ ကျွန်တော့်အနေဖြင့် ဤအရာကို ဦးဆောင်ခွင့် ပေးနေသည်ဟုမမြင်မိပေ။

ကျွန်တော်တို့၏ ယခုကာလဖြတ်သန်းနေမှုသည် တော်လှန်ခြင်းနှင့်ယုံကြည်မှုတည်ဆောက်ခြင်းကို တပြိုင်နက်လုပ်ဆောင်နေရသည့်ကာလ ဖြစ်သည်။ ယုံကြည်မှုများ မြင့်မားလာရန် လိုသည်။ လိင်ကွဲပြားမှု အပေါ်ကြည့်ပြီး "ကြက်မတွန်လို့မိုးမလင်းပါဘူး" လုပ်နေရမည့်အချိန်မဟုတ်တော့ပေ။ ကျွန်တော်တို့ နိုင်ငံကြီး ဖက်ဒရယ်နိုင်ငံသစ်သို့ ဦးတည်လိုပါလျှင် ဂျန်ဒါတိုင်း၏အသံကို နားစွင့်ထားရမည်။ သူတို့အမြင်ကိုလည်း ဖွင့်ပေးရန်လိုအပ်သည်။ မသိလို့၊ နားမလည်လို့၊ မတတ်လို့ ချန်ထားခဲ့ရမည်မဟုတ်ဘဲ မတူကွဲပြားသော ဂျန်ဒါအစုံကြား မသိသည့်အရာကို သိလာစေရန်၊ နားမလည်သည့်အရာ နားလည်စေရန်နှင့် မတတ်သည့် အရာများကို တတ်လာအောင် အတူယှဉ်တွဲ လေ့လာကြရမည်။

လမ်းလျှောက်စအရွယ်ကလေးကို လမ်းဖြောင့်ဖြောင့်လျှောက် တတ်အောင်ဝါးတန်းဖြစ်စေ တွန်းလှည်းဖြစ်စေ ခဏကူရသကဲ့သို့ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုရေးကို မြို့နယ်၊ ရပ်ကွက်ရှိ အဖွဲ့အစည်းများက လက်တွဲခေါ်ရမည်။ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုကာ ထိုထက်စွမ်းဆောင်နိုင်အောင် အရည်အသွေးများမြင့်မားအောင် ကြံဆောင်ကြရမည် ဖြစ်သည်။ အသိအမှတ်ပြုခြင်းကို ကျား၊ မ ဂျန်ဒါမရွေး အရွယ်သုံးပါးမရွေး ရလိုကြသည်ချည်း ဖြစ်သည်။ ထိုအရာကို သိထားပါလျက် စွမ်းဆောင်ရည်ရှိသည့်အရာများကို မြင်ပါလျက် မမြင်ဟန်မကြားဟန် အမှားကွက် သာ ရှာနေခြင်းဖြင့် အမျိုးသမီးများပါဝင်မှုကို အားလျော့စိတ်ပျက်အောင် မလုပ်သင့်ပေ။

မိန်းမသားများကို အိမ်နှင့်မီးဖိုချောင်တွင် ထိုးထည့်ထားခြင်း ချန်လှပ်ထားခြင်းသည် တိုးတက်သော လူအဖွဲ့အစည်းထူထောင်ရေးတွင် မရှိသင့်၊ မရှိအပ်သောအရာ ဖြစ်သည်။ အိမ်ထောင်မှုထိန်းသိမ်းခြင်းကို အမျိုးသမီး၏အခန်းကဏ္ဍဟု ပုံသေသတ်မှတ်သော ရှေးရိုးအယူကိုလည်း စွန့်လွှတ်သင့်ပြီဖြစ်သည်။ လူမှန်လျှင် မိမိတဝမ်းတခါးအတွက် ချက်ပြုတ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လျှော်ဖွတ်ခြင်းစသဖြင့် ကိုယ်တိုင် ရပ်တည်‌နိုင်ရေးသည် ကျားတာဝန်၊ မတာဝန်ဟု ပိုင်းခြားသတ်မှတ်မနေသင့်ပေ။ လူမှန်လျှင် လူ့တာဝန် ဝတ္တရားများကို ထမ်းဆောင်နိုင်မည်သာ ဖြစ်သည်။

တော်လှန်ရေးတစ်ခု၊ တပ်ရင်းတစ်ခု မပြိုကွဲဖို့ ရေရှည်တည်တံ့ဖို့က အမျိုးသားတင်မဟုတ်ဘူး အမျိုးသမီးတွေလည်း ကျရာကဏ္ဍကနေပါဝင်အားဖြည့်ပါမှ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။ ပြောချင်တာက အမျိုးသားတွေ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်နေချိန်မှာ နောက်ကနေထောက်ပို့လုပ်ပေးနိုင်မယ့် အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါသည်။ အမျိုးသမီးများသည် ချန်ထားရမည့်အရာမဟုတ်၊ အမျိုးသမီးသည် အားလျော့အားပျော့ ရှောင်ပြေးနေကြမည့်သူများ မဟုတ်ပေ။ ကျရာကဏ္ဍမှာတာဝန်သိစိတ်ဖြင့် တာဝန်ယူ၊ တာဝန်ခံကာ လုပ်ဆောင်ပေးနေကြသည်။

မိန်းမသားများသည်လည်း ဦးဆောင်နိုင်စွမ်း၊ ပါဝင်နိုင်စွမ်း ရှိကြပါသည်။ ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီးအမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ။ မိန်းမသားဟု ပြောလျှင် အားနွဲ့ခြင်း၊ အားကိုးအားထားရှိရန် လိုအပ်သူများအဖြစ် တွဲမြင်နေသည်ကို ပယ်ဖျောက်သင့်သည်မှာ ကြာပြီ ဖြစ်သည်။

သမိုင်းအစဉ်အလာကတည်းက လျစ်လျူရှုလာခဲ့ကြသော အမျိုးသမီးတို့၏အသံကို ယနေ့ခေတ် အထိ နားမစွင့်ဘဲ၊ အရေးတယူမပြုဘဲနေနေလျှင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ဂျန်ဒါ တန်းတူညီမျှရေး မည်မျှအော်အော် မည်မျှရေးရေး၊ စာချုပ်မည်မျှပင် ချုပ်စေဦး အလကားဖြစ်နေမည်။ စာရွက်ပေါ်က စာသားများအဖြစ်မှ လက်တွေ့လိုက်နာမှုကျင့်သုံးမှုအဖြစ် ဂျန်ဒါအစုံကြား ကျင့်သုံးကြရမည် ဖြစ်သည်။ ဤသို့ရေးဖော်ပြောဆိုနေခြင်းသည် အထူးတလည်အခွင့်အရေးကို တောင်းဆိုနေခြင်းမဟုတ်ပေ။ မူလကတည်းက ရရှိရမည့် ရပိုင်ခွင့်အတွက် ဖော်ထုတ်သတိပေးနေရခြင်းဖြစ်သည်။ 

ဤသို့ဆိုလျှင် ကျားမဂျန်ဒါမရွေး အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အမျိုးသမီးများ၏အသံကို ကြားအောင် နားစွင့်၊‌ နားထောင်၊ နားလည်၊ အားပေးဖော်ဆောင်ကြရင်း အသံများကျန်မသွားရန် ချန်မထားဘဲ လူ့အဖွဲ့အစည်းတခုလုံး၏ ဘုံကောင်းကျိုးကို ဖြည့်တင်းကြပါရန် တိုက်တွန်းလိုက်ရပေသည်။

“ယောက်ျားသားများ ဦးဆောင်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် တင်ပြကြပြီး အမျိုးသမီးများထဲမှ  ထူးချွန်လွန်းမက ထူးချွန်မှ ထို အမျိုးသမီးများအားနေရာပေးခြင်း ဖော်ထုတ်တင်ပြကြခြင်းကလည်း မလျော်ကန်ပေ”

 
​
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media
0 Comments

5/2/2025 0 Comments

နွေဦးတော်လှန်ရေးနှင့်အတူ အကျည်းတန်လိင်အကြမ်းဖက်မှုများ

Picture
ရေးသားသူ- အမရာဟိန်း
 

အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
​


၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ် ဩဂုတ်လအထိ အမျိုးသားညီညွှတ်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော မြို့နယ်တရားရုံး(၂၆)ရုံး တွင် စစ်ဆေးစီရင်ခံသော  မုဒိန်းမှုမှာ ၁၉၆ မှု ရှိသည်။ လက်တွေ့ မြေပြင်တွင် တရားရုံးအထိရောက်ရှိခြင်းမရှိသော အမှုများစွာလည်း ရှိနိုင်သည်။ မုဒိန်းမှုအထိ မရောက်ရှိသော  အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမြောက်အမြား ရှိနိုင်ပါသည်။  စကစ စိုးမိုးသော မြို့ကြီးများတွင်လည်း ယနေ့ ခေတ်အခြေအနေအရ ကျူးလွန်ခံရသူအမြောက်အများ ရှိနိုင်ပါသည်။

            မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလကတည်းက အမျိုးသမီးများအကြမ်းဖက်ခံရခြင်းနှင့် ပတ် သက်၍ အောက်ပါ ဥပဒေများပြဌာန်းထားပေးသည်-
 
အမျိုးသမီးများအကြမ်းဖက်မှုအပေါ် ကာကွယ်ပေးသာ ဥပဒေပုဒ်မများ

ညစ်ညမ်းသောစကားဆိုခြင်း၊ဆဲဆိုခြင်း      
ပုဒ်မ ၂၉၄    
ထောင်ဒဏ် ၃ လအထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

အပြင်းအထန်နာကျင်စေခြင်း
ပုဒ်မ ၃၂၄
ထောင်ဒဏ်၃ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း
ပုဒ်မ၃၅၄
ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

မုဒိမ်းမှု
ပုဒ်မ ၃၇၆
ထောင်ဒဏ်၂၀ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
 

လက်နက်ကိရိယာဖြင့်နာကျင်စေမှု
ပုဒ်မ၃၂၄
ထောင်ဒဏ်၃နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

လူခိုးမှု
ပုဒ်မ ၃၆၃
ထောင်ဒဏ်၇ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
 

ကာယိန္ဒြေထိခိုက်အောင်ပြုခြင်း
ပုဒ်မ ၅၀၉
ထောင်ဒဏ်၂၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

အသ‌ရေဖျက်ခြင်း
ပုဒ်မ ၅၀၀
ထောင်ဒဏ်၁၀ နှစ်အထိ / ထောင်ဒဏ်+ငွေဒဏ်
 

အတင်းအဓမ္မခိုးယူပေါင်းသင်းမှု
ပုဒ်မ ၃၆၆
ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

ပြစ်မှုမကင်းသော ခြောက်လန့်မှု
ပုဒ်မ ၅၀၆
ထောင်ဒဏ်၂ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

ကာမလိမ်လည်ခြင်း
ပုဒ်မ ၄၁၇
ထောင်ဒဏ်၃ နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

နာကျင်အောင်ကိုယ်ထိလက်ရောက်ပြုမူခြင်း
ပုဒ်မ ၃၂၃
ထောင်ဒဏ်၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
 

အတင်းအဓမ္မစေခိုင်းမှု
ပုဒ်မ ၃၇၄
ထောင်ဒဏ်၁နှစ်အထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး

အဆိုပါ ပြဋ္ဌာန်းထားသော ဥပဒေများသည် အာဏာမသိမ်းခင်ကာလတွင်ပင် တရားစီရင်ရေး အခန်းကဏ္ဍ၏ အားနည်းချက်များကြောင့် ထိရောက်စွာကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ ကျူးလွန်ခံရမှုအများစုသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပင် ပြေလည်ကျေအေးလိုက်ကြသည်။ မုဒိန်းမှုအချို့တွင်ပင် နစ်နာကြေး အနည်းငယ်ပေး၍ ဖြေရှင်းဆောင်ရွက်တတ်ကြသည်။ အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ ကားတင်ပြေး၍ ခိုးယူပေါင်းသင်းမှုသည် ပြစ်မှုမြောက်သောအမှုတစ်ခုဖြစ်သော်လည်း အများစုမှာ ထိုကဲ့သို့ ဖြစ်ပါက လက်ထပ်ထိမ်းမြားယူလိုက်လျှင် ကျေအေးပေးတတ်ကြပါသည်။

NGOs, INGOs အဖွဲ့များအပြင် အစိုးရမှ ဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ထံလည်း တိုင်ကြားနိုင်သော်လည်း ထိရောက်သော ဖြေရှင်းဆောင်ရွက်မှုမျိုး အနည်းငယ်သာရရှိကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိသည့်အချိန်တွင် ပြည်သူများအနေဖြင့် အားကိုးရာမဲ့သည့် အခြေအနေတစ်ခု ဖြစ်လာကြသည်။

EROs အဖွဲ့အစည်းများ စိုးမိုးနယ်မြေများတွင် သူတို့ချမှတ်ထားသော ဥပဒေ၊ ဒေသဆိုင်ရာဓလေ့ထုံတမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြပါသည်။ ထိုနေရာတွင် အခြားဒေသမှ လာရောက်ခိုလှုံကြသော အမျိုးသမီးနှင့်ကလေးငယ်များအတွက်လည်း အားကိုးတိုင်ကြားရာနေရာသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံပင် ဖြစ်ပါသည်။ ပြစ်မှုထက်ကြီးလေးသော ပြစ်ဒဏ်များရှိသလို လျော့နည်း ပေါ့လျော့သောပြစ်ဒဏ်များလည်း တွေ့ရသည်။  
   
NUG စိုးမိုးနယ်မြေများတွင် GBV case များဖြစ်ပေါ်ပါက  နီးစပ်ရာ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ တိုင်ကြားနိုင်ပြီး MOJ, MOD, MOHR, MOHI, MOWYCA ဌာနများပေါင်းဖွဲ့ထားသော တိုင်ကြားရေး ယန္တရားဌာနသို့လည်း တိုင်ကြားနိုင်ပါသည်။ NUCCအဖွဲ့အဝင်/ အဖွဲ့အစည်းမှ GBV case အား ကျူးလွန်လျှင် PSHEA (Prevention of Sexual Harassment Exploitation and Abuse) Policy နှင့် ကိုင်တွယ်ဆောင်ရွက်ပါသည်။ ထိုနေရာများသို့ တိုင်၍ရသည်ဟုသာသိရှိရပြီး တရားမျှတမှု ရနိုင်ခြင်း/မရနိုင်ခြင်းနှင့် ပတ်သက်၍ ပြောဖို့ရန် ခက်ခဲပါသည်။

နယ်မြေလုံခြုံမှုအားနည်းသော အချိန်ကာလတွင် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ကြခြင်းမရှိကြပါ။ စိုးမိုးနယ်မြေများမဟုတ်သော အခြားဒေသများတွင် ပြစ်မှုကျူးလွန်သူများ ပိုမိုများပြားလာပြီး တိုင်ကြား ဖြေရှင်းပေးမည့် အဖွဲ့အစည်းများမရှိသလောက်ရှားသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ ရပ်ကွက်/မြို့နယ်တွင် လတ်တလော ဩဇာအာဏာရှိသူတစ်ဦးဦး၏ ဆုံးဖြတ်ချက်ကိုခံယူပြီးဖြေရှင်းဆောင်ရွက်တတ်ကြသည်။အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့အမှုမျိုးတွင် နိုင်ငံရေးအခြေအနေများကြောင့် ကွာရှင်းခွင့်မရကြသူများပင် အများအပြားဖြစ်လာကြသည်။

အခြားနိုင်ငံသို့ တရားမဝင်ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသမီးများ၊ ကလေးသူငယ်များသည်လည်း အဆိုပါနိုင်ငံ၏ဥပဒေအရ ကာကွယ်ပေးမှုအပြည့်အဝမရရှိကြပါ။ နယ်စပ်‌ ဒေသတွင် တရားမဝင် နေထိုင်ကြသူများအတွက်  ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းများရှိကြပါသည်။ ထိုအဖွဲ့အစည်းများသည် ကျူးလွန်သူအား တရားဥပဒေအရ အပြစ်ပေးနိုင်ရန် ကောင်းစွာ မဆောင်ရွက်နိုင်ဘဲ နစ်နာသူအတွက် လုံခြုံရေးအရ ခေတ္တခိုလှုံနိုင်ရန် safe house များ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာ‌ရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းများသာ ဆောင်ရွက်ပေးနိုင်ကြသည်။  
 
လက်ရှိကာလတွင် လွတ်မြောက်နယ်မြေအပါဝင် ပြည်တွင်းရှိ အမျိုးသမီးနှင့်ကလေးများအတွက် လိင်အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်မှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ အမျိုးသမီးများနှင့် ကလေး တစ်ဦးချင်းအတွက် လုံခြုံစိတ်ချရသော ခိုလှုံရာနေရာများ ထူထောင်ပေးနိုင်ရန် အရေးကြီးသည်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များအား GBV ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် လူ့အခွင့်ရေးအားလေးစားလိုက်နာမှုရှိရန် အသိပညာပေးသင်တန်းများ ပြုလုပ်ပေးရန်လိုပါသည်။

EAOs/EROs တို့အားလည်း GBV, CRSV  အကြောင်းတရားများနှင့်ပတ်သက်၍ ထိ‌ရောက်စွာ အရေးယူပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် စည်းရုံးလှုံဆော်ခြင်းများ ဆောင်ရွက်ရန်လိုပါသည်။ Conflict Area ရှိ အမျိုးသမီး၊ကလေးငယ်များအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အစားအစာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုများအား အတတ်နိုင်ဆုံးဆောင်ရွက်ပေးရန်လိုအပ်သည်။

အခက်အခဲများရှိနိုင်သော်လည်း ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်ပေးနိုင်သော ဥပဒေစနစ်များ ခိုင်မာစေရန် ကြိုးပမ်းရမည်။  GBV မှ ကာကွယ် ပေးနိုင်ရန် နိုင်ငံတကာအကူညီများ ရရှိအောင်ဆောင်ရွက်ရမည်။ လိင်ပိုင်းဆိုင်ရာနှိပ်စက်မှုကြောင့် စိတ်ဒဏ်ရာရရှိသူအမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးပေးနိုင်ရန် Hot Line များထားရှိဆောင်ရွက်ရမည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အာဏာပိုင်အဖွဲ့အစည်းများအား အားကိုး၍ မရနိုင်သော အခြေအနေဖြစ်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ ဖွဲ့စည်း၍ ကူညီဆောင်ရွက်ပေးနိုင်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် Conflict Area များမှ အမျိုးသမီး ကလေးသူငယ်များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရန် မဟာဗျူဟာများ၊ စီမံချက်များချမှတ်၍ အရေးတကြီး လုပ်ဆောင်ရန် အရေးကြီးပါသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်ခိုလှုံနေထိုင်သော အမျိုးသမီး ကလေးသူငယ်များ၊ ရွှေ့ပြောင်းအလုပ်သမားအတွက် လိင်အကြမ်းဖက်ခံရမှုများကြုံတွေ့ရပါက ထိုင်းနိုင်ငံအနေဖြင့် လူသား ချင်းစာနာထောက်ထားသောအားဖြင့် ကူညီဆောင်ရွက်ပေးရန် NUG အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ စည်းရုံးလှုံဆော်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ 

“မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံရှိလူမျိုးစုအားလုံး၏ ဓလေ့ထုံးတမ်းအားလုံးသည် အမျိုးသားဦးစားပေးစနစ် ဖြစ်ကြသည်”

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကျဆုံးသွားသည်နှင့် တပြိုင်နက်  အမျိုးသမီးများအား ခွဲခြား ဆက်ဆံမှုပါ တစ်ပါတည်း ပြီးဆုံးသွားရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု အကြောင်းအရင်းသည် ပို၍နက်ရှိုင်းကျယ်ပြန့်သည်။ မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံရှိလူမျိုးစုအားလုံး၏ ဓလေ့ထုံးတမ်းအားလုံးသည် အမျိုးသားဦးစားပေးစနစ် ဖြစ်ကြသည်။ အမျိုးသမီးများအား တဆင့်နိမ့် ထားကြသည်။ အမျိုးသမီးများ၏အခြေခံအခွင့်ရေးများသည်ပင် ငြင်းပယ်ခံနေရခြင်း ဖြစ်ပါသည်။ အများပြည်သူဘဝများနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် စစ်တပ်မှ နှစ် (၇၀) ကျော်တိုင်အောင် လွှမ်းမိုးချုပ်ကိုင် ထားသည့်အတွက် အစိုးရအုပ်ချုပ်ရေး နေရာများတွင် အမျိုးသမီးများ ပါဝင်နိုင်ခြင်းသိပ်မရှိခဲ့ပေ။

နိုင်ငံရေးအရ ခြိမ်းခြောက်ရန်နှင့် ယဉ်ကျေးမှုအရဖျက်ဆီးရန် စစ်တပ်မှ မုဒိန်းကျင့်ခြင်းအား လက်နက်သဖွယ် အသုံးပြုနေခြင်းသည် အမျိုးသမီးများအားထိခိုက်နစ်နာစေသော လူ့အခွင့်ရေးချိုးဖောက်မှုများဖြစ်သည်။လာမည့်အနာဂတ်တွင် နိုင်ငံသားအားလုံး၏ အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တစ်ခုကို  အလေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်ပါသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသည်  လူမှုအသိုင်းအဝိုင်းတစ်ခု၏နိုင်ငံရေးနှင့် ဥပဒေရေးရာစနစ်များတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သည်။ ကျား၊ မတန်းတူညီမျှမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံခြင်းမရှိပါက တရားဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူညီမျှရှိသည်ဟူသောအချက်မှာ အဓိပ္ပာယ်ပြည့်ဝလိမ့်မည် မဟုတ် ပါ။
 
 
စစ်အာဏာရှင်အား တော်လှန်ရင်းကျားမခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရန် တပြိုင်တည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ၏ဝန်ကြီးဌာနများ တွင် ဦးဆောင်သူအမျိုးသမီးများပါဝင်လာသည်မှာ ကောင်းမွန်သော လမ်းကြောင်းတစ်ခုအပေါ်သို့ ရောက်ရှိ နေသည်ဟုယုံကြည်မိပါသည်။ EROS အဖွဲ့အစည်းများတွင်တော့ အမျိုးသမီးဦးဆောင်မှုအား အနည်းငယ်မျှသာ တွေ့ရှိနိုင်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစနစ်ကိုသွားရာတွင် တိုင်းရင်းသားနယ်မြေဒေသများအတွက် အမျိုးသမီးခေါင်းဆောင်များ များစွာပေါ်ထွက်လာပြီး အမျိုးသမီး အခွင့်အရေးများအား အပြည့်အဝကာကွယ်နိုင်ကြရန် အ‌ရေးကြီးပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများတွင်  အမျိုးသမီး ကိုယ်စားပြုကိုယ်စားလှယ်များ ပါဝင်သင့်သည်။ 

            ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် အကျဉ်းစခန်းနှင့် အခြားနေရာများတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အစုအဖွဲ့များမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင်လည်း အမျိုးသမီးအများစု မှာ ထိခိုက်အနစ်နာရဆုံး ဖြစ်သည်။ CRSV အား တားဆီးရန်နှင့် တုံ့ပြန်ရန်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း မြေပြင်မှ သတင်းများ အားရယူသည့် နေရာတွင် အားနည်းချက်များစွာ ရှိနေသည်။ပဋိပက္ခကာလအတွင်း အကြမ်းဖက်မှုနှင့် ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်အများအပြားတို့မှာ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများအား ကြောက်ရွံ သဖြင့် ထုတ်ဖော်မပြောရဲကြပါ။

ထို့ကြောင့် အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနေဖြင့်လည်း အကြမ်းဖက်ခံရသောနစ်နာသူ အမျိုးသမီးများအား လူ့အခွင့်အရေးနှင့်အညီ အပြည့်အဝကာကွယ်ကူညီပေးရန် အရေးကြီးသည်။ ထို့အပြင် စနစ်တကျစစ်တမ်းကောက်ယူ၍   မှတ်တမ်း ပြုစုထားရှိရန်မှာလည်း အရေးကြီးပါသည်။

            အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်ထွက်ပြေးတိမ်းရှောင်လာသော အမျိုးသမီး၊ ကလေးသူငယ်များ အတွက်လည်း အကာကွယ်များဆောင်ရွက်ပေးရန် အ‌ရေးကြီးသည်။ CSO များ NGOs အဖွဲ့အစည်းများ အနေဖြင့် ပါဝင်ဆောင်ရွက်နေသော်လည်း ထိရောက်သော လုပ်ဆောင်မှုအား အားရဖွယ်မတွေ့ရပေ။

            ထိုင်းအစိုးရ အသိအမှတ်ပြု ထိုင်းအခြေစိုက်  NGOs အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်။ ထို့အပြင်ထိုင်းလူမျိုးများအား စည်းရုံးသိမ်းသွင်းရေး လုပ်ငန်းစဉ်များလည်းဆောင်ရွက်သင့်သည်။ တပြိုင်နက်တည်းအနေဖြင့် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုနှင့်ဥပဒေများအား မြန်မာလူမျိုးများသိရှိနိုင်အောင် အသိပညာများမျှဝေပေးသည့်လုပ်ငန်းများ ဆောင်ရွက်သင့်ပါသည်။ အကြမ်းဖက်မှုတစ်မျိုးမျိုးခံရပါက  ဆက်သွယ်တိုင်ကြားနိုင်သော နေရာများအား တွင်တွင်ကျယ်ကျယ်သိရှိနိုင်အောင် ဆောင်ရွက်ကြရမည်။

             အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည်မှာ (၃) နှစ်ကျော် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မတွေးခဲ့ဖူးသောအခြေအနေ ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်ရင်းဖြင့် တချိန်တည်းမှာပင် ကျား-မခွဲခြားမှုများနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရန်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားကြဖို့ပင် ဖြစ်ပါတော့သည်။



အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments

5/2/2025 0 Comments

အမျိုးသမီးခေါင်းဆောင်သစ်များ မြှင့်တင်ရေး

Picture
ရေးသားသူ- နံ့သာဖြူ

 
​
အမျိုးသမီးအသံ အမျိုးသမီးအသံ စာစဉ်အမှတ် (၄) မှ ကောက်နုတ်ဖော်ပြသည်။ 
​

နိဒါန်း
-----


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့သည့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးထု၏ ပါဝင်မှုသည် သမိုင်းတွင်လောက်အောင် အားကောင်းခဲ့ပြီး၊ တော်လှန်ရေး၏ အဓိကမောင်းနှင်အား တစ်ခုအဖြစ် တည်ရှိနေပါသည်။ အထူးသဖြင့် CDM လှုပ်ရှားမှု၊ သပိတ်စစ်ကြောင်းများ၊ ထောက်ပို့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများတွင် အမျိုးသမီးများ၏ပါဝင်မှုသည် သိသာထင်ရှား ပါသည်။ ထိုမျှသာမက လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အမျိုးသမီးအင်အား မနည်းလှပေ။ ရှေ့တန်းစစ်မြေပြင်၊ နောက်တန်းဆေးမှူး၊ ဒရုန်းတပ်ဖွဲ့၊ စနိုက်ဘာ စသည့်တာဝန်များကို အမျိုးသမီးများလည်း ထမ်းဆောင်နေပါသည်။

သို့သော် ထိုသို့တက်ကြွစွာပါဝင်နေသော်လည်း အဓိကဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှုမှာ လိုအပ်ချက်များစွာ ရှိနေပါသည်။ ဥပမာအားဖြင့် NUG အစိုးရ၏ ဝန်ကြီးနေရာများ၊ PDF နှင့် EAO များ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် အမျိုးသမီးပါဝင်မှု အချိုးအစားမှာ ၃၀% ကိုပင် မပြည့်မီသေးပေ။ ထို့အပြင် ဒေသန္တရအုပ်ချုပ်ရေးပိုင်းတွင်လည်း အမျိုးသမီးခေါင်းဆောင်များပါဝင်မှု နည်းပါးနေဆဲ ဖြစ်သည်။

လက်ရှိနွေဦးတော်လှန်ရေးနှင့် အသွင်ကူးပြောင်းမှုကာလတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အထူးအရေးပါလာပါသည်။ အဘယ်ကြောင့်ဆိုသော် -

၁။ ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အမျိုးသမီးများ၏ပါဝင်မှုသည် ရေရှည် တည်တံ့သော အဖြေရှာမှုကို ဖော်ဆောင်နိုင်သည်ဟု နိုင်ငံတကာ လေ့လာမှုများက ညွှန်ပြနေခြင်း။

၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ခိုင်မာစေရန် အမျိုးသမီးများ၏ ထူးခြားသော ရှုထောင့်နှင့် အတွေ့အကြုံများ လိုအပ်ခြင်း။

၃။ လူမှုစီးပွားရေး ပြန်လည်ထူထောင်ရာတွင် အမျိုးသမီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ဆန်းသစ် တီထွင်မှုများ အရေးပါခြင်း။

၄။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အမျိုးသမီး ခေါင်းဆောင်များ၏ ညှိနှိုင်းဆောင်ရွက်နိုင်မှု စွမ်းရည်များ လိုအပ်ခြင်းတို့ကြောင့် ဖြစ်သည်။

သို့သော် လက်ရှိတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေပါသည်။ ရိုးရာဓလေ့ထုံးတမ်းများ၏ ကန့်သတ်မှု၊ ပညာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ကန့်သတ် ခံရမှု၊ လိင်ဖြစ်တည်မှုအပေါ် ခွဲခြားမှု၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက် များက အဟန့်အတားများ ဖြစ်နေပါသည်။

ထင်သာမြင်သာရှိသော စိန်ခေါ်ချက်များမှာ - မိသားစုရှုထောင့်အရ (၁) အမျိုးသမီးများသည် အိမ်ထောင်ရေးနှင့် မိသားစုတာဝန်ကိုသာ ဦးစားပေးသင့်သည်ဟူသော အမြင်များ၊ (၂) အများပြည်သူရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် မိသားစု၏ သဘောတူမှုခွင့်ပြုချက် လိုအပ်ခြင်း၊ (၃) အိမ်ထောင်ရေးနှင့် ခေါင်းဆောင်မှုကို တွဲဖက်လုပ်ဆောင်ရန် အခက်အခဲရှိသည်ဟု ယူဆခြင်း တို့ဖြစ်သည်။

ဘာသာရေးဆိုင်ရာ သက်ရောက်မှုများမှာ - အချို့သော ဘာသာရေးအယူအဆများက အမျိုးသမီးများ ၏ခေါင်းဆောင်မှုကို ကန့်သတ်ခြင်း၊ ရိုးရာဓလေ့အရ အမျိုးသမီးများ မပါဝင်သင့်သော နယ်ပယ်များ သတ်မှတ် ထားခြင်း၊ ဘာသာရေးခေါင်းဆောင်များ၏ပံ့ပိုးမှု မရရှိခြင်း၊ မိရိုးဖလာ  ကန့်သတ်မှုများရှိခြင်း တို့ဖြစ်သည်။

လူမှုရေးဆိုင်ရာ စံသတ်မှတ်ချက်များအရ - (၁) အမျိုးသမီးများ၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများအပေါ် တင်းကျပ်သော စံနှုန်းများ ထားရှိခြင်း၊ (၂) အိမ်ပြင်ထွက်၍ လှုပ်ရှားမှုများကို လူမှု အသိုင်းအဝိုင်းက မလိုလားခြင်း၊ (၃) ညအချိန် အစည်းအဝေးများ၊ ခရီးသွားလာခြင်းများကို ကန့်သတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုများရှိခြင်း တို့လည်း ရှိသည်။

ခေါင်းဆောင်မှုသည် အမျိုးသားများနှင့်သာ သင့်တော်သည်ဟု ယူဆခြင်း၊ အမျိုးသမီးများသည် ခံစားချက်အလိုက် ဆုံးဖြတ်တတ်သည်ဟု မှတ်ယူခြင်း၊ အမျိုးသမီးများသည် ခက်ခဲသော ဆုံးဖြတ်ချက်များ မချနိုင်ဟု ယူဆခြင်း၊ အမျိုးသမီးများသည် တွေဝေပျော့ညံ့တတ်သည်ဟု ယူဆခြင်း စသည့် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ကျားမခွဲခြားသော အမြင်များလည်း လက်ရှိအချိန်အထိ လွှမ်းမိုးလျက်ရှိသည်။

လုပ်ငန်းခွင်တွင်လည်း အရေးကြီးသော တာဝန်များကို အမျိုးသားများကိုသာ ပေးအပ်ခြင်း၊ အမျိုးသမီး ခေါင်းဆောင်များအား လစာနှင့် အခွင့်အလမ်းများတွင် ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးများ၏ အရည်အချင်းကို အမြဲတမ်း သံသယဖြင့် ကြည့်ခြင်း၊ အမျိုးသမီးများကို ယုံကြည်စွာတာဝန်ပေးအပ်မှုမရှိခြင်း၊ အိမ်ထောင်ရှင် အမျိုးသမီးနှင့် တကိုယ်ရည်အမျိုးသမီး ခွဲခြားခြင်း စသည်တို့ကိုလည်း ကြုံတွေ့ရသည်။

မီဒီယာတွင် အမျိုးသမီးဦးဆောင်မှုနှင့် ပတ်သက်၍ ဖော်ပြမှုနည်းခြင်း၊ အမျိုးသမီးခေါင်းဆောင်များ အကြောင်း တင်ပြရာတွင် ပုဂ္ဂိုလ်ရေးဘဝကိုသာ အလေးပေးခြင်း၊ အမျိုးသမီးများ၏  အားနွဲ့မှု၊ အားနည်းချက် များကိုသာ မီးမောင်းထိုးဖော်ပြခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် အလွန်အမင်း အာရုံစိုက်ခြင်း၊ အိမ်တွင်းမှုလက်မှုပညာတို့နှင့် အမျိုးသမီးများကို တွဲမြင်စေခြင်းတို့ကို မြင်တွေ့ရတတ်သည်။

နိုင်ငံရေးရာကိစ္စများတွင် လက်ရှိအချိန်အထိ ထည့်သွင်းစဉ်းစားခံရမှု နည်းပါးခြင်း၊ ပါတီခေါင်းဆောင် နေရာများတွင် ရွေးချယ်ခံရန် အခွင့်အလမ်း နည်းပါးခြင်း၊ မဲဆန္ဒရှင်များ၏ ယုံကြည်မှု ရယူရန် ပိုမိုကြိုးစား ရခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်။ အထင်ရှားဆုံးစိန်ခေါ်ချက်မှာ အမျိုးသမီးနှင့် နိုင်ငံရေးသည် ဝေးကွာ နေဆဲဖြစ်သည်။ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို လျစ်လျူရှုခံနေရဆဲ ဖြစ်သည်။ လူဦးရေအချိုးအစား အများဆုံးဖြစ်သော အမျိုးသမီးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ရွေးချယ်ခွင့်၊ ကိုယ်စားပြုခွင့်သည် လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲပင်။

လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးကာလများတွင် နိုင်ငံရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် အားစိုက်လုပ်ဆောင်ရန် အရေးကြီးသည့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် စနစ်တကျ လုပ်ဆောင်ရန် လိုအပ် လျက်ရှိပါသည်။

အမျိုးသမီးခေါင်းဆောင်သစ်များ လုံလောက်အောင်ထွက်ပေါ်လာရေးအတွက် စနစ်တကျ လုပ်ဆောင် သင့်သည်။ လက်ရှိတော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသည့် မတူကွဲပြားသော နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၊ ကျေးရွာအသီးသီးမှ ဦးဆောင်နိုင်စွမ်းရှိသူများကို ဖော်ထုတ်စုစည်းကာ နိုင်ငံရေးသင်တန်းများ၊ ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသင်တန်းများပေးခြင်း၊ နိုင်ငံရေးအသိပညာနှင့် ဗဟုသုတများ မျှဝေခြင်း၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိအောင် စီစဉ်ပေးခြင်း၊ ယုံကြည်မှုရရှိအောင် စိတ်ခွန်အားပေးခြင်း တို့ကို လုပ်ဆောင်ပေးရန် လိုအပ်သည်။

ထို့ပြင် အမျိုးသမီးခေါင်းဆောင်အချင်းချင်း တွေ့ဆုံဆွေးနွေးခွင့်များ ဖန်တီးပေးခြင်း၊ အတွေ့အကြုံ ရှိသော နယ်ပယ်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်များနှင့် ချိတ်ဆက်ပေးခြင်း၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ပေါင်းကူးပေးခြင်း၊ သမိုင်းမှ အမျိုးသမီးခေါင်းဆောင်များအကြောင်းကိုမိတ်ဆက်ပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးရန် လိုသည်။

အမျိုးသမီးခေါင်းဆောင်သစ်များကို လူထုအကျိုးပြု စီမံကိန်းများကို ရေးဆွဲစေကာ ဦးဆောင်မှုအခန်း ကဏ္ဍများတွင် ပါဝင်ခွင့်ရရှိလာရန် အခွင့်အလမ်းများကို ဖန်တီးပေးရန်လည်း လိုအပ်သည်။ လုပ်ငန်းအတွေ့ အကြုံများမှ ရရှိလာသော အတွေးအမြင်သစ်များနှင့် အမျိုးသမီးများ၏ ဦးဆောင်မှုအသစ်သစ်ကို ဖန်တီး လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ အမျိုုးသမီးခေါင်းဆောင်သစ်များ၏ ဦးဆောင်မှုရလဒ်များကို အမြဲတစေ ပြန်လည်သုံးသပ်ပေးခြင်းဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းအားဖြည့်ပေးသွားရမည် ဖြစ်သည်။ အမျိုးသမီး များကိုယုံကြည်စွာ တာဝန်ပေးအပ်ခြင်း၊ အောင်မြင်မှုများကိုအသိအမှတ်ပြုပေးခြင်း၊ နောက်ထပ် တာဝန်များ ပေးအပ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးရပါမည်။

ထို့ပြင် အမျိုးသမီးခေါင်းဆောင်များ အမြဲဆက်လက်ပေါ်ထွက်လာရေးအတွက် စနစ်တကျ စီမံကိန်း ရေးဆွဲကာ လိုအပ်သော အရင်းအမြစ်များ လက်လှမ်းမီအောင် အစဉ်တစိုက်ဆောင်ရွက်ပေးရန်လည်း လိုသည်။ ထို့ပြင် နောက်ပြန်မလှန်ကျစေရန် ရေရှည်ထိန်းသိမ်းနိုင်မည့် ယန္တရားများကို တည်ဆောက်ထားရန်လည်း လိုအပ်သည်။ လူမှုအသိုင်းအဝိုင်း၏ တရားသေသတ်မှတ်ချက်အမြင်များကိုလည်း ပြောင်းလဲပေးရန် လိုအပ်သည်။  ဦးဆောင်မှုတွင် ပါဝင်လာသော အမျိုးသမီးများအနေဖြင့် ကြုံတွေ့ရနိုင်မည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအဝင် လိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးမှုများ၊ အကြမ်းဖက်မှုများကို ကိုယ်တွယ် ဖြေရှင်းနိုင်ရန် စီမံမှုများ လိုအပ်သည်။စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများလည်းဆောင်ရွက်ပေးသင့်သည်။

အမျိုးသမီးခေါင်းဆောင်သစ်များ မြှင့်တင်ရေးသည် ရိုးရှင်းသော လုပ်ငန်းစဉ်တစ်ခု မဟုတ်ပေ။ စနစ်တကျ စီမံချက်ရေးဆွဲခြင်း၊ လိုအပ်သော အရင်းအမြစ်များ စုစည်းခြင်း၊ စဉ်ဆက်မပြတ် အကောင်အထည် ဖော်ခြင်းတို့ဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ တည်ဆောက်ကြရမည် ဖြစ်ပါသည်။

“လက်ရှိနွေဦးတော်လှန်ရေးအပါအဝင် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးကာလများတွင် နိုင်ငံရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးတွင် အမျိုးသမီးခေါင်းဆောင်သစ်များ ပေါ်ထွက်လာရေးအတွက် အားစိုက်လုပ်ဆောင်ရန် အရေးကြီးသည့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်သည်”


အမျိုးသမီးအသံ အမျိုးသမီးအားမာန် စာစဉ် (၄) ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါပြီ။ 
https://drive.google.com/file/d/1f-_wechUEdOGmJdkvswVAWYQ7WKpDwYW/view?usp=sharing



#politicsforwomenmyanmar
#whatishappeninginmyamar
#Advocacy
#politics
#media

0 Comments
<<Previous
Site powered by Weebly. Managed by Porkbun